Huawei နဲ့ ZTE ကို ပိတ်ဖို့လည်း အကြံပြုမှုတွေ ရှိနေပါတယ်

အီတလီနိုင်ငံရဲ့ အနာဂတ် 5G ကွန်ရက်တည်ဆောက်ရေးမှာ တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei ကို ခွင့်ပြုသင့်တယ်လို့ အီတလီစက်မှုဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။


ရောမမှာ ကျင်းပတဲ့ တရားလွှတ်တော်ကော်မတီ အပြီးမှာ အီတလီစက်မှုဝန်ကြီး စတီဖာနို ပါတူအာနယ်လီက အခုလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။



အီတလီစက်မှုဝန်ကြီး စတီဖာနို ပါတူအာနယ်လီ (Photo: News1)


" အမျိုးသား လုံခြုံရေးအတွက် အာမခံနိုင်တဲ့ ဥပဒေ ကျွန်တော်တို့ ရေးဆွဲထားပါတယ်။ မှန်ကန်တဲ့ ချေပမှုတွေရှိမယ်ဆိုရင် Huawei ထုတ်ကုန်တွေကို အသုံးပြုဖို့အတွက် အငြင်းပွားစရာမရှိပါဘူး" လို့ La Stampa Daily နဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီး စတီဖာနို ပါတူအာနယ်လီက ပြောပါတယ်။ Huawei ဟာ အကောင်းဆုံးဈေးနဲ့ အကောင်းဆုံး solutions တွေ ပေးတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အီတလီအပါအဝင် တစ်ခြား ဥရောပမဟာမိတ်နိုင်ငံတွေကို 5G ကွန်ရက်တည်ဆောက်မှုမှာ Huawei ပစ္စည်းအစိတ်အပိုင်းများ အသုံးပြုခြင်းကနေ ရှောင်ရှားဖို့ တိုက်တွန်းထားပြီး Huawei နဲ့ ZTE တို့ကို လုံခြုံရေးဘေးအန္တရာယ် ဖြစ်စေနိုင်တယ်ဆိုပြီး စုံစမ်းဖို့လည်း တိုက်တွန်းထားပါတယ်။ Huawei နဲ့ ZTE ကုမ္ပဏီနှစ်ခုစလုံးကတော့ လုံခြုံရေးအန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောကြားမှုတွေကို အပြင်းအထန် ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အီတလီ လွှတ်တော် လုံခြုံရေးကော်မတီ COPASIR ဟာ Huawei နဲ့ ZTE တို့ကို နိုင်ငံ့ 5G ကွန်ရက်ဖွံ့ဖြိုးရေးမှာ မပါနိုင်အောင် တားဆီးဖို့ အလေးအနက် စဉ်းစားသင့်တယ်လို့ ပြောခဲ့ပါတယ်။COPASIR ဟာ တစ်နှစ်ကြာ လေ့လာစုံစမ်းမှု လုပ်ပြီးနောက် 5G ကွန်ရက်တည်ဆောက်ရေးမှာ Huawei နဲ့ ZTE တို့ကို ခွင့်ပြုဖို့ မသင့်ကြောင်း အစီရင်ခံစာတစ်ရပ် တင်သွင်းခဲ့ပါတယ်။

Photo: nasdaq


ဒီဇင်ဘာ ၁၂ ရက်နေ့က ပါလီမန်ကို တင်သွင်းတဲ့ ဒီအစီရင်ခံစာထဲမှာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့ကို အီတလီရဲ့ 5G ကွန်ရက်တည်ဆောက်မှုမှာ ပါဝင်ခွင့်ပြုခြင်းဟာ အမျိုးသားလုံခြုံရေးအန္တရာယ်ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ကတ်ဘိနက်အဖွဲ့ဝင်တစ်ဦးဖြစ် ဝန်ကြီးချုပ် ကွန်တီရဲ့ လက်ထောက်လည်း ဖြစ်တဲ့ မစ္စတာ ရီကာဒို ဖရက်ကာယိုကတော့ COPASIR ရဲ့ အစီရင်ခံစာကို အစိုးရအနေနဲ့ လျစ်လျူရှုနိုင်ဖွယ် မရှိဘူးလို့ မှတ်ချက်ချထားပါတယ်။

အီတလီရဲ့ အကြီးဆုံး တယ်လီကွန်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Telecom Italia (TIM) ကတော့ ကုမ္ပဏီရဲ့ ကွန်ရက်အခြေခံအဆောက်အဦများ အဆင့်မြှင့်ဖို့ supplier များ ရွေးချယ်ထားပြီး Huawei လည်း အရွေးချယ်ခံ supplier တစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာပဲ ဂျာမနီနိုင်ငံရဲ့ ဒုတိယအကြီးဆုံး တယ်လီကွန်းအော်ပရေတာ ဖြစ်တဲ့ Telefoinca Germany နဲ့ 5G ကွန်ရက်ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က