ပုံမှန် material တွေထက် ၆ ဆပိုဈေးကြီးမှာပါ

လာမယ့်နှစ်ကစပြီး Apple ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဆယ်လူလာချိတ်ဆက်နိုင်တဲ့ MacBooks မော်ဒယ်တွေ မိတ်ဆက်သွားဖို့ရှိပြီး ၂၀၂၀ နှစ်လယ်ပိုင်းမှာ 5G ချိတ်နိုင်တဲ့ MacBook တွေ ဈေးကွက်တင်သွားဖို့ရှိပါတယ်။


Apple ဟာ 5G antenna board အတွက် ceramic material တစ်ခု သုံးဖို့ရှိတယ်လို့Digitimes သတင်းမှာ ