5G တည်ဆောက်ဖို့နောက်ကျသွားမယ်လို့သတိပေးထားပါတယ်

ယူကေရဲ့ ကြိုးမဲ့ ကွန်ရက်တွေမှာ Huawei ရဲ့ 5G နည်းပညာ သုံးစွဲမှုနဲ့စပ်လျဉ်းပြီး ယူကေကော်မတီနှစ်ခုမှ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ယူကေ အစိုးရကော်မတီတစ်ခု ဖြစ်တဲ့ ယူကေပါလီမန်ရဲ့ သိပ္ပံနဲ့နည်းပညာ ကော်မတီဟာ ပြီးခဲ့တဲ့ ဇွန်လထဲက 5G နယ်ပယ်မှာ ထင်ရှားတဲ့ ကွန်ရက်ပစ္စည်း ကုမ္ပဏီများနဲ့5G သုတေသနဲ့တယ်လီကွန်းသုတေသလုပ်တဲ့ တက္ကသိုလ်တွေရဲ့ သက်သေအထောက်အထားတွေကို ကြားနာပြီးနောက် Huawei ကုမ္ပဏီကို ယူကေရဲ့ 5G နဲ့တစ်ခြား တယ်လီကွန်း ကွန်ရက်တွေကနေ အပြီးတိုင် ဖယ်ထုတ်ဖို့နည်းပညာအရ ပြစ်ချက်မတွေ့ဘူးလို့ထုတ်ပြန်ခဲ့တာပါ။



Photo: SCMP

ယူကေပါလီမန်ရဲ့ သိပ္ပံနဲ့နည်းပညာကော်မတီဟာ Huawei ၊ Nokia နဲ့Ericsson တို့လို ကွန်ရက်နယ်ပယ်မှ ထိပ်တန်း providers များ ၊ BT ၊ Vodafone ၊ O2 နဲ့Three တို့လို တယ်လီကွန်းအော်ပရေတာများနဲ့ဆာရေးတက္ကသိုလ် ၊ အောက်စ်ဖို့ဒ်တက္ကသိုလ် နဲ့မြူးနစ်အသုံးချသိပ္ပံတက္ကသိုလ်စတဲ့ တယ်လီကွန်းနဲ့5G သုတေသနဌာနတွေကို မေးခွန်းပေါင်း ၂၅၀ နီးပါး မေးမြန်းကြားနာခဲ့တာ ဖြစ်တယ်လို့Android Authority သတင်းမှာ ဖော်ပြထားပါတယ်။

" 5G ကြောင့် ရမယ့် အကျိုးကျေးဇူးတွေက ရှင်းပါတယ်။ Huawei ကို လက်ရှိကွန်ရက်တွေနဲ့နောင်လာမယ့် ကွန်ရက်တွေကနေ ဖယ်ရှားခြင်းဟာ သိသိသာသာ နှောင့်နှေး ကြန့်ကြာစေပါလိမ့်မယ်။" လို့ကော်မတီတစ်ခုမှ ခေါင်းဆောင်က ပြောကြားထားပါတယ်။ Huawei ကို ယူကေကွန်ရက်တည်ဆောက်ရေးကနေ ချန်လှပ်မထားဖို့ကော်မတီနှစ်ခုက လက်ခံခဲ့သလို Huawei ရဲ့ 5G နည်းပညာအသုံးပြုခြင်းဟာ ပထဝီနိုင်ငံရေးနဲ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေ ရှိနိုင်မယ်လို့လည်း သဘောတူခဲ့ပါတယ်။

Photo: BBC

တစ်ခုရှိတာက ဒီပြဿနာတွေဟာ Huawei ထုတ်တွေရဲ့ စွမ်းရည်နဲ့ဘေးကင်းစိတ်ချမှုနဲ့တော့ မဆိုင်ဘူးလို့လည်း ဆိုပါတယ်။ ယူကေအစိုးရအနေနဲ့Huawei 5G ပစ္စည်းတွေ သုံးပြီး ကွန်ရက်တည်ဆောက်သွားမလားဆိုတာ ယတိပြတ်ပြောလို့မရပါဘူး။ တကယ်လို့ယူကေရဲ့ ကွန်ရက်တည်ဆောက်ရေးမှာ Huawei ပါလာမယ်ဆိုရင် အမေရိကန်လို နိုင်ငံတွေနဲ့နိုင်ငံရေးဆက်ဆံမှုပိုင်းမှာ အဖုအထစ်ဖြစ်လာဖို့ရှိပါတယ်။

လက်ရှိအချိန်အထိ Huawei ဟာ အမေရိကန်အစိုးရကုန်သွယ်ရေးဌာနရဲ့ Entity List စာရင်းမှာပဲ ရှိနေဆဲ ဖြစ်ပြီး အမေရိကန်အခြေစိုက် ကုမ္ပဏီတွေကနေ ထုတ်လုပ်တဲ့ ပစ္စည်းနဲ့နည်းပညာတွေ ဝယ်ယူခွင့်ကိုကန့်သတ်ခံထားရပါတယ်။ ယူကေအစိုးရအနေနဲ့လည်း 5G ဖြန့်ချိရေးမှာ တုံ့နှေးနေပြီး တစ်ခြားနိုင်ငံတစ်ချို့ရဲ့ နောက်မှာ ကျန်နေဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က