ထောက်ပံ့မှုရရှိတဲ့ start-ups အတွေ အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ အပြင် မိုဘိုင်း အော်ပရတာတွေနဲ့ ချိတ်ဆက်မှုရရှိ မှာဖြစ်ပါတယ်။

နိုင်ငံတွင်း နည်းပညာအခြေစိုက် ကုမူ္ပဏီတွေဖြစ်တဲ့ Kargo နဲ့ Neh Thit ကုမူ္ပဏီ ၂ခုဟာ အာရှနဲ့ အာဖရိက မှာပြုလုပ်တဲ့ GSMA ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကင်းမဲ့တဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှု့ ရရှိမှာ ဖြစ်ပါတယ်



 

 

၂၀၁၆ မှာစတင်တည်ထောင်တဲ့ Kargo ဟာ အွန်လိုင်းကနေ ကားပိုင်ရှင်တွေနဲ့ ကားငှားသူတွေကို ချိတ်ဆက်ပေးတဲ့ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကုမူ္ပဏီတစ်ခုပါ။

 

Kargo ကုမူ္ပဏီတည်ထောင်သူ Mr. Alex Wicks ကတော့ “ပထမဆုံးအကြိမ် ထဲမှာမှ ပထမဆုံး ရတာဆိုတော့ ကျနော်တို့ အရမ်းစိတ်လှုပ်ရှားပါတယ်။ မြန်မာနည်းပညာ Startup တွေ အတွက် အခုလို GSMA က ထောက်ပ့ံ့မှု့ဟာ မြန်မာနည်းပညာ ဂေဟစနစ်တိုးတက်ဖို့နဲ့ အကျိုးရှိဖို့ ကြီးမားတဲ့ အရာတစ်ခုပါ။ Kargo ကတော့ ရရှိတဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှု့တွေကို အရမ်းကောင်းမွန်တဲ့ စနစ်တစ်ခုကို တည်ဆောင်ဖို့ အသုံးပြုမှာဖြစ်ပြီး ပိုမိုမြန်ဆန်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဒီလောရီကားပို့ဆောင်ရေး လုပ်ငန်းတွေအပြင် ကျွန်တော်တို့ ပလက်ဖောင်းကိုလဲ တစ်နိုင်ငံလုံး အကောင်းဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်တဲ့ လုပ်ငန်းအဖြစ်ဖော်ဆောင်သွားမှာပါ ” လို့ပြောကြားခဲ့ပါသေးတယ်။

 

လောလောဆယ် Kargo ကုမူ္ပဏီမှာ ဝန်ထမ်း ၂၀ ကျော်ခန့် ခန့်ထားပြီး ရန်ကုန်မှာနေထိုင်သူ အများစု ကားမောင်းသူ ၁၀၀၀ ခန့်နဲ့လည်း ချိတ်ဆက်ထားကြောင်း သိရပါတယ်။

 

 

Neh Thit(နေ့သစ်)ကတော့ ၂၀၁၇ မှာစတင်တည်ထောင်တဲ့ ကုမူ္ပဏီတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့တွင်း အလုပ်ရှာဖွေနိုင်တဲ့ ဝန်ဆောင်မှုပေးတာဖြစ်တယ်လို့သိရပါတယ်။

 

လောလောဆယ် Neh Thit ကိုသုံးစွဲသူ  ၂သောင်းခွဲခန့်ရှိနေပြီး နောက်လာမယ့် ၁၂ လအတွင်း သုံးစွဲသူ ၁ သိန်းဖြစ်အောင် ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

ဒီကုမူ္ပဏီ၂ ခုဟာ ရန်ကုန်မြို့ အခြေစိုက်ကုမူ္ပဏီတွေဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံ အတွင်းက အခြားသော ကုမူ္ပဏီတွေနဲ့အတူ ဒုတိယအကြိမ်မြောက် innovation မှာ ရွေးချယ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

 

၂၀၁၇ မှာ စတင်ခဲ့တဲ့ ဒီထောက်ပံ့မှု အစီအစူဉ် မိုဘိုင်းအော်ပရေတာတွေနဲ့ start-ups တွေကြား ချိတ်ဆက်ပေးပြီး mobile products နဲ့ mobile ဝန်ဆောင်မှုတွေ တိုးတက်စေဖို့ ရည်ရွယ်ပါတယ်။ ထောက်ပံ့မှုရရှိတဲ့ start-ups အတွေ အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ အပြင် မိုဘိုင်း အော်ပရတာတွေနဲ့ ချိတ်ဆက်မှုရရှိ မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က