Gaming သမားတွေ အကြိုက်တွေ့မှာပါ
Nyein Min Wai

Nubia ဟာ မြန်မာငွေ ၅ သိန်းဝန်းကျင်ဈေးကနေ စတင်ရောင်းချသွားမယဘ့် 5G ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

တရုတ်ဈေးကွက်ထဲမှာ မိတ်ဆက်လိုက်တဲ့ Nubia Play 5G ဟာ ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ မာကျောပြီး ပေါ့ပါးတဲ့ အလူမီနီယံသုတ် သတ္ထုကိုယ်ထည်နဲ့ လာပါတယ်။ ကျောဘက်မှာလည်း 3D လေဆာဖိုတိုကော်ပီနည်းပညာသုံးပြီး X ပုံစံ အလင်း‌ပြေးဒီဇိုင်း သုံးထားပါတယ်။ Nubia Play 5G ဟာ အနက် ၊ ပင်လယ်ပြာနဲ့ အဖြူကာလာ ၃ ရောင်နဲ့ လာပါတယ်။

Photo: GSMArena

screen ဟာ မျက်နှာပြင် ၆.၆၅ လက်မ AMOLED display ဖြစ်ပြီး အပေါ်အောက်ဘောင်ပါး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ထွက်ထားပါတယ်။ မှန်ပြင်အောက်မှာ လက်ဗွေထည့်သွင်းထားပြီး display ဟာ ZTE ထုတ် Nubia Red Magic 5G ဖုန်းအတိုင်း 144Hz refresh rate ပါရှိပါတယ်။ display ထိတွေ့မှုကို ဖတ်ရှုနှုန်းဟာ 240Hz touch sampling rate ပါရှိပါတယ်။

Nubia Play 5G ဟာ Snapdragon 765G Processor သုံးထားတာကြောင့် 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ dual Mode 5G ပံ့ပိုးပေးတဲ့အပြင် ဘက်ထရီပါဝါကိုလည်း 30W fast charging ထွက်တဲ့ 5100mAh ဘက်ထရီ သုံးထားပါတယ်။ဖုန်းညာဘက်ဘောင်မှာ ဂိမ်းကစားမှုကို အဆင့်မြှင့်ပေးမယ့် Shoulder Keys နှစ်ခုလည်း ထည့်ပေးထားပါတယ်။

Gaming ဖုန်းတစ်လုံးလိုပဲ ဂိမ်းအကြီးတွေ ကစားချိန်မှာ အပူလွန်ကဲမှုကို လျှော့ချပေးမယ့် ICE2.5 rack-mounted Liquid Cooling System သုံးထားပါတယ်။ performance အမြင့်ဆက်တိုက်ပေးနိုင်ဖို့အတွက် CPU ကို အပူချိန် ၁၆ ဒီဂရီအထိ အအေးပေးနိုင်မယ်လို့ ဆိုပါတယ်။ Nubia Play 5G ဟာ DTS sound effect ပံ့ပိုးပေးနိုင်တဲ့ 1217 super-sizer စပီကာတွေနဲ့ လာပါတယ်။

Photo: gizmochina


ရှေ့ဘက်မှာ 12MP ဆယ်လ်ဖီကင်မရာတစ်လုံးပဲ သုံးထားပြီး ကျောဘက်မှာတော့ 48MP primary ကင်မရာနဲ့အတူ 8MP ultrawide ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး လေးလုံးတွဲကင်မရာ ပါရှိပါတယ်။ ဒီဖုန်းဟာ RAM 6GB/128GB ၊ RAM 8GB/128GB နဲ့ RAM 8GB/256GB ဆိုပြီး ဗားရှင်း သုံးမျိုးနဲ့ ထွက်ထားပါတယ်။

အနိမ့်ဆုံးဗားရှင်းကို ယွမ် ၂၄၀၀ (မြန်မာငွေ ၄ သိန်း ၈သောင်းခွဲခန့်) ၊ RAM 8GB/128GB storage မော်ဒယ်ကို ယွမ် ၂၇၀၀ (မြန်မာငွေ ၅ သိန်းခွဲခန့်) နဲ့ အမြင့်ဆုံးမော်ဒယ်ကို ယွမ် ၃၀၀၀ (မြန်မာငွေ ၆ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က