• Startups
    အွန်လိုင်းမှ ဆရာ ရှာဖွေရေး ပလက်ဖောင်း MMTutors ရင်းနှီးမြှုပ်နှံမှုရရှိ
Wai Yan Thwin
[Unicode Version]

မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှ ဆရာ ရှာဖွေရေး ပလက်ဖောင်း တစ်ခုဖြစ်သော MMTutors သည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် Seed Myanmar, Trust Venture Partners Myanmar နှင့် ရင်းနှီးမြှုပ် နှံသူ ဦးအောင်ထွန်းတို့ထံမှ လုပ်ငန်းတိုးချဲ့ရန် ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ကြောင်း သိရှိရသည်။

IMG_8786.jpg

Photo: MMTutors

 

နှစ်စဉ် အထက်တန်းတက်ရောက်ဖြေဆိုကြသော  ကျောင်းသားဦးရေ (၂) သန်းကျော်ရှိသည့် မြန်မာနိုင်ငံ ပညာ ရေးစနစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး ကျောင်းသားဦးရေ  (၄) သိန်းကျော်ဟာ နှစ်စဉ် ကျူရှင်နှင့် စာသင်ဂိုက်များ လိုအပ်လျက်ရှိသည်။ ထိုကဲ့သို့ စိတ်ချယုံ ကြည်ရသော စာသင်ဂိုက်ဆရာ များကို လိုအပ်မှု၊ တောင်းဆိုမှုမှာ မြင့်တက်လျက် ရှိသော်လည်း  ကျောင်းသားများနှင့် မိဘများမှာ ကျွမ်းကျင်   သော၊ စိတ်ချယုံကြည်ရပြီး ထိရောက်မှုရှိသော စာသင်ဂိုက်များကို ရှာဖွေရာတွင် အခက်အခဲ များနှင့် စိန်ခေါ်မှု များ ကြုံတွေ့နေရလျက် ရှိသေးသည်။

 

၂၀၁၇ ခုနှစ် အစောပိုင်းတွင် တည်ထောင်ခဲ့သော MMTutors တွင်ယခု စာသင်ကြားရခြင်းကို စိတ်လိုလက်ရရှိ သော ကျွမ်းကျင် tutor ဆရာများစွာ ရှိနေပြီးဖြစ်ပါသည်။ သင်ယူမှုရင်းမြစ်များ ယုံကြည်စိတ်ချရခြင်း၊ tutorများ အရည်အသွေး ပြည့်ဝခြင်း၊ ကျောင်းသားအရည်အချင်းအလိုက် စာသင်ပုံစနစ်များ ညှိနှိုင်း၍ရခြင်း၊ လစဉ်ပုံမှန်   ကျောင်းသား အရည်အချင်း အစီရင်ခံစာ ပေးပို့ခြင်း၊ မကြာခဏ အရည်အချင်းစစ် စာမေးပွဲများ စစ်ဆေးခြင်း၊ မိဘများအတွက် အခမဲ့ တိုင်ပင်ဆွေးနွေး အကြံပေးခြင်းများ စသည့် ဝန်ဆောင်မှုများ ပါဝင်ခြင်းက MMTutors ၏ အားသာချက်များပင်ဖြစ်သည်။

 

 “ငယ်ငယ်ကတည်းက ကျောင်းတွေရဲ့ စာသင်စနစ်၊ အပြိုင်အဆိုင်များကြတဲ့ ပညာရေးနဲ့ ညီမတို့တွေရဲ့ စာ လေ့လာတဲ့ ပုံစံနှုန်းထားတွေနဲ့ ပတ်သက်ပြီး အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တယ်။ အလယ် တန်း  လောက်ကစပြီး ကျောင်းသားတိုင်းနီးပါး study guide မဖြစ်မနေကို ခေါ်ရတယ်။ ညီမတို့ ကျောင်းသား မိဘတွေကို စစ်တမ်းကောက်ကြည့်တော့ စိတ်ချယုံကြည်ရပြီး ကလေးတွေရဲ့ အရည်အချင်းကို မြှင့်တင် ပေးနိုင်တဲ့ guide မျိုးရဖို့အတွက် မလွယ်ကူဘူးဆိုပြီး အများဆုံးပြောကြတယ်။ ဆရာတွေက တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေး အရမ်းကွာပြီး တကယ်တော်တဲ့ guide တွေကျတော့ ရဖို့ခက်တယ် လို့ကြား ရတယ်” ဟု MMTutors ၏တည်ထောင်သူ မဖူးပွင့်အိမ် (ခ) Taylor မှပြောကြားခဲ့သည်။

