၂၂၉,၉၀၀ ကျပ် နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။
Phyo Min Thant

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကနေပြီး ကောင်းမွန်သော Processor၊ ကြီးမားသော Storage နှင့် လှပသော ပုံရိပ်များ‌ ပေးစွမ်းနိုင်သည့် တန်ဖိုးသင့် ဖုန်း OPPO A12ကို မေလ ၅ ရက်နေ့က မြန်မာနိုင်ငံစျေးကွက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။  

OPPO A12 ဟာ စျေးနှုန်းတူ ဖုန်းများအတွင်း Storage အကြီးဆုံး 4 GB RAM + 64 GB ROM ပါရှိရုံ သာမက ကြီးမားကျယ်ပြန့်သည့် 6.22" Water Drop Screen လည်း ပါရှိပြီး 3D စိန်ကွက်ပုံစံ ဒီဇိုင်းနှင့် အတူ ခြစ်ရာမထင် အကြမ်းခံနိုင်ပြီး ထူးခြားလှပပေါ့ပါးသော အသွင်အပြင်နှင့် ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။

လူကြိုက်များပြီး ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီသော အနက်ရောင်ဒီဇိုင်းနှင့် ၂၀၂၀ခုနှစ်တွင် Trend အဖြစ်ဆုံး ဖြစ်ပြီး လူငယ်ဆန်သော အပြာရောင်ဒီဇိုင်း ဟူ၍ အရောင် (၂) ရောင်တို့ဖြင့် ရရှိနိုင်မှာဖြစ်ကာ  ၂၂၉,၉၀၀ ကျပ် နဲ့ မေလ ၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/products/oppo-a12-4gb64gb-i103874502-s1028530332.html?spm=a2a0e.8553159.0.0.83fe6cc86TOUG7&mp=3/)တို့မှာ ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

OPPO ဖုန်းများဟာ ကင်မရာ စွမ်းဆောင်မှုများ အမြဲတမ်း ထူးခြားကောင်းမွန်အောင် ပြုလုပ်လျက်ရှိတဲ့ အစဉ်အလာအတိုင်း ယခု အသစ်ထုတ်လုပ်လိုက်တဲ့ OPPO A12 ရဲ့ ကျောဘက်ကင်မရာမှာ 13MP Main Camera + 2MP Depth Camera တို့ကို အသုံးပြုထားပြီး ရှေ့ဘက်ကင်မရာအဖြစ် 5MP Camera ပါဝင်ပါတယ်။ 

ပုံရိပ်များ၏ အရောင်အသွေးများကို Pixel-mapping Algorithm နှင့်အတူ ပိုမို စိုပြည် တောက်ပစေသည့် Dazzle Color Mode၊ မည်သည့် နောက်ခံ background တွင် မဆို လှပသော ရှေ့ကြည် နောက်ဝါး ပုံရိပ်များ ရရှိစေမည့် Portrait Bokeh နှင့် ကျား ၊မ၊ အသက်၊ အသားအရောင်၊ မျက်နှာ ထူးခြားချက်တို့ကို AI နည်းပညာတို့ဖြင့် စနစ်တကျ တွက်ချက်ပေးပြီး သဘာဝဆန်ဆန် ပိုမိုလှပသော ပုံရိပ်များ ရိုက်ကူးပေးသော AI Beautification စသည့် Functions များ ပါရှိသဖြင့် မည်သည့် အချိန်တွင်မဆို အမှတ်တရများကို လှပသော ပုံရိပ်များအဖြစ် ပြောင်းလဲသိမ်းဆည်းထားနိုင်စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခု ခေတ်စားလျက်ရှိတဲ့ short video များ၊ Vlog များ ရိုက်ကူးတည်းဖြတ်ရန် Material များ၊ Template များ အစုံအလင်ဖြင့် စက္ကန့် ၂၀ အတွင်း လွယ်ကူလျင်မြန်စွာ တည်းဖြတ်ပြီး စိတ်ဝင်စားဖွယ် အရည်အသွေး ကောင်းမွန်သော Vlog များကို ဖန်တီးနိုင်သော Soloop Editor ကိုလည်း ထည့်သွင်း ပေးထားပါတယ်။  

OPPO မှ အသစ်ထွက်ရှိလာတဲ့ OPPO A12 ကိုထူးခြားလှပတဲ့ စိန်ပွင့်ပုံစံမှာ အလင်းတန်း ဖြာသော ဒီဇိုင်း၊ စိန်ကဲ့သို့ ခိုင်မာသော အရည်အသွေးရှိ ကိုယ်ထည်တို့နှင့်အတူ အထူ 8.3 mm နှင့် အလေးချိန် 165 g သာ ရှိသည့် ပါးလွှာ ပေါ့ပါးသော ဖုန်းအဖြစ် ထုတ်လုပ်ထားတာတွေ့ရပါတယ်။

Screen to Body Ratio မှာ 88.3% ဖြစ်ပြီး OPPO ရဲ့ အဆင့်မြင့် Facial Recognition နည်းပညာကို အသုံးပြုထားတာကြောင့် မျက်နှာကို တိကျသေချာစွာ ဖတ်ပြီး 0.08s အတွင်း ဖုန်းကို Unlock ပေးနိုင်တဲ့ AI Facial Unlock နှင့် လက်တင်လိုက်ရုံနှင့် Lock ဖွင့်ပေးနိုင်သော Fingerprint Unlock ဟူ၍ Unlock စနစ်(၂) မျိုး ပါဝင်ပါတယ်။  

ဒါ့အပြင် Max CPU Frequency: 2.3 GHz ပါရှိတဲ့ Octa-core processor P35 ကို ထည့်သွင်း အသုံးပြုထားပြီး စျေးနှုန်းတူ ဖုန်းများထဲမှာ Processor အကောင်းဆုံး အသုံးပြုထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်ကြည်လင်စွာဖြင့် ဗီဒီယို ကြည့်ရှုခံစားနိုင်မှု၊ ဂိမ်းကစားရာတွင် ထစ်ခြင်း၊ ဟန်းခြင်း မရှိဘဲ ကစား နိုင်ခြင်းနှင့် ဖုန်းကို အချိန်ကြာမြင့်စွာ ချောချောမွေ့မွေ့ အသုံးပြုနိုင်ခြင်း စတဲ့အားသာချက်တွေကို ရရှိမှာပါ။

ကြီးမားသော 4230mAh Battery ပါရှိပြီး Storage မှာလည်း အခြား စျေးနှုန်းတူ ဖုန်းများအနက် အကြီးမားဆုံး 4 GB RAM + 64 GB ROM ပါဝင်တာကြောင့် မတူညီသော Application များကို တစ်ပြိုင်နက် အခက်အခဲမရှိ အသုံးပြုနိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယိုများ၊ သီချင်းများ၊ ဂိမ်းများကိုလည်း စိတ်ကြိုက် ထည့်သွင်းထားကာ စိတ်အနှောက်အယှက်မရှိ ကြာရှည်စွာအသုံးပြုနိုင်မှာပါ။

OPPO A12 မှာစက်ဘီး၊ ဆိုက်ကယ် စီးသူများအတွက် အထူး အဆင်ပြေစေသော Riding Mode ၊ ကွဲပြား ခြားနားသော ဝန်ဆောင်မှုများကို တစ်နေရာထဲတွင် ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးသည့် Smart Assistant ၊ ဂိမ်းကစားရာတွင် မိမိ စိတ်ကြိုက် စွမ်းဆောင်ရည်နှင့် စွမ်းအင်သုံးစွဲမှု ပမာဏကို ဖန်တီးနိုင်သည့် Game Space စသည့် အသစ် သစ်သော လုပ်ဆောင်မှုများ ပါဝင်တဲ့ ColorOS 6.1 System ကို အသုံးပြုထားပါတယ်။

ထူးခြားသော အသွင်အပြင်၊ ပေါ့ပါးလှပသော ဒီဇိုင်းနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်များ ပါဝင်သော OPPO A12 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A12 Website Page (https://oldcms.oppo.com/mm/smartphone-a12/?utm_source=Press&utm_medium=Release&utm_campaign=A12/) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့မှာ  ဝင်ရောက်လေ့လာ နိုင်ပါတယ်။

(ဒီသတင်းကို OPPO Myanmar မှပံ့ပိုးကူညီထားပါတယ်)


Author


က္က