Vivo NEX 3 5G ကို နည်းနည်း အဆင့်မြှင့်ထားတာပါ
Nyein Min Wai

Snapdragon 865 processor သုံးလာတဲ့ ပထမဆုံး Vivo ဖုန်းကို ဈေးကွက်မှာ မိတ်ဆက်လာပြီ ဖြစ်ပါတယ်။



Vivo NEX 3S 5G ဟာ Vivo NEX 3 5G ကို ဆက်ခံလာတဲ့ မော်ဒယ်ဖြစ်ပြီး ဒီဇိုင်းနဲ့ display အပြောင်းအလဲ မရှိဘဲ အတွင်းပိုင်း specs တစ်ချို့ပဲ အဆင့်မြှင့်လာတာပါ။ မျက်နှာပြင်အရွယ်အစားကိုလည်း Vivo NEX 3 အတိုင်း ၆.၈၉ လက်မ FHD+ Waterfall display သုံးထားတာပါ။


Photo: GSMArena

နှစ်ဘက်ဘေးဘောင်တွေ ကွေးညွှတ်ထားတဲ့ Waterfall display နဲ့ Pop-Up selfie ကင်မရာကြောင့် မှန်ပြင်နဲ့ ကိုယ်ထည်အချိုးအစားဟာ ၉၉.၆% ရှိထားတယ်လို့ ဆိုပါတယ်။ လက်ဗွေစနစ်ကိုလည်း ဖုန်း display အောက်မှာပဲ ထည့်သွင်းထားတာပါ။

Vivo NEX 3S 5G မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုက 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ Snapdragon X55 modem (SA/NSA ကွန်ရက်နှစ်မျိုးစလုံးပံ့ပိုးနိုင်) ပါရှိတဲ့ Snapdragon 865 SoC သုံးလာတာပဲ ဖြစ်ပါတယ်။ memory/storage မြန်နှုန်းပိုမြင့်တဲ့ 12GB LPDDR5 RAM နဲ့ 512GB UFS 3.1 storage အထိ သုံးလာပါတယ်။

ကျောဘက်စက်ဝိုင်းပုံ ကင်မရာထဲမှာ အရင်မော်ဒယ်အတိုင်း 64MP main sensor ၊ 13MP ultra-wide lens နဲ့ 2x optical zoom ဆွဲရိုက်နိုင်မယ့် 13MP tele lens ဆိုပြီး ကင်မရာသုံးလုံး ပါရှိပြီး ရှေ့ဘက်မှာ 16MP Pop-up ကင်မရာ ပါရှိပါတယ်။

Photo: pocketnow

Vivo NEX 3S 5G ဟာ Android 10 ကို အခြေခံထားတဲ့ Funtouch OS 10 နဲ့ လာပြီး 44W fast charging ပံ့ပိုးထားတဲ့ 4500mAh ဘက်ထရီ သုံးထားပါတယ်။ တရုတ်ဈေးကွက်မှာ မတ်လ ၁၄ ရက်နေ့က စပြီး RAM 8GB/256GB storage ဗားရှင်းကို ၄၉၉၈ ယွမ် (မြန်မာငွေ ၉ သိန်းခွဲခန့်) နဲ့ အမြင့်ဆုံးမော်ဒယ် RAM12GB/512GB storage ကို ၅၂၉၈ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က