stable Version ကတော့ စောင့်ရဦးမှာပါ
Nyein Min Wai

     PUBG Mobile ပလေယာတွေ မျှော်လင့်နေတဲ့ Zombie mode ကို ဗားရှင်းသစ်မှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ။်

Photo: BGR

         PUBG နဲ့Resident Evil 2 တို့ပေါင်းထားတဲ့ အကျိုးဆက်ကနေ RE2 : Sunset ဆိုတဲ့ zombie mode ပါလာတာပါ။ ဒီ mode ဟာ Erangel map နောက်ခံထားပြီး အချိန် အကန့်အသတ်နဲ့ဆော့ရတာ ဖြစ်ပြီး Resident Evil 2 ထဲက Bosses နဲ့Zombies တွေကို Erangel map မြေပုံမှာ တွေ့ရမှာ ဖြစ်ပါတယ်။

         ဇွန်ဘီးတွေကို သတ်လိုက်တိုင်း ပလေယာတွေမှာ resources တွေ ရလာမှာပါ။ RE2: Sunset မှာ ဇွန်ဘီး theme နဲ့အတူ နောက်ခံသီချင်း music လည်း ထည့်ထားပါတယ်။ ဇွန်ဘီးတွေနဲ့Erangel မြေပုံမှာ သတ်ဖြတ်ရမှာ ဖြစ်ပြီး time-limit နဲ့ဆော့ရတာ ဖြစ်လို့ပိုပြီး စိတ်လှုပ်ရှားရမှာပါ။

         နောက်အပြောင်းအလဲတစ်ခုက Vikendi နှင်းမြေပုံမှာ PC ဗားရှင်းပဲ ထွက်ထားတဲ့ Moonlight mode ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ PC feature သစ်တစ်ခုအနေနဲ့safe zone နဲ့ဝေးတာနဲ့damage ပိုများစေမယ့် စနစ် ပါလာပြီး Sanhok နဲ့Vikendi တို့မှာ လေကြောင်း စီးနင်းတိုက်ခိုက်တဲ့ ဧရိယာကို safe zone ဧရိယာနဲ့လိုက်ပြီး ချိန်ညှိပေးမယ့် Air raid adjustment လည်း ပါဝင်လာမှာပါ။

         လောလောဆယ်မှာ beta ဗားရှင်းပဲ ထွက်ထားပြီး stable ဗားရှင်းထွက်ချိန်မှာ နောက်ထပ် updates တွေလည်း ပါဝင်လာဖို့ရှိပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က