ရုရှားရဲ့ အကြီးဆုံးတယ်လီကွန်းကုမ္ပဏီနဲ့လည်း သဘောတူညီမှု ရထားပါတယ်

Huawei နဲ့ ပူးပေါင်းပြီး 5G ကွန်ရက်တည်ဆောက်ဖို့ ရုရှားအစိုးရဘက်မှ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအတော်များများဟာ 5G ကွန်ရက်ဖွံ့ဖြိုးမှုပိုင်းအတွက် Huawei ကို ချန်လှပ်ထားချိန်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂီအဲ လက်ဗ်ရော့က အခုလို ပြောကြားလိုက်တာ ဖြစ်တယ်လိူ့ Interfax သတင်းဌာနက ဖော်ပြထားပါတယ်။ 



Territory of Meaning ဖိုရမ်ရဲ့ အမေးအဖြေကဏ္ဍမှာလည်း ရုရှားနိုင်ငံအနေနဲ့ အမေရိကန်က ပေးတဲ့ ဥပမာမျိုး လိုက်လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဖြေပါတယ်။

Photo: wccftech


အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံနဲ့ လက်တွဲပြီး အထူးသဖြင့် Huawei နဲ့ ပေါင်းပြီး 5G နည်းပညာအတွက် ပူးပေါင်းလုပ်ဆောင်မှု မပြုဖို့ တိုက်တွန်းထားတာပါ။ ဝန်ကြီး လက်ဗ်ရော့ကတော့ ရုရှားဟာ ခေတ်သစ်စနည်းပညာ ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဖို့အတွက် တစ်ခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ Huawei ဟာ ရုရှားရဲ့ အကြီးဆုံးတယ်လီကွန်းကုမ္ပဏီ MTS နဲ့ ၂၀၂၀ ပြည့်နှစ်အတါင်း 5G ကွန်ရက်ဖွံ့ဖြိုးမှု လုပ်ဆောင်ဖို့ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ဒီသဘောတူညီချက်ကို Huawei ကုမ္ပဏီရဲ့ အလှည့်ကျ ဥက္ကဌဖြစ်သူ ဂေါင်ပင် နဲ့ MTS ရဲ့ အမှုဆောင်အရာရှိချုပ် အလက်ဇီကော်ညာတို့ လက်မှတ်ထိုးခဲ့တာပါ။ 

Huaweei ဟာ ရုရှားနိုင်ငံအတွင်း အကြီးအကျယ်ရင်းနှီးမြှပ်နှံမှုများလည်း လုပ်ထားပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလထဲမှာ Huawei ဟာ ရုရှားနိုင်ငံအတွင်း Huawei Mobile Services (HMS) ecosystem ဖွံ့ဖြိုးမှုအတွက် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှပ်နှံသွားမယ်လို့ ကြေညာထားပါတယ်။ 

Photo: CNET

တရုတ်အခြေစိုက် Huawei ကုမ္ပဏီဟာ တယ်လီကွန်းပစ္စည်းအစိတ်အပိုင်းထုတ်လုပ်မှုမှာ ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပေမယ့် အမေရိကန်အစိုးရကတော့ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုကြောင့် Huawei ကို နိုင်ငံအတွင်း ပိတ်ပင်ထားပါတယ်။ Huawei ကတော့ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။

5G ဖွံ့ဖြိုးရေးမှာ Huawei ကို ပိတ်ပင်ထားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံအပြင် ဩစတြေးလျ ၊ ဒိန်းမတ် ၊ ဂျပန် ၊ ပိုလန် ၊ ဆွီဒင် ၊ နယူးဇီလန် ၊ ယူကေနဲ့ တစ်ခြားနိုင်ငံအချို့လည်း ပါဝင်နေပါတယ်။ အမေရိကန်အစိုးရဟာ Huawe နဲ့ နိုင်ငံအတွင်း နည်းပညာကုမ္ပဏီများ စီးပွားရေးလက်တွဲလုပ်ဆောင်မှုကိုပါ တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က