Intel ကတော့ ဘေးထွက်သွားရပြီ ဖြစ်ပါတယ်

တရားပြိုင်ဆိုင်မှုတွေ အဆုံးသတ်ပြီးနောက် Qualcomm ဟာ Apple ဆီက အနည်းဆုံး ဒေါ်လာ ၄.၅ ဘီလျံ ရဖို့မျှော်လင့်နေပါတယ်။

Photo: Inverse



         Qualcomm နဲ့ဆက်ပြီး လက်တွဲနိုင်ဖို့တရားပြိုင်ဆိုင်မှုမှာ Apple ဘက်က အလျှော့ပေးခဲ့တာဟာ 5G iPhone အချိန်မီ ထုတ်နိုင်ဖို့ပါ။ မူပိုင်ခွင့်နဲ့လိုင်စင်ကြေး ပြဿနာတက်ခဲ့ရာကနေ Qualcomm နဲ့တရားတဘောင်ဖြစ်ခဲ့တဲ့နောက် Apple ဟာ Intel ရဲ့ modem ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ၂၀၁၇ မှာ ဖြစ်ခဲ့တဲ့ တရားစွဲမှုကြောင့် Intel ကို ပြောင်းသုံးခဲ့ပေမယ့် 5G iPhone ထုတ်ဖို့အတွက် Intel ဘက်က အဆင်သင့်မဖြစ်ခဲ့တာကြောင့် Qualcomm ကို အလျှော့ပေးခဲ့တာ ဖြစ်တယ်လို့Bloomberg မှာ ဖော်ပြထားပါတယ်။

         ဒီနောက်မှာ Qualcomm နဲ့လက်တွဲဖို့Apple အနေနဲ့ဒေါ်လာ ၄.၅ ဘီလျံကနေ ၄.၇ ဘီလျံအထိ ပေးသွားဖို့ရှိနေပြီး ဒီငွေထဲမှာ နောက်နောင် အသစ် ထွက်လာမယ့် iPhone တွေမှာ Qualcomm chips သုံးတဲ့အတွက် လိုင်စင်ကြေးမပါသေးဘူးလို့လည်း ဆိုပါတယ်။ Apple ဟာ Qualcomm နဲ့၆ နှစ် Global patent မူပိုင်ခွင့်လိုင်စင် သဘောတူညီမှုတစ်ခု လုပ်ဆောင်ထားပြီး စာချုပ်ကုန်ချိန်မှာ နောက်ထပ် ၂ နှစ် သက်တမ်းတိုးခွင့်လည်း ရှိမှာပါ။

ပြီးခဲ့တဲ့နှစ်က Qualcomm ဟာ မိုဘိုင်းလ်ဖုန်းတွေမှာ 5G ဒေတာချိတ်ဆက်နိုင်တဲ့ Snapdragon X50 5G modem chipset ကို စမ်းသပ်မှုအောင်မြင်ခဲ့ပြီး ဒီ chipset ကို Xiaomi Mi Mix 3 5G ဗားရှင်းမှာ သုံးထားပါတယ်။ Qualcomm ရဲ့ ဒီ X50 modem ချပ်စ်ဟာ တစ်စက္ကန့်ဒေါင်းလုပ်ဆွဲတဲ့နှုန်းကို gigabit နှုန်းနဲ့အထိ ဆွဲလို့ရတော့မှာ ဖြစ်သလို ဒေတာဆက်သွယ်ရေးပိုင်းမှာလည်း 28GHz mmWave ရေဒီယိုကြိမ်နှုန်းနဲ့ချိတ်ဆက်နိုင်တယ်လို့ဆိုပါတယ်။

Photo: marketwatch

         Qualcomm နဲ့Apple ပြန်လည် ပြေလည်သွားပြီးနောက် Intel ဟာ ကုမ္ပဏီရဲ့ modem စီးပွားရေးကို ရောင်းချတော့မယ်လို့လည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း Apple ဟာ ကိုယ်ပိုင် modem ထုတ်လုပ်ဖို့အစီအစဉ်များ ထွက်ပေါ်ခဲ့ပြီး Qualcomm ဆီက chipset အင်ဂျင်နီယာတွေပါ ခေါ်ယူထားခဲ့ပါတယ်။

         Qualcomm အနေနဲ့လာမယ့် တတိယသုံးလပတ်မှာ Apple ဆီက ဒေါ်လာ ၄.၅ ဘီလျံကနေ ၄.၇ ဘီလျံအကြား ရရှိမှာ ဖြစ်ပြီး တစ်လုံးတစ်ခဲတည်း ရမှာပါ။ CNBC မှာ ဖော်ပြချက်အရ Apple ဟာ လက်ထဲမှာ ငွေသားချည်း ဒေါ်လာ ၂၂၅.၄ ဘီလျံ ကိုင်ထားတာ ဖြစ်လို့ဒီပမာဏဟာ Apple ရဲ့ ပိုင်ဆိုင်မှုထဲက အပုံ ၅၀ ပုံ တစ်ပုံပဲ ရှိမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က