အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ လူတွေရှေ့မှာစကားပြောရမယ့် အခြေအနေမျိုးရောက်ရှိလာနိုင်ပါတယ်။
Phyo Min Thant

လူအများရှေ့မှာစကားပြောရမှာကြောက်တဲ့စိတ်က လူတော်တော်များများမှာရှိတတ်ပြီး လူတွေရှေ့မှာ ကျွမ်းကျွမ်း ကျင်ကျင်စကားပြောတတ်တဲ့စွမ်းရည်မျိုးရှိသူလည်းနည်းပါးလှပါတယ်။ ဒါပေမဲ့ လူတိုင်းနီးပါးဟာ သူတို့ရဲ့ဘဝမှာ လူတွေရှေ့မှာစကားပြောရတာမျိုးကို တစ်ချိန်မဟုတ်တစ်ချိန်ကြုံကြရမှာပါ။ လူအများကြီးရှေ့မှာပဲဖြစ်ဖြစ်၊ လူအနည်းငယ်ရှေ့မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိုင်ဒီယာကိုတခြားသူတွေကိုရှင်းပြဖို့၊ လုပ်ငန်းအခြေအနေတင်ပြဖို့၊ ဒါမှမဟုတ်ရင် လည်း လူတွေကိုစည်းရုံးဟောပြောဖို့ စသည်ဖြင့် အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ လူတွေရှေ့မှာစကားပြောရမယ့် အခြေအနေမျိုးရောက်ရှိလာနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့ လုပ်ငန်း၊ ကိုယ့်ရဲ့စည်းရုံးမှုအောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက ကိုယ့်ရဲ့စကားပြောစွမ်းရည်ပေါ်မူတည်နေမှာဖြစ်တာကြောင့် လူအများရဲ့စိတ်ဝင်စားမှုကို ရရှိပြီး ကိုယ်ပြောချင်တာကိုထိထိရောက်ရောက်ပြောနိုင်တဲ့ စွမ်းရည်မျိုးရှိနေအောင် ကြိုတင်လေ့ကျင့်ပြင်ဆင်ထားသင့်ပါတယ်။

ဒါကြောင့် The Best Man Speaker (လူပျိုရံအမှတ်တရစကားပြောတဲ့အခါ) စာအုပ်ကိုရေးသားသူလည်းဖြစ်၊ လူအများရှေ့ စကားပြောခြင်း ပညာရပ် ကျွမ်းကျင်သူနဲ့ နည်းပြတစ်ဦးလည်းဖြစ်တဲ့ ဆိုင်မွန်ဘက်ခ်နဲလ်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးတစ်ခုကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ ဆိုင်မွန်ဘက်ခ်နဲလ်ဟာ Chivas Venture Accelerator Week ရဲ့ ပုံမှန်ရှေ့ဆောင်လမ်းပြ ဆွေးနွေးသူတစ်ဦးလည်းဖြစ်ပြီး အဲဒီအစီအစဉ်မှာရွေးချယ်ခံရတဲ့ ကမ္ဘာတဝမ်းကစွန့်ဦးတီထွင်သူတွေကို လူအများရှေ့ စကားပြောခြင်းအရည်အသွေးတွေရှိလာအောင် နည်းပေးလမ်းပြလုပ်ဆောင်ပေးနေသူလည်းဖြစ်တာကြောင့် သူ့ရဲ့အတွေ့အကြုံတွေကို ဒီအင်တာဗျူးမှာပြောပြပေးထားပါတယ်။

မေး - Chivas Venture မှာပါဝင်လာတာနှစ်အတန်ကြာရှိပြီဆိုတော့ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး ဘာကိုသဘောကျမိလဲ

ဖြေ - အဓိကကတော့ မတူကွဲပြားပြီးအမျိုးအစားစုံလင်လှသလို စွမ်းအင်လည်းပြည့်ဝလှတဲ့ စွန့်ဦးတီထွင်သူတွေပါပဲ။ သူတို့က ကမ္ဘာတဝမ်းလုံးကလာကြသူတွေဖြစ်ပြီး စိတ်ကူးတွေကိုအမှန်တကယ်ဖြစ်လာအောင်လုပ်ချင်တဲ့ဆန္ဒလည်း ပြင်းပြကြသူတွေပါ။

မေး - ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေရဲ့ ဆွဲဆောင်တင်ပြပြောဆိုမှုတွေထဲက ခင်ဗျားမမေ့နိုင်လောက်အောင် စိတ်ထဲစွဲနေတဲ့သူတစ်ယောက်လောက်များရှိလား။

ဖြေ - ပြီးခဲ့တဲ့နှစ်က ဂွာတီမာလာကလာရောက်ယှဉ်ပြိုင်တဲ့ ဝါကာမီရဲ့ မာရီယာပါချီကိုရဲ့ ဆွဲဆောင်တင်ပြမှုက ကျွန်တော်ကြားဖူးသမျှထဲမှာ ကျွန်တော့်ကိုမျက်ရည်ကျလောက်အောင်ထိဆွဲဆောင်နိုင်တဲ့ တင်ပြမှုအနည်းငယ်ထဲက တစ်ခုပါပဲ။ သူ့ရဲ့ဇာတ်လမ်းက ဝမ်းနည်းစရာကောင်းလို့ချည်းပဲ မဟုတ်ဘဲ သူ့ရဲ့ပြင်းပြတဲ့ခံစားမှုနဲ့ ဂွာတီမာလာက အိမ်ထောင်စုတွေအတွက် သူတို့ရဲ့ရည်မှန်းချက်ကြောင့်လည်းပါပါတယ်။ အဲဒါက ပြတင်းတစ်ပေါက်၊ အပြင်မှာကလေးတွေဆော့ကစားနေတဲ့ ဥယာဉ်ခြံတစ်ခုပါဝင်တဲ့ အယူအဆတစ်ခုပါ။ အဲဒါကအရမ်းကိုလှုပ်ရှားပြီး ကျွန်တော်ကိုယ်တိုင်တောင်ကလေးတစ်ယောက်လို ခံစားမိစေပါတယ်။ ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေးအရရော၊ ပရိုတစ်ယောက်အနေနဲ့ပါ ချိတ်ဆက်မိသွားတဲ့အထိအားကောင်းပါတယ်။ အကောင်းဆုံးဆွဲဆောင်တင်ပြမှုတွေဟာ အနက်ရှိုှုင်းဆုံးစိတ်ခံစားမှုအဆင့်ထိချိတ်ဆက်မိစေဖို့ နည်းလမ်းတစ်ခုအမြဲတမ်းရှိပါတယ်။ တင်ပြပြောဆိုနေသူက ရိုးသားပွင့်လင်းမှုရှိတဲ့အခါမှာ အဲဒီတင်ပြပြောဆိုမှုက တကယ့်ကိုအားကောင်းသွားတယ်လို့ပြောနိုင်ပါတယ်။

မေး - လူအများရှေ့စကားပြောခြင်းဟာ အနုပညာပုံစံတစ်ခုဆိုရင် ခင်ဗျားရဲ့ပုံစံကဘာလဲ ၊ အကြံဉာဏ်တစ်ခုလောက်များ ပေးနိုင်မလား

ဖြေ - မိန့်ခွန်း၊ ဆွဲဆောင်တင်ပြမှု၊ တင်ပြမှု ဘယ်လိုပဲခေါ်ခေါ် အဲဒီလိုပြောဆိုမှုရဲ့ရည်ရွယ်ချက်က နားထောင်နေသူတွေရဲ့ အကျိုးအတွက်ပဲဖြစ်သင့်ပြီး ဟောပြောတင်ပြသူရဲ့ အကျိုးအတွက်မဖြစ်သင့်ပါဘူး။ ရှင်းရှင်းလေးပါ။ နားထောင်နေတဲ့ ပရိသတ်တွေမှာက သိပ်ကိုအားကောင်းတဲ့အာရုံခံစားသိမှုရှိပါတယ်။ ပြောနေတဲ့သူက ကိုယ့်အလိုကိုပဲကိုယ်ဦးစားပေးမယ်၊ မဟုတ်တာတွေလီဆယ်ပြောမယ်၊ ဒါမှမဟုတ် သူပြောမှာတွေကဘယ်လောက်တောင်အရေးကြီးကြောင်း ကြိုတင်ပြီး အသားယူအမွှမ်းတင်နေမယ်ဆိုရင် သူတို့ကချက်ချင်းခံစားမိကြမှာပါ။ ဒါပေမဲ့ ပြောကြားနေတဲ့သူက နားထောင်သူပရိသတ် တွေအတွက် စစ်မှန်တဲ့တန်ဖိုးရှိတယ်ဆိုရင်လည်း သူတို့ကခံစားမိကြာမှာပါပဲ။ ဒီအချက်က တခြားအချက်တွေ အားလုံးထက် အရေးကြီးပါတယ်။

မေး - လူအများရှေ့စကားပြောရမှာကြောက်တဲ့စိတ်ကို ခင်ဗျားဘယ်လိုကျော်လွှားနိုင်ခဲ့လဲ

ဖြေ - ခုမှစတင်မယ့်သူတွေအတွက် နားထောင်နေတဲ့ပရိသတ်ကို အဝတ်ဗလာပုံစံနဲ့မြင်ယောင်ကြည့်တာမျိုးလို နည်းလမ်းတွေကအန္တရာယ်များလွန်းပါတယ်။ အကောင်းဆုံးနဲ့အသင့်လျော်ဆုံးလုပ်ကြည့်လို့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုကတော့ အသက်ကိုဖြည်းဖြည်း၊မှန်မှန်နဲ့ နက်နက်ရှိုင်းရှိုင်း ရှုသွင်း၊ရှုထုတ်လုပ်တာပါပဲ။ အသက်ကို မှန်မှန်ရှုဖို့က အရေးကြီးပွိုင့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အသက်မှန်မှန်ရှုတာက အက်ဒရေနယ်လင်တွေကို တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကိုလည်းသက်သောင့်သက်သာရှိစေနိုင်လို့ပါ။ တုန်လှုပ်တယ်ဆိုတာ အက်ဒရေနယ်လင်တွေရဲ့ လက္ခဏာတစ်ရပ်ပါ။ အဲဒါကိုအပြီးဖျောက်ပစ်လို့မရပေမယ့် ထိန်းချုပ်လို့ရပါတယ်။

မေး - လူအများရှေ့စကားပြောတာနဲ့ပတ်သက်ပြီး လူတော်တော်များများအမြင်မှားနေတဲ့ကိစ္စမျိုးတစ်ခုခုရှိလား၊ အထူးသဖြင့်ဇာတ်လမ်းတစ်ခုပြောပြတာမျိုးနဲ့ပတ်သက်လို့ပေါ့။

ဖြေ - ဇာတ်လမ်းရဲ့အိုင်ဒီယာ ဒါမှမဟုတ် ပရိသတ်ကိုခင်ဗျားခေါ်ဆောင်သွားချင်တဲ့ စွန့်စားခန်း ကဘာလဲဆိုတာကို စပြီးစဉ်းစားတာက နည်းလမ်းကောင်းတစ်ခုပါပဲ။ လုပ်ငန်းခွင်ထဲမှာ Presentation တွေလုပ်ကြတဲ့အခါ အဲဒီအချက်ကို မေ့နေပြီး အချက်အလက်တွေနဲ့ အထောက်အထားတွေပေါ်ကိုပဲအလွန်အကျွံအာရုံစိုက်မိတတ်ကြပါတယ်။ ပါဝင်တဲ့အကြောင်းအရာကို ခနမေ့ထားပြီး ဒီ Presentation ၊ ဒါမှမဟုတ် ဟောပြောဆွေးနွေးမှုက တကယ်တမ်းမှာ ဘာအကြောင်းလဲဆိုတာကိုစဉ်းစားရပါမယ်။ ကျွန်တော်အလုပ်အတူလုပ်နေတဲ့သူတွေကို ပထမဆုံးကျွန်တော် မေးဖြစ်တဲ့ မေးခွန်းက မင်းဘယ်အရာကိုပြောင်းလဲပစ်ချင် လဲဆိုတဲ့မေးခွန်းပါပဲ။ အဲဒီမေးခွန်းအတွက်အဖြေက စကားပြောရမယ့် လမ်းကြောင်းကိုဖွင့်ပေးပါတယ်။ ဘယ်အချက်တွေပါချင်တာလဲဆိုတာမျိုးနဲ့စတင်ရမှာမဟုတ်ပါဘူး။

မေး - ခင်ဗျားလူအများရှေ့မှာစကားပြောရင်းအမှားအမှားအယွင်းယွင်းဖြစ်ဘူးလား။ ဘယ်လိုတွေဖြစ်ခဲ့လဲ။

ဖြေ - ကျွန်တော့်ရဲ့ပထမဆုံးအလုပ်ကနေထွက်တုန်းက နှုတ်ဆက်ပွဲမှာစကားပြောတဲ့အချိန်ပေါ့။ ကျွန်တော်အသက်မရှုနိုင် ဘဲ၊ တစ်ကိုယ်လုံးတုန်ယင်နေခဲ့တယ်။ စိတ်တွေလှုပ်ရှားပြီး မျက်နှာကြီးလည်းနီရဲနေခဲ့တယ်။ အသက်မှန်မှန်ရှုဖို့ လုံးဝမေ့ နေသလောက်ပဲ။ ကျွန်တော်စားပွဲမှာထိုင်ပြီး အသက်ပြင်းပြင်းရှုနေရတာနဲ့ပဲအဆုံးသတ်သွားတယ်။ ကျွန်တော်က အသက်ရှုထုတ်ဖို့မေ့ပြီး ရှုပဲသွင်းနေခဲ့တာလေ။

မေး - ဘာဖြစ်လို့လူအများစုက လူရှေ့မှာစကားပြောရမှာကြောက်ကြတာလဲ

ဖြေ - ပထမဆုံးကတော့ ခင်ဗျားပြောရမှာက ကိုယ်နဲ့တစ်စားပွဲထဲထိုင်နေတဲ့ လူ ၄၊ ၅ ယောက်မဟုတ်ဘဲ ကိုယ့်ရှေ့မှာရှိနေတဲ့ လူတစ်စုကိုပြောရမှာဖြစ်နေတာပေါ့။ နောက်တစ်ချက်က လူတော်တော်များများက သူတို့လူတွေ ရှေ့မှာစကားပြောပြီဆိုရင် သူ့ကိုယ်သူတရားခံဝက်ခြံထဲရောက်နေပြီး တရားသူကြီးတွေနဲ့ဂျူရီလူကြီးတွေက သူထွက်ဆို တာကို အကဲဖြတ်နေသလိုခံစားချက်မျိုးဝင်တတ်ကြတာပဲ။ တကယ်တမ်းမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ နားထောင်နေတဲ့သူတွေက ပရိသတ်တွေပါ။

@ChivasVenture ကို တွစ်တာမှာ follow လုပ်ပြီး Accelerator Week အကြောင်းနောက်ဆုံးရသတင်းတွေ၊ ပြိုင်ပွဲဝင် တွေအကြောင်းကောက်နှုတ်ချက်တွေ၊သူတို့ရဲ့အိုင်ဒီယာတွေနဲ့ အနာဂတ်ကိုပုံဖော်ဖို့ ကူညီနေတဲ့ပုဂ္ဂိုလ်တွေအကြောင်းကို လေ့လာနိုင်ပါတယ်။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့အရည်အသွေးတွေနဲ့စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့မျိုးဆက်သစ်တစ်ရပ်ရှိနေပါတယ်။ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပါ်ထွက်လာစေဖို့အတွက်အားပေးကူညီသွားဖိုဆုံးဖြတ်ထားပါတယ်။စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal ကစိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။www.chivas.com ကိုဝင်ရောက်ပြီးတော့ဆက်လက်လေ့လာဖတ်ရှု့နိုင်ပါတယ်။ 


က္က