 

ဆက်လက်၍ မဖူးပွင့်အိမ်မှ “အဲဒါကြောင့် ဒီလိုမိဘတွေရဲ့ အခက်အခဲတွေ၊ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေသယ် ဆောင်ပေးဖို့ ညီမတို့ MMTutors ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပညာတိုးတက်မှုကို အသုံးချပြီး  မြန်မာ့ပညာရေးစနစ်နဲ့ ကျောင်းသားတွေရဲ့ လေ့လာမှုတွေကို ကောင်းတဲ့ပြောင်းလဲမှုတွေ ကူညီဖန်တီးပေးသွား နိုင်မယ်လို့ ယုံကြည်ပါတယ်။ ညီမတို့ MMTutors အနေနဲ့ customer တွေအတွက် စိတ်ချယုံကြည်ရတဲ့ ကျွမ်းကျင် tutor တွေနဲ့ စနစ်ကျတဲ့ သင်ကြားနည်းစနစ်တွေကို ရရှိနိုင်တဲ့ရင်းမြစ်တစ်ခု၊ tutor တွေအတွက် လည်း ဝင်ငွေအားဖြင့်ရော ဘဝတိုးတက်မှုဆိုင်ရာ တခြားအခွင့်အလမ်းတွေကိုရော ပံ့ပိုးပေးနိုင်တဲ့ အသိုက် အဝန်း နေရာ တစ်ခုဖြစ်လာအောင် ညီမတို့ ကြိုးစားသွားမှာပါ” ဟု  Duwun Tech ကိုပြောကြားခဲ့သည်။

 

Phandeeyar မှငွေကြေးထောက်ပံ့မှုနှင့် သင်ကြားပြသမှု ရရှိထားသော MMTutors သည် နောက်ထပ် မိဘ များနှင့် ကျောင်းသား အရေအတွက် များများထံ ရောက်ရှိစေရန် ၎င်းတို့၏ လုပ်ငန်းကို  သေချာလည်ပတ်လျက် ရှိသည်။ မူရင်းအမည် VIMIC ဖြစ်သော မြန်မာနိုင်ငံရှိ နည်းပညာပိုင်းဆိုင်ရာ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်း များတွင် အာရုံစိုက် ရင်းနှီးမြှုပ်နှံလျက်ရှိသော Seed Myanmar ၏ အားတက်သရော ကူညီပံ့ပိုးမှုဖြင့် Trust Venture Partners နှင့် လုပ်ငန်းရှင် ဦးအောင်ထွန်းတို့ထံမှ ရင်းနှီးမြှုပ်နှံမှုများကို အောင်မြင်စွာ ရရှိခဲ့ပြီး ဖြစ်ပါ သည်။

 

Seed Myanmar ၏ Venture Partner ဖြစ်သူ ကိုရဲမြတ်မင်းမှလည်း “Seed Myanmar အနေနဲ့ MMTutors ကို ရင်းနှီးထောက်ပံ့ရတာ စိတ်လှုပ်ရှားစရာပါ။ မြန်မာနိုင်ငံပညာရေးကဏ္ဍမှာ ရှောင်လွှဲလို့မရတဲ့ အားနည်းချက်   တွေ ရှိနေသေးပါတယ်။ MMTutors ရဲ့ အင်အား၊ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ဒီအားနည်းချက်တွေကို  ပြောင်းလဲပစ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ဆိုပါတယ်။

 

လက်ရှိတွင် MMTutors တွင် တရားဝင် စာရင်းသွင်းထားသော tutor ပေါင်း ၈၀၀ ကျော်ရှိနေပြီး အစိုးရ ကျောင်းဘာသာရပ်များ၊ ဘာသာစကားအမျိုးမျိုး၊ SAT, GMAT နှင့် လုပ်ငန်းခွင် တိုးတက်မှု အရည်အချင်း ဆိုင်ရာ သင်တန်းအမျိုးမျိုးကို ရန်ကုန်မြို့နေ ကျောင်းသားမိဘများအား အဆင့်မြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ နောင်အနာဂတ်တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကို ချဲ့ထွင်ရန်နှင့် မည်သူမဆို လေ့လာသင်ကြား လိုသော အရာရာတိုင်း အတွက် သင်ကြားရေးစင်တာတစ်ခု ဖြစ်လာရန် ရည်မှန်းထားပါသည်။

