၂၀၂၃ မှာ စမတ်စီးတီးပေါင်း ၂၀ ပေါ်ပေါက်လာဖို့လည်း ရှိပါတယ်
Nyein Min Wai

     လာမယ့် ၅ နှစ်အတွင်း 5G wireless broadband သစ်ဟာ အရှေ့တောင်အာရှဒေသဈေးကွက်တယ်လီကွန်းနယ်ပယ်မှာ ဒေါ်လာ ၁.၂ ဘီလျံတန် အခွင့်အလမ်းတွေ ယူဆောင်လာမယ်လို့Huawei ရဲ့ အရှေ့တောင်အာရှဥက္ကဌဖြစ်သူ ဂျိမ်းစ်ဝူက ခန့်မှန်းထားပါတယ်။

         ၂၀၁၉ ဟာ 5G ကွန်ရက်သစ် စတင်ဖြန့်ကျက်တဲ့ နှစ်ဖြစ်လာတော့ပြီး အရှေ့တောင်အာရှဒေသတွင်းမှာ 5G ကွန်ရက်သုံးဖို့subscribe လုပ်သူဟာ သန်း ၈၀ အထိ ရောက်လာမယ်လို့လည်း သူကဆိုပါတယ်။ အင်တာနက်ကွန်ရက် စီးဆင်းမှုကလည်း ၅ ဆပိုမို မြန်ဆန်သွက်လက်လာပြီး ဒီကွန်ရက်နည်းပညာသစ်ကြောင့် ၂၀၂၃ ခုုနှစ်မှာ စမတ်စီးတီးပေါင်း ၂၀ ကျော် ပေါ်ပေါက်လာမယ်လို့လည်း သုံးသပ်ထားပါတယ်။

Photo: Duwun Tech

         5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ဒစ်ဂျစ်တယ် ၊ ကြိုးမဲ့ ထုတ်ကုန်နဲ့Intelligent နည်းပညာထုတ်ကုန်များဟာ လူမှုအကျိုးစီးပွား တိုးတက်မှုကို ပျမ်းမျှ ၄% ကနေ ၈% အထိ မြှင့်တင်ပေးနိုင်မယ်လို့ဆိုပါတယ်။

         "5G မှာ ကမ္ဘာ့ဦးဆောင်ကုမ္ပဏီဖြစ်တာနဲ့အညီ Huawei နဲ့လက်တွဲခြင်းဟာ နောက်ထပ် ခရီးစဉ်တစ်ခုကို သွားဖို့ပထမဆုံး ဘတ်စ်ပေါ် လိုက်ပါတာနဲ့အတူတူပါပဲ" လို့မစ္စတာဝူက ဆိုပါတယ်။ Huawei ဟာ အရှေ့တောင်အာရှမှာ နှစ်ပေါင်း ၂၀ ကျော် လက်တွဲလုပ်ဆောင်လာခဲ့ပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း Huawei နဲ့မိတ်ဘက် ကုမ္ပဏီ ၁၉၀၀ ကျော် ပူးပေါင်းရာကနေ supplier ကုမ္ပဏီများအတွက် အလုပ်အကိုင်နေရာပေါင်း ၄ သောင်းခွဲကျော် ဖန်တီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: Huawei

        Huawei ဟာ ဒေသတွင်းမှ တယ်လီကွန်း အင်ဂျင်နီယာပေါင်း ၁၂၅၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဒီထဲက ပရော်ဖက်ရှင်နယ်လက်မှတ်ရ ပညာရှင်ပေါင်း ၉၈၀၀၀ ကျော် မွေးထုတ်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့The Conrad Hotel မှာ ကျင်းပခဲ့တဲ့ Huawei ရဲ့ SEA Core Partner Convention မှ ထုတ်ပြန်ချက်များအရ Huawei ဟာ ပါတနာကုမ္ပဏီများမှာ အရည်အသွေးစနစ်စိစစ်ရေးပေါင်း ၃၀၀ ကျော် လုပ်ဆောင်ခဲ့သလို ကုမ္ပဏီပေါင်း ၁၃၀ ကျော်ကိုလည်း ISO နဲ့အခြား ဆိုင်ရာ ထောက်ခံချက်များ ရရှိဖို့ကူညီခဲ့တယ်လို့ဆိုပါတယ်။ Huawei SEA ဟာ ဝန်ထမ်းပေါင်း ၉၆၀၀ ကျော် ရှိပြီး ဒီထဲက ၈၀% ဟာ သက်ဆိုင်ရာ နိုင်ငံသားဝန်ထမ်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က