• Startups
    စကာၤပူမှာ startups ဖွံ့ဖြိုးရေး အစီအစဉ် Facebook စတင်
Nyein Min Wai
[Unicode Version]

နည်းပညာအခြေပြု startups မွေးထုတ်ရေး အစီအစဉ်တစ်ခုကို Facebook ဟာ နောက်နှစ်က စပြီး စကာၤပူမှာ ဖွင့်လှစ်သွားမယ်လို့ကြေငြာထားပါတယ်။

dan-neary-fb-sg.jpg

Photo: Tech in Asia

 

Infocomm Media Development Authority (IMDA) နဲ့ပူးပေါင်း ဖွင့်လှစ်သွားမယ့် ဒီအစီအစဉ်ကို Startup Station Singapore နာမည်နဲ့စတင်မှာ ဖြစ်ပြီး ၆ လအထိ ကြာမယ့် ပရိုဂရမ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ မျိုးဆက်သစ် စီးပွားရေးဆိုင်ရာ အဖြေရှာမှုကို ဖွံ့ဖြိုးစေမယ့် အစီအစဉ်တစ်ခုဖြစ်ပြီး အာရှမှာ Facebook ရဲ့ ပထမဆုံး startup ပရိုဂရမ်တစ်ခုလည်း ဖြစ်ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့နှစ်က ပဲရစ်မှာ အချက်အလက် အခြေပြု startups များအတွက် Startup Garage အစီအစဉ်တစ်ရပ်ကို ဇန်နဝါရီလထဲမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ခဲ့ပါတယ်။ စကာၤပူမှာ ကျင်းပမယ့် startup အစီအစဉ်ကတော့ နောက်နှစ် ဖေဖော်ဝါရီလထဲမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး အရှေ့တောင်အာရှမှ startups များကိုလည်း သင်တန်းပေးသွားမယ်လို့ဆိုပါတယ်။

ဒီအစီအစဉ်ကနေ Facebook ဟာ startups နယ်ပယ်အတွက် နည်းလမ်းညွှန်ပြခြင်း ၊ အဆက်အသွယ် ရှာပေးခြင်း ၊ အချက်အလက် အသုံးချနည်းနဲ့လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုများပါ ပေးသွားမှာပါ ။ ဒီအတွက် လျှောက်လွှာတွေကိုတော့ ဒီနှစ် ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမယ်လို့ဆိုပါတယ်။

မကြာသေးခင်ကလည်း Facebook ဟာ စကာၤပူဒေါ်လာ ၁.၄ ဘီလျံ အကုန်အကျခံပြီး ကုမ္ပဏီရဲ့ ပထမဆုံး အာရှအခြေစိုက် ဒေတာစင်တာတစ်ခု တည်ဆောက်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ စကာၤပူမှာ တည်ဆောက်သွားမယ့် ဒီဒေတာစင်တာာ ၁၁ ထပ်ပါရှိပြီး ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်သွားမှာပါ။

FB-Statu.jpg

Photo: Business Insider Singapore

 

Facebook ဟာ Marina One မှာ ရုံးသစ်ဖွင့်လှစ်မှုနဲ့အတူ ဒီအစီအစဉ်ကို ကြေငြာခဲ့တာဖြစ်ပါတယ်။ Marina One မှာရှိတဲ့ ရုံးခန်းသစ်ဟာ လေးထပ် အဆောက်အဦ ဖြစ်ပြီး Facebook ရဲ့ စကာၤပူနဲ့အာရှ-ပစိဖိတ် teams များအတွက် အခြေစိုက် ရုံးအဖြစ် အသုံးပြုသွားမှာပါ။ လက်ရှိမှာ Facebook ဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ရုံးခွဲ ၁၈ ရုံး ဖွင့်လှစ်ထားပါတယ်။

[Zawgyi Version]

နည္းပညာအေျချပဳ startups ေမြးထုတ္ေရး အစီအစဥ္တစ္ခုကို Facebook ဟာ ေနာက္ႏွစ္က စျပီး စကာၤပူမွာ ဖြင့္လွစ္သြားမယ္လို ့ေၾကျငာထားပါတယ္။

dan-neary-fb-sg.jpg

Photo: Tech in Asia

 

