ဩဂုတ်လထဲမှာ ဒီနည်းပညာသုံး ဖုန်းတွေ စပြီး မြင်ရဖို့ ရှိပါတယ်။
Nyein Min Wai

4000mAh ဘက်ထရီတစ်လုံးကို ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် နည်းပညာကို iQOO က မိတ်ဆက်သွားပါတယ်။

Vivo ရဲ့ Gaming စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ iQOO ဟာ တရုတ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး Super FlashCharge 120W နည်းပညာကို ကြေညာခဲ့တာပါ။ ဒီအားသွင်းနည်းပညာဟာ OPPO Find X2 Pro မှာ သုံးသွားတဲ့ 65W charging ထက် အားသွင်းနှုန်း ၂ ဆ မြန်ဆန်မှာပါ။ iQOO ဟာ အရင်ကလည်း စမတ်ဖုန်းတွေအတွက် 33W ၊ 44W နဲ့ 55W charging နည်းပညာတွေ ကြေညာထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ 

Photo: Gizmochina

120W charging နည်းပညာသစ်ဟာ 4000mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို ဘက်ထရီအား ၅၀% ဖြစ်ဖို့ ၅ မိနစ်ပဲ အချိန်ယူမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ ဘေးကင်းစိတ်ချဖို့နဲ့ တည်ငြိမ်မှု ရှိစေဖို့ Charger Adapter ဟာ array ပုံစံ ဘက်ထရီဆဲလ်တွေ ထည့်ထားပြီး 120W ultr-fast charging စနစ် ပါတဲ့ ဖုန်းတွေဟာ ဖုန်းအတွင်း အပူချိန်လွန်ကဲမှုကို ထိန်းညှိဖို့ ဂရပ်ဖိုက်အပိုအလွှာတွေနဲ့ Super VC liquid cooling နည်းပညာ ပါဝင်မှာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ OPPO ဟာ 125W fast charging နည်းပညာကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Vivo ကလည်း 120W FlashCharge နည်းပညာကို ပြီးခဲ့တဲ့နှစ် ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ MWC2019 မှာ မိတ်ဆက်ပြသခဲ့ပေမယ့် ဈေးကွက်မှာ ကြေညာခြင်း မရှိသေးပါဘူး။ 

iQOO ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 120W fast charging နည်းပညာကို ဈေးကွက်မှာ တင်ပို့မယ့်ကုမ္ပဏီ ဖြစ်ပြီး လာမယ့်ဩဂုတ်လက စတင်ပြီး စမတ်ဖုန်းတွေမှာ ဒီနည်းပညာကို သုံးသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က