DPI ရဲ့ ၅ ခုမြောက်မြန်မာပြည်ရင်းနှီးမြှပ်နှံမှု ဖြစ်ပါတယ်
Nyein Min Wai

ရန်ကုန်အခြေစိုက် Royal Golden Owls (RGO) ကုမ္ပဏီရဲ့ အွန်လိုင်း e-Commerce ဈေးကွက်မှာ ဂျပန်မှ Daiwa Securities Group ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခု ဖြစ်တဲ့ Daiwa PI Partners (DPI) မှ ရင်းနှီးမြှပ်နှံမှုလုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။

         မတ်လ ၁၉ ရက်နေ့မှာ ရင်းနှီးမြှပ်နှံမှုအကြောင်း rgo47 မှ ကြေညာခဲ့ပြီး DPI ဘက်မှ ရင်းနှီးမြှပ်နှံခဲ့တဲ့ ပမာဏကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ မတ်လ ၁၄ ရက်နေ့မှာ စာရင်းပိတ်ခဲ့တဲ့ ဒီရင်းနှီးမြှပ်နှံမှုဟာ DPI ရဲ့ မြန်မာနိုင်ငံအတွင်း ပဉ္စမမြောက် ရင်းနှီးမြှပ်နှံမှု ဖြစ်ပြီး ရင်းနှီးမြှပ်နှံလိုက်တဲ့ ပမာဏဟာ ဒေါ်လာ ၂ သန်းကနေ ၇ သန်းအကြား ရှိမယ်လို ့အာဆီယံဒေသတွင်း ဘဏ္ဍာရေးသတင်းတွေ တင်ဆက်နေတဲ့ DealStreetAsia မှာ ဖော်ပြထားပါတယ်။

Photo: Volanews

         rgo47 ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလထဲမှာတည်ထောင်ခဲ့ပြီး ကုမ္ပဏီရဲ့ CEO အဖြစ် မဝင်းနန္ဒာသိုက်မှ ဦးစီးလည်ပတ်နေတာဖြစ်ပါတယ်။ အဝတ်အထည်နဲ့အသုံးအဆောင်တွေ အများဆုံး ရောင်းချတဲ့ အွန်လိုင်းပလက်ဖောင်း rgo47 ဟာ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၂၃၀ မှာ လုပ်ငန်းဖြန့်ကျက်ထားတာပါ။ ဒီရင်းနှီးမြှပ်နှံမှုကြောင့် RGO အနေနဲ့ရှေ့လျှောက် ထုတ်ကုန်ပိုင်း တိုးချဲ့ပြီး ဖောက်သည်တွေရဲ့ ရွေးချယ်မှုကို ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။

         Daiwa PI Partners ဟာ မြန်မာ့ ICT provider တစ်ခု ဖြစ်တဲ့ Frontiir မှာ ပထမဆုံးရင်းနှီးမြှပ်နှံခဲ့ပြီး ရှယ်ယာ ၁၀% အတွက် ဒေါ်လာ ၆.၂၆ သန်း ရင်းနှီးမြှပ်နှံခဲ့တာပါ။ ဒါ့အပြင် ခရီးသွားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Oway မှာလည်း ဒေါ်လာ ၁၄.၇ သန်း ရင်းနှီးမြှပ်နှံခဲ့တာပါ။ တစ်ခြားရင်းနှီးမြှပ်နှံမှုတစ်ခုကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ဆိုင်ကယ်အငှားဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Rent 2 Own ဆိုတဲ့ မြန်မာကုမ္ပဏီတစ်ခုမှာလည်း ရှယ်ယာဝယ်ယူမှု လုပ်ဆောင်ခဲ့ပါတယ်။

         "ကျွန်တော်တို့အနေနဲ့စကာၤပူ ၊ ဟောင်ကောင်တို့လို ဖွံ့ဖြိုးပြီး ဈေးကွက်တွေထက် မြန်မာ ၊ ဗီယက်နမ်တို့လို ဈေးကွက်ဖွံ့ဖြိုးစနိုင်ငံတွေမှာ ပိုပြီး အာရုံစိုက်ထားပါတယ်။ " လို့DPI ရဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စီမံညွှန်ကြားရေးမှူး ကာဇူယိုရှိ မီဇူကိုရှိက ပြောပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


Author


က္က