Infocomm Media Development Authority (IMDA) နဲ ့ပူးေပါင္း ဖြင့္လွစ္သြားမယ့္ ဒီအစီအစဥ္ကို Startup Station Singapore နာမည္နဲ ့စတင္မွာ ျဖစ္ျပီး ၆ လအထိ ၾကာမယ့္ ပရိုဂရမ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီပရိုဂရမ္ဟာ မ်ိဳးဆက္သစ္ စီးပြားေရးဆိုင္ရာ အေျဖရွာမႈကို ဖံြ ့ျဖိဳးေစမယ့္ အစီအစဥ္တစ္ခုျဖစ္ျပီး အာရွမွာ Facebook ရဲ့ ပထမဆံုး startup ပရိုဂရမ္တစ္ခုလည္း ျဖစ္ပါတယ္။

Facebook ဟာ ျပီးခဲ့တဲ့ႏွစ္က ပဲရစ္မွာ အခ်က္အလက္ အေျချပဳ startups မ်ားအတြက္ Startup Garage အစီအစဥ္တစ္ရပ္ကို ဇန္နဝါရီလထဲမွာ ပထမဆံုးအၾကိမ္အျဖစ္ စတင္ခဲ့ပါတယ္။ စကာၤပူမွာ က်င္းပမယ့္ startup အစီအစဥ္ကေတာ့ ေနာက္ႏွစ္ ေဖေဖာ္ဝါရီလထဲမွာ လုပ္ေဆာင္သြားမွာ ျဖစ္ျပီး အေရွ ့ေတာင္အာရွမွ startups မ်ားကိုလည္း သင္တန္းေပးသြားမယ္လို ့ဆိုပါတယ္။

ဒီအစီအစဥ္ကေန Facebook ဟာ startups နယ္ပယ္အတြက္ နည္းလမ္းညႊန္ျပျခင္း ၊ အဆက္အသြယ္ ရွာေပးျခင္း ၊ အခ်က္အလက္ အသံုးခ်နည္းနဲ ့လိုအပ္တဲ့ ေလ့က်င့္သင္ၾကားမႈမ်ားပါ ေပးသြားမွာပါ ။ ဒီအတြက္ ေလွ်ာက္လႊာေတြကိုေတာ့ ဒီႏွစ္ ဒီဇင္ဘာ ၇ ရက္ ေနာက္ဆံုးထားျပီး ေလွ်ာက္ထားရမယ္လို ့ဆိုပါတယ္။

မၾကာေသးခင္ကလည္း Facebook ဟာ စကာၤပူေဒၚလာ ၁.၄ ဘီလ်ံ အကုန္အက်ခံျပီး ကုမၸဏီရဲ့ ပထမဆံုး အာရွအေျခစိုက္ ေဒတာစင္တာတစ္ခု တည္ေဆာက္သြားမယ္လို ့ထုတ္ျပန္ခဲ့ပါတယ္။ စကာၤပူမွာ တည္ေဆာက္သြားမယ့္ ဒီေဒတာစင္တာာ ၁၁ ထပ္ပါရိွျပီး ၂၀၂၂ ခုႏွစ္မွာ ဖြင့္လွစ္သြားမွာပါ။

Photo: Business Insider Singapore

 

Facebook ဟာ Marina One မွာ ရံုးသစ္ဖြင့္လွစ္မႈနဲ ့အတူ ဒီအစီအစဥ္ကို ေၾကျငာခဲ့တာျဖစ္ပါတယ္။ Marina One မွာရိွတဲ့ ရံုးခန္းသစ္ဟာ ေလးထပ္ အေဆာက္အဦ ျဖစ္ျပီး Facebook ရဲ့ စကာၤပူနဲ ့အာရွ-ပစိဖိတ္ teams မ်ားအတြက္ အေျခစိုက္ ရံုးအျဖစ္ အသံုးျပဳသြားမွာပါ။ လက္ရိွမွာ Facebook ဟာ ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံမွာ ရံုးခဲြ ၁၈ ရံုး ဖြင့္လွစ္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs