OnePlus 7 Pro နဲ့သိပ်တော့ မကွာပါဘူး
Nyein Min Wai

OnePlus ရဲ့ ၂၀၁၉ နောက်ဆုံးမော်ဒယ်ဖြစ်တဲ့ OnePlus 7T Pro ကတော့ flagship ဖုန်းတစ်လုံးရဲ့ အင်္ဂါရပ်တွေနဲ့ပွဲထွက်လာပြီ ဖြစ်ပါတယ်။

T-Series မော်ဒယ်တွေဟာ OnePlus ရိုးရိုးတွေထက် ပိုပြီး အဆင့်မြင့်တဲ့ ဖုန်းတွေပါ။ ဒါပေမယ့် OnePlus 7T Pro ဟာ OnePlus 7 Pro နဲ့ပြောလောက်အောင် ကွာတဲ့ အချက် သိပ်မရှိပါဘူး။ အရွယ်အစားအားဖြင့် ၆.၆၇ လက်မ AMOLED display နဲ့ပဲ လာမှာ ဖြစ်ပြီး ရုပ်ထွက်ကလည်း 3120 x 1440p ပဲ ဖြစ်ပြီး glass body နဲ့ပဲ လာတာပါ။

Photo: moneycontrol

display ကိုလည်း OnePlus နောက်ထွက် flagship တွေအတိုင်း 90Hz screen အမြင့်စားနဲ့လာပြီး pop-up ဆယ်လ်ဖီကင်မရာသုံးထားတဲ့ bezel-less ဒီဇိုင်း သုံးထားပါတယ်။ အားသွင်းတဲ့ စနစ်မှာ Warp Charge 30T ဆိုပြီး T ဗားရှင်းနဲ့လာတာ ဖြစ်လို့OnePlus 7 Pro မှာ သုံးထားတဲ့ ရိုးရိုး Warp Charge 30 ထက် အားသွင်းမှုမှာ ၂၃% ပိုမြန်ပါတယ်။ ဘက်ထရီပါဝါကတော့ 4080 mAh ဖြစ်ပါတယ်။

OnePlus တွေထဲမှာ ဖုန်းတွေထဲမှာ အသွက်ဆုံး ဆိုတဲ့ Processor ကို သုံးထားတာပါ။။ OnePlus 7T Pro မှာဆို 2.96Hz Snapdragon 855+ processor သစ်ဖြစ်လို့ 2.84GHz Snapdragon 855 SoC ထက် ပိုသွက်ပါတယ် ။ နောက်တစ်ခုက Snapdargon 855+ မှ သုံးထားတဲ့ Adreno 640 GPU ဟာ ရိုးရိုး Snapdragon 855 SoC ရဲ့ GPU ထက် ၁၅% ပိုမြန်ဆန်ပါတယ်။

OnePlus 7T Pro ဟာ RAM 8GB တစ်မျိုးတည်းနဲ့လာပြီး McLaren Edition မှာဆို 12GB အထိ လာပါတယ်။ Storage ကတော့ 256GB ဖြစ်ပြီး UFS 3.0 storage စနစ် သုံးထားတာပါ။ ကင်မရာမှာတော့ သိပ်အပြောင်းအလဲ မရှိပါဘူး။ OnePlus 7 Pro မှာလို triple lens နဲ့လာပြီး OIS နဲ့EIS ရုပ်ငြိမ်စနစ်တွေ ပါဝင်တဲ့ Sony IMX586 sensor ပါ 48MP ကင်မရာ ၊ OIS ရုပ်ငြိမ်စနစ်နဲ့ 3x optical zoom ဆွဲနိုင်မယ့် 8MP ကင်မရာ ၊ ၁၁၇ ဒီဂရီ 16MP wide angle ကင်မရာတွေ သုံးသွားပါတယ်။

Photo: XDA-Developers

OnePlus 7 Pro မှာ နာမည်ကြီးခဲ့တဲ့ HDR+ နဲ့Super Resolution တွေ ပံ့ပိုးပေးထားတဲ့ OnePlus UltraShot Engine စနစ် ပါပြီး Nightscape လည်း ပိုပြီး မြန်လာတယ်လို့ဆိုပါတယ်။ အပြောင်းအလဲတစ်ခုက OnePlus 7T မှာ ပါတဲ့ macro mode ပါလာပါတယ်။ရှေ့ကင်မရာကလည်း အပြောင်းအလဲမရှိ 16MP pop-up ကင်မရာပဲ ဖြစ်ပြီး ဆယ်လ်ဖီဆွဲနေတုန်း ဖုန်းလွတ်ကျတာနဲ့ဖုန်းထဲကို အလိုအလျောက်ပြန်ဝင်သွားမယ့် Auto Falling Detection စနစ် ပါဝင်မှာပါ။

Android 10 ကို အခြေခံထားတဲ့ OxygenOS 10 တင်ထားတဲ့ ဖုန်းတွေ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့OnePlus 7 Pro အတိုင်း ယူရို ၇၆၀ ဈေးနဲ့ပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့မှာ ရောင်းမယ့် OnePlus 7T Pro McLaren Edition ကိုတော့ ယူရို ၈၆၀ ဈေးသတ်မှတ်ထားပါတယ်။


က္က