VIMIC က စင်ကာပူအခြေစိုက် ကုမ္မဏီတစ်ခုဖြစ်ပါတယ်။
 

မြန်မာနိုင်ငံမှာ Digital ကဏ္ဍကို ဦးဆောင်နေတဲ့ အတိုင်ပင်ခံအဖွဲ့ Nexlabs မှာ (Vulpes Innovative Myanmar Investment Company – VIMIC) က ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

VIMIC က စင်ကာပူအခြေစိုက် ကုမ္မဏီတစ်ခုဖြစ်ပြီး စွန့်စားမှုများကို ရင်းနှီးမြုနှံပြီး ငွေကြေးထောက်ပံ့တဲ့ အဖွဲ့ဖြစ်ကာ အရက်ဖက် စီးပွားရေးပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ SME လုပ်ငန်းများကို ဆက်လက်ထောက်ပံ့နေမှာ ဖြစ်တာကြောင့် Nexlabs ကို မြန်မာနိုင်ငံ Digital စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“VIMIC အနေနဲ့ Nexlabs ရဲ့ တိုးတက်ဖြစ်ထွန်းမှုဖြစ်စဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ လျှင်လျှင်မြန်မြန် တိုးတက်လာတဲ့ Digital စီးပွားရေးအသစ်မှာ မြန်မာနိုင်ငံက company တွေက နည်းပညာနဲ့ ဘယ်လို ရပ်တည်နေသည်ကို မြင်တွေ့ရတာက အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်”  VMIC ရဲ့ Managing Partner ဖြစ်သူ Field Pickering ကပြောပါတယ်။

 

Nexlabs ကို တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ ကိုရဲမြတ်မင်းကလည်း “ ဒီရန်ပုံငွေဟာ Nexlabs အတွက် အရေးကြီးတဲ့ ငွေကြေးဆိုင်ရာ ရရှိအောင်မြင်မှု တစ်ခုဖြစ်ပါတယ်။ ယခုအသစ်စမယ့်တစ်ခေါက်မှာ ငွေကြေးဆိုင်ရာကို VIMIC နဲ့ အတူ မြန်မာနိုင်ငံရဲ့ Digital ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုကို ဆက်လက်ပံ့ပိုးပြီး ရင်းနှီးမြုပ်နှံမှုကို ရရှိတာဟာ အလွန်ကျေနပ်စရာကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမယ့် အနာဂတ် ရည်ရွယ်ချက်တွေအတွက် အထောက်အကူအရမ်းဖြစ်မှာပါလို့ ပြောခဲ့ပါတယ်။

Nexlabs က ၂၀၁၇ ဘဏ္ဍနှစ်မှာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ပြီး လူ ၈၀ ကျော်နဲ့ လည်ပတ်နေတဲ့ Startup တစ်ခုဖြစ်ကာ လက်ရှိအချိန်မှာ Singapore Tourism Board, Wave Money, City Mart Holdings, Wall Street English, TOTAL and European Union Delegation တို့ကို ဝန်ဆောင်မှုပေးနေကာ Digital Agency of the Year Asia in 2017 မှာလည်း ရွေးချယ်ဖို့လျာထားခြင်းခံခဲ့ရတဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က