ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ နောက်ဆုံးအဆင့်ပြိုင်ရမှာပါ

စိတ်ကူးကောင်းတစ်ခုကို နည်းပညာနဲ့ပေါင်းစပ်ပြီး လုပ်ငန်းတစ်ခုအထိပါ ပုံဖော်ပေးမယ့် မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၁၉ အတွက် အောက်မြန်မာပြည် ပဏာမရွေးချယ်မှုကနေ အသင်း ၅ သင်း ထွက်လာခဲ့ပါတယ်။


    Photo: Duwun Tech      

         ဇန်နဝါရီ ၂၀ ရက်နေ့က ရန်ကုန်မြို့MICT Park လှိုင်တက္ကသိုလ်နယ်မြေမှာ ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ အောက်မြန်မာပြည် (ရန်ကုန်မှ ) ပြိုင်ပွဲဝင် ၁၅ သင်း ယှဉ်ပြိုင်ခဲ့ပါတယ်။ IoT နည်းပညာသုံး စိုက်ပျိုးရေးနဲ့လူမှုဝန်းကျင်ဆိုင်ရာ နည်းပညာများ ၊ အွန်လိုင်း ဝန်ဆောင်မှု app များ ၊ biometrics စနစ်သုံး ဝန်ဆောင်မှု အစီအစဉ်များ ၊ ပညာရေးနဲ့အလုပ်သင်ကျောင်းသားများအတွက် အလုပ်ရှာဖွေရေး ပလက်ဖောင်း စသည်ဖြင့် ခေါင်းစဉ်အသီးသီးနဲ့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။




         အောက်မြန်မာပြည်ကနေ ဒီပွဲမှာ ပဏာမရွေးချယ်ခံရတဲ့ အသင်းတွေကတော့ AR/VR စနစ်နဲ့တိုင်းရင်းသားစာပေလေ့လာမယ့် app နဲ့Blue Frog အသင်း ၊ စိုက်ပျိုးရေး ကဏ္ဍမှာ ဆိုလာနဲ့အာရုံခံစနစ်တွေကို သုံးမယ့် အစီအစဉ်နဲ့Innovation Group ၊ အွန်လိုင်းကနေ ထီထိုးနိုင်မယ့် Idea Capsule အသင်း ၊ တိုက်ခန်းအငှားပလက်ဖောင်းနဲ့Nay Yar အသင်း ၊ ရိုးရာယဉ်ကျေးမှုကို AR နဲ့ကြည့်နိုင်စေမယ့် Divers အသင်းတို့ဖြစ်ပါတယ်။


         Myanmar Youth Technopreneurship Development Program အစီအစဉ်များဟာ တစ်နိုင်ငံလုံးက နည်းပညာကျောင်းသားများ ၊ နယ်ပယ်အသီးအသီးက စွန့်ဦးတီထွင်လူငယ်များအတွက် လုပ်ငန်းတည်ထောင်နိုင်တဲ့ အဆင့်အထိ ရောက်အောင် ပံ့ပိုးပေးဖို့စီစဉ်ကျင်းပတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်မှာ အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှ ဆန်ကာတင် ၁၀ သင်း ရွေးချယ်ခဲ့ပြီး အကောင်းဆုံး ၃ သင်းရွေးချယ်ဆုပေးခဲ့တာပါ။


         ဒီနှစ်မှာတော့ အနိုင်ရအသင်း ၃သင်းဟာ ဆုကြေးကို ကျပ်သိန်း ၈၀ အထိ တိုးမြှင့်ပေးခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင်နဲ့အတူ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရဲ့ စီပွားရေး အထောက်အကူပြုစင်တာ Kanaung Hub မှာ ၆ လတာ ရုံးဖွင့်ခွင့်ရမယ်လို့ဆိုပါတယ်။ ဆန်ကာတင် ၁၀ သင်းထဲမှ နှစ်သိမ့်ဆုရ ၇ သင်းကိုတော့ ဆုကြေး ၅ သိန်းစီနဲ့အမှတ်တရလက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။


ပြိုင်ပွဲဝင် အသင်းတစ်သင်း ယှဉ်ပြိုင်နေစဉ် ( Photo: Duwun Tech)

         အထက်မြန်မာပြည်အတွက် ဇန်နဝါရီ ၂၅ နဲ့၂၆ ရက်များမှာ မန္တလေးတို့မှာ ၅ သင်း ရွေးချယ်သွားမှာ ဖြစ်ပြီး စကာတင်အသင်းများကို ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ကျွမ်းကျင်ပညာရှင်များမှ ၁၀ ရက်တာ စခန်းသွင်း လေ့ကျင့်မှု ပေးသွားမှာပါ။ နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့MICT Park မှာ ကျင်းပသွားမယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က