 

MMTutors ကို မြန်မာ့ပညာရေးစနစ်နှင့် စာသင်ဆရာများ၏ သဘောတရားကို ကောင်းစွာသိရှိ နားလည်ထား ပြီး ကျောင်းသား မိဘများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်ချက်ဖြင့် စာသင်နှစ် အတွေ့အကြုံပေါင်း ၁၆ နှစ်ရှိကြသော စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များမှ စတင်ထူထောင်ခဲ့ပါသည်။ MMTutors သည် မိဘ များနှင့်  ကျောင်းသားများ လိုလားသော၊ နှစ်သက်သော အချက်များနှင့် ကိုက်ညီပြည့်စုံသည့် study guide ကို ရှာဖွေ မိတ်ဆက်ပေးပြီး စိတ်ကျေနပ်မှုရရှိကာ ထိရောက်မှုရှိသော လေ့လာသင်ကြားမှုများကို ကူညီပံ့ပိုးပေး လျက်ရှိသော အွန်လိုင်းစာသင် ပလက်ဖောင်း ကွန်ယက်တစ်ခု ဖြစ်ပါသည်။

[Zawgyi Version]

ျမန္မာႏိုင္ငံ၏ ပထမဆံုးေသာ အြန္လိုင္းမွ ဆရာ ရွာေဖြေရး ပလက္ေဖာင္း တစ္ခုျဖစ္ေသာ MMTutors သည္ စက္တင္ဘာလ ၂၈ ရက္ေန႔တြင္ Seed Myanmar, Trust Venture Partners Myanmar ႏွင့္ ရင္းႏွီးျမွဳပ္ ႏွံသူ ဦးေအာင္ထြန္းတို႔ထံမွ လုပ္ငန္းတိုးခ်ဲ႕ရန္ ရင္းႏွီးျမွဳပ္ႏွံမႈ ရရွိခဲ႔ေၾကာင္း သိရွိရသည္။

Photo: MMTutors

 

ႏွစ္စဥ္ အထက္တန္းတက္ေရာက္ေျဖဆိုၾကေသာ  ေက်ာင္းသားဦးေရ (၂) သန္းေက်ာ္ရွိသည့္ ျမန္မာႏိုင္ငံ ပညာ ေရးစနစ္တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲသည္ အေရးၾကီးေသာအခန္းက႑မွပါဝင္ၿပီး ေက်ာင္းသားဦးေရ  (၄) သိန္းေက်ာ္ဟာ ႏွစ္စဥ္ က်ဴရွင္ႏွင့္ စာသင္ဂိုက္မ်ား လိုအပ္လ်က္ရွိသည္။ ထိုကဲ့သို႔ စိတ္ခ်ယံု ၾကည္ရေသာ စာသင္ဂိုက္ဆရာ မ်ားကို လိုအပ္မႈ၊ ေတာင္းဆိုမႈမွာ ျမင့္တက္လ်က္ ရွိေသာ္လည္း  ေက်ာင္းသားမ်ားႏွင့္ မိဘမ်ားမွာ ကြ်မ္းက်င္   ေသာ၊ စိတ္ခ်ယံုၾကည္ရျပီး ထိေရာက္မႈရွိေသာ စာသင္ဂိုက္မ်ားကို ရွာေဖြရာတြင္ အခက္အခဲ မ်ားႏွင့္ စိန္ေခၚမႈ မ်ား ၾကံဳေတြ႕ေနရလ်က္ ရွိေသးသည္။

 

၂၀၁၇ ခုႏွစ္ အေစာပိုင္းတြင္ တည္ေထာင္ခဲ့ေသာ MMTutors တြင္ယခု စာသင္ၾကားရျခင္းကို စိတ္လိုလက္ရရွိ ေသာ ကြ်မ္းက်င္ tutor ဆရာမ်ားစြာ ရွိေနျပီးျဖစ္ပါသည္။ သင္ယူမႈရင္းျမစ္မ်ား ယံုၾကည္စိတ္ခ်ရျခင္း၊ tutorမ်ား အရည္အေသြး ျပည့္ဝျခင္း၊ ေက်ာင္းသားအရည္အခ်င္းအလိုက္ စာသင္ပံုစနစ္မ်ား ညိွႏိႈ္င္း၍ရျခင္း၊ လစဥ္ပံုမွန္   ေက်ာင္းသား အရည္အခ်င္း အစီရင္ခံစာ ေပးပို႔ျခင္း၊ မၾကာခဏ အရည္အခ်င္းစစ္ စာေမးပြဲမ်ား စစ္ေဆးျခင္း၊ မိဘမ်ားအတြက္ အခမဲ့ တိုင္ပင္ေဆြးေႏြး အၾကံေပးျခင္းမ်ား စသည့္ ဝန္ေဆာင္မႈမ်ား ပါဝင္ျခင္းက MMTutors ၏ အားသာခ်က္မ်ားပင္ျဖစ္သည္။

 

 “ငယ္ငယ္ကတည္းက ေက်ာင္းေတြရဲ႕ စာသင္စနစ္၊ အျပိဳင္အဆိုင္မ်ားၾကတဲ့ ပညာေရးနဲ႔ ညီမတို႔ေတြရဲ႕ စာ ေလ့လာတဲ့ ပံုစံႏႈန္းထားေတြနဲ႔ ပတ္သက္ျပီး အခက္အခဲေတြ၊ စိန္ေခၚမႈေတြ အမ်ားၾကီး ရွိခဲ့တယ္။ အလယ္ တန္း  ေလာက္ကစျပီး ေက်ာင္းသားတိုင္းနီးပါး study guide မျဖစ္မေနကို ေခၚရတယ္။ ညီမတို႔ ေက်ာင္းသား မိဘေတြကို စစ္တမ္းေကာက္ၾကည့္ေတာ့ စိတ္ခ်ယံုၾကည္ရျပီး ကေလးေတြရဲ႕ အရည္အခ်င္းကို ျမွင့္တင္ ေပးႏိုင္တ့ဲ guide မ်ိဳးရဖို႔အတြက္ မလြယ္ကူဘူးဆိုျပီး အမ်ားဆံုးေျပာၾကတယ္။ ဆရာေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ အရည္အေသြး အရမ္းကြာျပီး တကယ္ေတာ္တဲ့ guide ေတြက်ေတာ့ ရဖို႔ခက္တယ္ လို႔ၾကား ရတယ္” ဟု MMTutors ၏တည္ေထာင္သူ မဖူးပြင့္အိမ္ (ခ) Taylor မွေျပာၾကားခဲ့သည္။

 

ဆက္လက္၍ မဖူးပြင့္အိမ္မွ “အဲဒါေၾကာင့္ ဒီလိုမိဘေတြရဲ႕ အခက္အခဲေတြ၊ ဝန္ထုပ္ဝန္ပိုးေတြကို မွ်ေဝသယ္ ေဆာင္ေပးဖို႔ ညီမတို႔ MMTutors ကို တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ နည္းပညာတိုးတက္မႈကို အသံုးခ်ျပီး  ျမန္မာ့ပညာေရးစနစ္နဲ႔ ေက်ာင္းသားေတြရဲ႕ ေလ့လာမႈေတြကို ေကာင္းတဲ့ေျပာင္းလဲမႈေတြ ကူညီဖန္တီးေပးသြား ႏိုင္မယ္လို႔ ယံုၾကည္ပါတယ္။ ညီမတို႔ MMTutors အေနနဲ႔ customer ေတြအတြက္ စိတ္ခ်ယံုၾကည္ရတ့ဲ ကြ်မ္းက်င္ tutor ေတြနဲ႔ စနစ္က်တဲ့ သင္ၾကားနည္းစနစ္ေတြကို ရရွိႏိုင္တဲ့ရင္းျမစ္တစ္ခု၊ tutor ေတြအတြက္ လည္း ဝင္ေငြအားျဖင့္ေရာ ဘဝတိုးတက္မႈဆိုင္ရာ တျခားအခြင့္အလမ္းေတြကိုေရာ ပံ့ပိုးေပးႏိုင္တဲ့ အသိုက္ အဝန္း ေနရာ တစ္ခုျဖစ္လာေအာင္ ညီမတို႔ ၾကိဳးစားသြားမွာပါ” ဟု  Duwun Tech ကိုေျပာၾကားခဲ့သည္။

 

Phandeeyar မွေငြေၾကးေထာက္ပံ့မႈႏွင့္ သင္ၾကားျပသမႈ ရရွိထားေသာ MMTutors သည္ ေနာက္ထပ္ မိဘ မ်ားႏွင့္ ေက်ာင္းသား အေရအတြက္ မ်ားမ်ားထံ ေရာက္ရွိေစရန္ ၎တို႔၏ လုပ္ငန္းကို  ေသခ်ာလည္ပတ္လ်က္ ရွိသည္။ မူရင္းအမည္ VIMIC ျဖစ္ေသာ ျမန္မာႏိုင္ငံရွိ နည္းပညာပိုင္းဆိုင္ရာ စြန္႔ဦးတီထြင္ စီးပြားေရး လုပ္ငန္း မ်ားတြင္ အာရုံစိုက္ ရင္းႏွီးျမွဳပ္ႏွံလ်က္ရွိေသာ Seed Myanmar ၏ အားတက္သေရာ ကူညီပံ့ပိုးမႈျဖင့္ Trust Venture Partners ႏွင့္ လုပ္ငန္းရွင္ ဦးေအာင္ထြန္းတို႔ထံမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကို ေအာင္ျမင္စြာ ရရွိခဲ့ျပီး ျဖစ္ပါ သည္။

 

Seed Myanmar ၏ Venture Partner ျဖစ္သူ ကိုရဲျမတ္မင္းမွလည္း “Seed Myanmar အေနနဲ႔ MMTutors ကို ရင္းႏွီးေထာက္ပံ့ရတာ စိတ္လႈပ္ရွားစရာပါ။ ျမန္မာႏိုင္ငံပညာေရးက႑မွာ ေရွာင္လႊဲလို႔မရတဲ့ အားနည္းခ်က္   ေတြ ရွိေနေသးပါတယ္။ MMTutors ရဲ႕ အင္အား၊ ဆန္းသစ္တဲ့ အေတြးအေခၚေတြနဲ႔ ဒီအားနည္းခ်က္ေတြကို  ေျပာင္းလဲပစ္ႏိုင္မယ္လို႔ ကြ်န္ေတာ္တို႔ ယံုၾကည္ပါတယ္” လို႔ဆိုပါတယ္။

 

လက္ရွိတြင္ MMTutors တြင္ တရားဝင္ စာရင္းသြင္းထားေသာ tutor ေပါင္း ၈၀၀ ေက်ာ္ရွိေနျပီး အစိုးရ ေက်ာင္းဘာသာရပ္မ်ား၊ ဘာသာစကားအမ်ိဳးမ်ိဳး၊ SAT, GMAT နွင့္ လုပ္ငန္းခြင္ တိုးတက္မႈ အရည္အခ်င္း ဆိုင္ရာ သင္တန္းအမ်ိဳးမ်ိဳးကို ရန္ကုန္ျမိဳ႕ေန ေက်ာင္းသားမိဘမ်ားအား အဆင့္ျမင့္ ဝန္ေဆာင္မႈေပးလ်က္ ရွိပါသည္။ ေနာင္အနာဂတ္တြင္ ျမန္မာႏိုင္ငံ တစ္ဝွမ္းလံုးကို ခ်ဲ႕ထြင္ရန္ႏွင့္ မည္သူမဆို ေလ့လာသင္ၾကား လိုေသာ အရာရာတိုင္း အတြက္ သင္ၾကားေရးစင္တာတစ္ခု ျဖစ္လာရန္ ရည္မွန္းထားပါသည္။

 

MMTutors ကို ျမန္မာ့ပညာေရးစနစ္ႏွင့္ စာသင္ဆရာမ်ား၏ သေဘာတရားကို ေကာင္းစြာသိရွိ နားလည္ထား ျပီး ေက်ာင္းသား မိဘမ်ား၏ လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ ရည္ရြယ္ခ်က္ျဖင့္ စာသင္ႏွစ္ အေတြ႕အၾကံဳေပါင္း ၁၆ ႏွစ္ရွိၾကေသာ စြန္႔ဦးတီထြင္ လူငယ္လုပ္ငန္းရွင္မ်ားမွ စတင္ထူေထာင္ခဲ့ပါသည္။ MMTutors သည္ မိဘ မ်ားႏွင့္  ေက်ာင္းသားမ်ား လိုလားေသာ၊ ႏွစ္သက္ေသာ အခ်က္မ်ားႏွင့္ ကိုက္ညီျပည့္စံုသည့္ study guide ကို ရွာေဖြ မိတ္ဆက္ေပးျပီး စိတ္ေက်နပ္မႈရရွိကာ ထိေရာက္မႈရွိေသာ ေလ့လာသင္ၾကားမႈမ်ားကို ကူညီပံ့ပိုးေပး လ်က္ရွိေသာ အြန္လိုင္းစာသင္ ပလက္ေဖာင္း ကြန္ယက္တစ္ခု ျဖစ္ပါသည္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs