ဖန်တီးရာကနေ စီစဉ်ကျင်းပနေတာပါ
Nyein Min Wai

လာမယ့် ဇွန်လ ၂၉ ရက်ကနေ ဇူလိုင် ၇ ရက်နေ့အထိ ၉ ရက်တာ ကျင်းပသွားမယ့် Startup Challenge 2019 အတွက် လျှောက်လွှာများ လက်ခံနေပြီလို့သိရပါတယ်။

         Startup Challenge ပြိုင်ပွဲတွေဟာ စီးပွားရေးအိုင်ဒီယာကောင်းတစ်ခု ရှိရုံနဲ့ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ စွန့်ဦးတီထွင်ပြိုင်ပွဲ ဖြစ်ပြီး ပြည်တွင်း Startup acclearator တစ်ခု ဖြစ်တဲ့ 'ဖန်တီးရာ' ကနေ ဦးဆောင် ကျင်းပနေတာပါ။ ဒီနှစ် Startup Challenge 2019 ဟာ စတုတ္ထအကြိမ်မြောက် startup ပြိုင်ပွဲုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာလည်း စုစုပေါင်း ဆုကြေး ဒေါ်လာ ၁၅၀၀၀ ပေးသွားခဲ့တာ ဖြစ်ပါတယ်။

         ယခုနှစ် Startup Challenge 2019 မှာ အမျိုးသမီးများ လုံခြုံရေးအတွက် နည်းပညာထုတ်ကုန်တွေ တည်ဆောက်ရမယ့် Tech For Women Safety ၊ ငွေကြေးဆိုင်ရာ ထုတ်ကုန်သစ်တွေ သွားဖို့FinTech နဲ့မြို့ပြ ဖွံ့ဖြိုးရေးအတွက် နည်းပညာ Tech For Cities ဆိုပြီး ကဏ္ဍ သုံးရပ်မှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မယ်လို့Phandeeyar ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Photo: Phandeeyar FB Page

         ၂၀၁၈ ခုနှစ်က ကျင်းပသွားတဲ့ Startup Challenge 2018 မှာ Tech For Farm ၊ Tech For Life နဲ့Tech For Company စတဲ့ ကဏ္ဍ ၃ ခု ပါရှိပြီး Winner အတွက် ဆုကြေး ဒေါ်လာ ၃၀၀၀ ၊ 1st Runner up အတွက် ဒေါ်လာ ၂၀၀၀ စီနဲ့စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၅၀၀၀ ထိ ပေးသွားခဲ့တာပါ။ ဒီဆုကြေးတွေအပြင် အနိုင်ရအသင်းများဟာ 'ဖန်တီးရာ' ရဲ့ Pre-accelerator အစီအစဉ်ကိုလည်း ဝင်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။

         Startup Challenge 2019 အတွက် အသေးစိတ်အချက်အလက်များကိုလည်း မကြာခင် ကြေညာသွားမယ်လို့ဆိုပါတယ်။ 


Author


က္က