• Startups
    အချက်အလက်ပြည့်စုံသော အကောင့်များအတွက် Verified Mark Feature ထည့်သွင်းလိုက်တဲ့ Chate Sat
Wai Yan Thwin
[Unicode Version]

မြန်မာနိုင်ငံ ရဲ့ လူဦးရေ တိုးပွား လာတာနှင့် အမျှ အလုပ်အကိုင်အခွင့်အလမ်းများဟာလဲ လက်ရှိ လူဦးရေ အတွက် ဖန်တီးပေးနိုင်ဖို့ လိုအပ်လာပါတယ်။ ၂၀၁၇ အစပိုင်းကစပြီး နည်းပညာအခြေပြု startup လုပ်ငန်းအများစု ပေါ်ထွက်လာပြီး မြန်မာနိုင်ငံရဲ့ Startup ဂေဟစနစ်က ပိုမို တိုးတက်လာတာ မြင်တွေ့ရနေပါတယ်။

Chate Sat (ချိတ်ဆက်) လို့ခေါ်တဲ့ အချိန်ပိုင်း (Freelancer) များ ရရှိနိုင်တဲ့ Website Platform ဟာ ၂၀၁၆ စတင်ဘာက ပြုလုပ်ခဲ့တဲ့ Phandeeyar ရဲ့ Accelerator Program မှာ ထွက်ပေါ်ခဲ့တဲ့ Startup တစ်ခုပါ။ ချိတ်ဆက် ဟာ အချိန်ပိုင်းအလုပ်အပ် မ ဲ့ လုပ်ငန်းရှင် တွေ နဲ့ အချိန်ပိုင်း အလုပ်လုပ်ချင်တဲ့ သူတွေ ကို ဆုံစည်းပေးတဲ့ နေရာဆိုလဲ မမှားပါဘူး။

လက်ရှိ လုပ်ငန်းရှင်ပေါင်း ၁၁၇၆ ခု ရှိပြီး Freelancer လို့ခေါ်တဲ့ အလုပ်လုပ်ချင်တဲ့ အရေအတွက်ဟာ ၇၇၂၉ ရှိလာတဲ့အတွက် Verification လုပ်ငန်းစဉ် ကို ထပ်မံ ထည့်လိုက်တာဖြစ်ပါတယ်။ အချိန်ပိုင်း (Freelancer) များ လာတဲ့အတွက် သူတို့တွေရဲ့ အချက်အလက်တွေ ပြည့်စုံမှု့ ရှိမရှိ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးပြီး လုပ်ငန်းရှင်တွေ ယုံကြည်လို့ရတယ်ဆိုတာ သိစေချင်လို့ Freelancer တွေရဲ့ အကောင့်တွေကို Verified အမှတ်အသားတွေ ပြုလုပ်ပေးနေတာလို့ သိရပါတယ်။



ဒီအကြောင်းနဲ့ ပတ်သတ်ပြီး “verification process ကတော့ MVP (minimum viable product) version အပြီး Beta ထွက်စကတည်းက လုပ်ဖို့အတွက် ပြင်ဆင်ထားတာပါ.. အဓိကကတော့ freelancer အရမ်းများတဲ့အတွက် အားလုံးနဲ့ယှဉ်ပြီး Projectတွေကို ပြိုင်လေ ျှာက်တဲ့နေရာမှာ အလုပ်ရှင်အနေနဲ့လည်း ယုံကြည်စိတ်ချမှုပိုရှိအောင် information ပြည့်စုံတဲ့သူကို Verified ဖြစ်ပါတယ်ဆိုပြီး ချိတ်ဆက်က ထောက်ခံပေးတဲ့သဘောမျိုးပါပဲ.. ဒီလိုလုပ်ခြင်းအားဖြင့် ချိတ်ဆက်မှာ အရင် project တခါမှ မလုပ်ခဲ့ဖူးရင်တောင် verified အမှတ်နဲ့ information check လုပ်ထား ပြီးသားဖြစ်နေတော့  အလုပ်ရှင်က ရွေးချယ်ဖို့ လက်တွန့်မနေတော့ဘူးပေါ့..” လို့ Chate Sat ရဲ့ CEO ဖြစ်သူ မဟန်နီမြဝင်းက Duwun ကိုပြောပြခဲ့တာပါ။

27266977_1285560731546211_1507176653_11.png 

လက်ရှိမှာ Verification အမှတ်အသားအပြင် အလုပ်ရှင်တွေဘက်က တောင်းဆိုထားတဲ့ Video Feature တစ်ခုကိုလည်း ထပ်ထည့်လိုက်တာဖြစ်ပါတယ်။ ဗီဒီယို Feature ကတော့ Freelancer တစ်ယောက်က သူကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယို တစ်ခုကို သူ့ရဲ့ profile စာမျက်နှာမှာ တင်ထားခြင်းဖြင့် အလုပ်ခန့်တဲ့ နေရာမှာ ပိုပြီး ဆုံးဖြတ်ချက် လွယ်ကူသွားစေနိုင်မှာလို့

ပြောပါတယ်။

 

ချိတ်ဆက် ဝက်ဆိုဒ်ဟာ   Freelance Project ပေါင်း (၅၈၃) ခုထိ ပြီးမြောက်သွားပြီး လက်၇ှိ (၇၀၀၀)ကျော် အလုပ်အကိုင်တွေတင်ပေးထားတယ်လို့ သိရပါတယ်။

[Zawgyi Version]

ျမန္မာႏုိင္ငံ ရဲ႕ လူဦးေရ တိုးပြား လာတာႏွင္႔ အမွ် အလုပ္အကိုင္အခြင္႔အလမ္းမ်ားဟာလဲ လက္ရွိ လူဦးေရ အတြက္ ဖန္တီးေပးႏိုင္ဖို႔ လိုအပ္လာပါတယ္။ ၂၀၁၇ အစပိုင္းကစၿပီး နည္းပညာအေျချပဳ startup လုပ္ငန္းအမ်ားစု ေပၚထြက္လာၿပီး ျမန္မာႏုိင္ငံရဲ႕ Startup ေဂဟစနစ္က ပိုမို တိုးတက္လာတာ ျမင္ေတြ႔ရေနပါတယ္။

Chate Sat (ခ်ိတ္ဆက္) လို႔ေခၚတဲ႔ အခ်ိန္ပိုင္း (Freelancer) မ်ား ရရွိႏိုင္တဲ႔ Website Platform ဟာ ၂၀၁၆ စတင္ဘာက ျပဳလုပ္ခဲ႔တဲ႔ Phandeeyar ရဲ႕ Accelerator Program မွာ ထြက္ေပၚခဲ႔တဲ႔ Startup တစ္ခုပါ။ ခ်ိတ္ဆက္ ဟာ အခ်ိန္ပိုင္းအလုပ္အပ္ မ ဲ႔ လုပ္ငန္းရွင္ ေတြ နဲ႔ အခ်ိန္ပိုင္း အလုပ္လုပ္ခ်င္တဲ႔ သူေတြ ကို ဆုံစည္းေပးတဲ႔ ေနရာဆိုလဲ မမွားပါဘူး။

လက္ရွိ လုပ္ငန္းရွင္ေပါင္း ၁၁၇၆ ခု ရွိၿပီး Freelancer လို႔ေခၚတဲ႔ အလုပ္လုပ္ခ်င္တဲ႔ အေရအတြက္ဟာ ၇၇၂၉ ရွိလာတဲ႔အတြက္ Verification လုပ္ငန္းစဥ္ ကို ထပ္မံ ထည္႔လိုက္တာျဖစ္ပါတယ္။ အခ်ိန္ပိုင္း (Freelancer) မ်ား လာတဲ႔အတြက္ သူတို႔ေတြရဲ႕ အခ်က္အလက္ေတြ ျပည္႔စုံမွဳ႕ ရွိမရွိ ဟုတ္မဟုတ္ဆိုတာ စစ္ေဆးၿပီး လုပ္ငန္းရွင္ေတြ ယုံၾကည္လို႔ရတယ္ဆိုတာ သိေစခ်င္လို႔ Freelancer ေတြရဲ႕ အေကာင္႔ေတြကို Verified အမွတ္အသားေတြ ျပဳလုပ္ေပးေနတာလို႔ သိရပါတယ္။



ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီး “verification process ကေတာ့ MVP (minimum viable product) version အျပီး Beta ထြက္စကတည္းက လုပ္ဖို႕အတြက္ ျပင္ဆင္ထားတာပါ.. အဓိကကေတာ့ freelancer အရမ္းမ်ားတဲ့အတြက္ အားလံုးနဲ႕ယွဥ္ျပီး Projectေတြကို ျပိဳင္ေလ ွ်ာက္တဲ့ေနရာမွာ အလုပ္ရွင္အေနနဲ႕လည္း ယံုၾကည္စိတ္ခ်မႈပိုရွိေအာင္ information ျပည့္စံုတဲ့သူကို Verified ျဖစ္ပါတယ္ဆိုျပီး ခ်ိတ္ဆက္က ေထာက္ခံေပးတဲ့သေဘာမ်ိဳးပါပဲ.. ဒီလိုလုပ္ျခင္းအားျဖင့္ ခ်ိတ္ဆက္မွာ အရင္ project တခါမွ မလုပ္ခဲ့ဖူးရင္ေတာင္ verified အမွတ္နဲ႕ information check လုပ္ထား ျပီးသားျဖစ္ေနေတာ့  အလုပ္ရွင္က ေရြးခ်ယ္ဖို႕ လက္တြန္႕မေနေတာ့ဘူးေပါ့..” လို႔ Chate Sat ရဲ႕ CEO ျဖစ္သူ မဟန္နီျမဝင္းက Duwun ကိုေျပာျပခဲ႔တာပါ။

 

လက္ရွိမွာ Verification အမွတ္အသားအျပင္ အလုပ္ရွင္ေတြဘက္က ေတာင္းဆိုထားတဲ႔ Video Feature တစ္ခုကိုလည္း ထပ္ထည္႔လိုက္တာျဖစ္ပါတယ္။ ဗီဒီယုိ Feature ကေတာ႔ Freelancer တစ္ေယာက္က သူကိုယ္တုိင္ရိုက္ထားတဲ႔ ဗီဒီယို တစ္ခုကို သူ႔ရဲ႕ profile စာမ်က္ႏွာမွာ တင္ထားျခင္းျဖင္႔ အလုပ္ခန္႔တဲ႔ ေနရာမွာ ပိုၿပီး ဆုံးျဖတ္ခ်က္ လြယ္ကူသြားေစႏုိင္မွာလို႔

ေျပာပါတယ္။

 

ခ်ိတ္ဆက္ ဝက္ဆိုဒ္ဟာ   Freelance Project ေပါင္း (၅၈၃) ခုထိ ၿပီးေျမာက္သြားၿပီး လက္၇ွိ (၇၀၀၀)ေက်ာ္ အလုပ္အကိုင္ေတြတင္ေပးထားတယ္လို႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs