Quad Lens , SDG 865 SoC etc
Nyein Min Wai

Meizu ကတော့ ကုမ္ပဏီရဲ့ flagship ဖုန်းသစ်မှာ စိတ်ဝင်စားစရာ featuresတွေ ထည့်သွင်းလာပြီ ဖြစ်ပါတယ်။

   Meizu ကို flagship နယ်ပယ်မှာ သိပ်အကြိုက်ကြီး မဟုတ်ကြပေမယ့် ဒီဇိုင်းဆန်းသစ်မှုမှာတော့ Meizu ဖုန်းတွေဟာ အသိအမှတ်မပြုမိဘဲ မနေနိုင်အောင် ဆွဲဆောင်မှု ရှိကြပါတယ်။ Meizu 17 နဲ့ 17 Pro သစ်တွေမှာ ကုမ္ပဏီရဲ့ Unique ဖြစ်တဲ့ ဒီဇိုင်းကို ပိုမြင်သာစေပါတယ်။ ၆.၆ လက်မ Super AMOLED display ဟာ 90Hz refresh သုံးထားပြီး Meizu ရဲ့ ပထမဆုံး Punch-hole ကင်မရာပေါက်ပါ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။။

Photo: Andatech

   အမြင်အာရုံပိုင်းမှာ အနှောင့်အယှက် ဖြစ်မှု အနည်းဆုံး ဖြစ်စေဖို့ ညာဘက်အပေါ်ထောင့်မှာ punch-hole ကင်မရာ ထည့်ထားတာပါ။ Meizu 17 ဟာ စတီရီယိုစပီကာတွေကိုလည်း အရင် Meizu 16 စီးရီးထက် ၃၀% ပိုကောင်းအောင် မြှင့်ထားတယ်လို့ဆိုပါတယ်။

   ဖုန်းနှစ်မျိုးစလုံးဟာ SA/NSA 5G support ပေးထားတဲ့ Snapdragon 865 5G processor နဲ့ လာပါတယ်။ 5G ကွန်ရက် သုံးချိန်မှာ ဘက်ထရီသက်တမ်းပိုကောင်းစေဖို့ mSmart 5G နည်းပညာသုံးထားပါတယ်။ mSmart 5G စနစ်ဟာ ပုံမှန် 5G mode ထက် စာရင် special mode ဖွင့်ထားချိန်မှာ ၄ နာရီ ၂၅ မိနစ်အထိ ပိုအသုံးခံမယ်လို့ ဆိုပါတယ်။

   Meizu 17 ဟာ RAM 8GB/ 265GB UFS 3.1 storage နဲ့ လာပါတယ်။ Pro မော်ဒယ်မှာ RAM ကို LPDDR5 သစ်နဲ့ ထွက်လာတာပါ။ ဖုန်းနှစ်လုံးစလုံးဟာ 30W Super mCharge အမြန်အားသွင်းနည်းပညာ နဲ့ 27W wireless charging သုံးပြီး 4500mAh ဘက်ထရီနဲ့ လာပါတယ်။ ဂိမ်းစွမ်းဆောင်ရည် ပိုမြှင့်ဖို့ mEngine 3.0 စနစ်နဲ့ UI သုံးစွဲမှု သိသိသာသာ ပိုကောင်းစေမယ့် One Mind Ai 4.0 စနစ် ပါရှိပါတယ်။   

   ကျောဘက်မှာ 64MP Sony IMX686 sensor ပင်မကင်မရာပါ အလျားလိုက်လေးလုံးတွဲ ကင်မရာ ဒီဇိုင်း သုံးထားပါတယ်။ ကင်မရာ sensor အနေနဲ့ Pro မော်ဒယ်မှာ 8x lossless zoom ဆွဲရိုက်နိုင်မယ့် 8MP tele lens ၊ 32MP ultrawide lens နဲ့ AR content တွေနဲ့ depth data တွေ ဖမ်းယူဖို့ သုံးနိုင်တဲ့ Samsung ရဲ့ S5K3 3D ToF ကင်မရာတွေ ပါရှိပါတယ်။ ရိုးရိုးမော်ဒယ်မှာ 12MP wide lens ၊ 8MP ultrawide နဲ့ 5MP macro unit သုံးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ ရှေ့ဘက် punch-hole ထဲမှာ 20MP selfie ကင်မရာ သုံးထားပါတယ်။


Photo: GSMArena

   ဖုန်းနှစ်လုံးစလုံးဟာ Android 10 အခြေခံ Flyme 8.1 စနစ် ပါရှိပါတယ်။ Pro မော်ဒယ်ဟာ အဖြူ ၊ အနက်နဲ့ အစိမ်းဖျော့ သုံးရောင်နဲ့ လာပြီး ပရီမီယံ Ceramic Body ပါရှိပါတယ်။ ရိုးရိုးမော်ဒယ်မှာတော့ အစိမ်း ၊ မီးခိုးနဲ့ အဖြူကာလာတွေနဲ့ ထွက်ထားပြီး RAM 8GB/128GB storage ကို ၃၆၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) ၊ RAM 8GB/256GB storage ကို ၃၉၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၉ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။

   Pro မော်ဒယ် RAM 8GB/128GB storage ဗားရှင်းကို ၄၂၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခွဲခန့်) နဲ့ RAM 12GB/256GB storage ကို ၄၆၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၃ သောင်းခန့်) ဈေး သတ်မှတ်ထားပါတယ်။



Author


က္က