ဥပဒေပြင်ဆင်ကြောင်း ကြေညာခဲ့တာပါ

စီးပွားရေး ပိတ်ဆို့ကန့်သတ်မှု လုပ်ထားပေမယ့် 5G နဲ့ အဆင့်မြင့် နည်းပညာများ စံချိန်စံညွှန်းသတ်မှတ်ရေးအတွက် အမေရိကန်ကုမ္ပဏီများကို Huawei နဲ့ လက်တွဲအလုပ်လုပ်ခွင့်ပြုမယ်လို့ အမေရိကန်ကုန်သွယ်ရေးဌာနက ကြေညာပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာနဟာ တနင်္လာနေ့မှာ ဥပဒေပြင်ဆင်ချက်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ ဥပဒေအရ အမေရိကန်ကုမ္ပဏီတွေဟာ Huawei နဲ့ ပူးပေါင်းပြီး 5G စံနှုန်းဖွံ့ဖြိုးရေးလုပ်ဆောင်ချက်တွေမှာ အလုပ်တွဲလုပ်နိုင်မယ်လို့ဆိုပါတယ်။ ဥပဒေကို အတည်ပြုလိုက်ပြီ ဖြစ်ပြီး တရားဝင်အမေရိကန်ဥပဒေထုတ်ပြန်ချက်များ လုပ်ဆောင်တဲ့ Federal Register ရဲ့ ဝက်ဘ်ဆိုက်ကို ပေးပို့ထားတယ်လို့ VentureBeat သတင်းမှာ ဖော်ပြထားပါတယ်။



ဝီလ်ဘာ‌ရော့စ် (Photo: bankinfosecurity)


"ဒါကတော့ အမေရိကဘက်ကနေ လိုလားတဲ့ အမူအယာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လ်း နိုင်ငံတစ်ခုအနေနဲ့ ကိုယ်ပိုင် 5G စံဖွံ့ဖြိုးဖို့ဆိုတာ သိပ်ကို နောက်ကျလွန်းနေပြီး ကုန်ကျစရိတ်လည်းများလွန်းတယ်ဆိုတာကို သိသာစေပါတယ်" လို့ Jerfferies equity သုတေသီတစ်ဦးဖြစ်တဲ့ အယ်ဒီဆင်လီက ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ Entity List မှာ ထည့်သွင်းခံရတဲ့ Huawei နဲ့ မိတ်ဖက်လုပ်ငန်း ၁၁၄ ခုကို အမေရိကန်ကုမ္ပဏီတွေနဲ့ 5G စံဖွံ့ဖြိုးရေးမှာ အတူလုပ်ကိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း Huawei အပေါ် အစိုးရရဲ့ ရပ်တည်ချက် ပျော့ပြောင်းသွားတာတော့ မဟုတ်ဘူးလို့ အမေရိကန် စီးပွားကူးသန်းအတွင်းရေးမှူး ဝီလ်ဘာရော့စ်က ပြောပါတယ်။

Photo: Reuters

အမေရိကန်အစိုးရဟာ လုံခြုံ‌ရေး စိုးရိမ်ချက်ကြောင့် Huawei ပေါ် ပိတ်ဆို့မှုသက်တမ်းကို နောက်နှစ် မေလအထိ တိုးမြှင့်ထားပါတယ်။ ပြီးခဲ့တဲ့လထဲမှာပဲ အမေရိကန်ကုန်သွယ်ရေးဌာနဟာ အမေရိကန်ဆော့ဖ်ဝဲလ်နဲ့ နည်းပညာတွေ အသုံးပြုထားတဲ့ ချပ်စ်များ ဝယ်ယူမှုကနေ Huawei ကို ပိတ်ပင်ဖို့ ပို့ကုန်စည်းမျဉ်း ပြင်ဆင်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

5G စံသတ်မှတ်ချက်မှာ အမေရိကန်ကုမ္ပဏီများနဲ့ လက်တွဲအလုပ်လုပ်နိုင်ကြောင်း ဥပဒေ ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်အပါအဝင် လုပ်ဖော်ကိုင်ဖက်များနဲ့အတူ နည်းပညာသစ်များအတွက် စံချိန်စံညွှန်းများကို ဖြောင့်မတ်စွာဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမယ်လို့ Huawei ဘက်မှ ထုတ်ပြန်ထားပါတယ်။ 

Share

Loading Next Article...
က္က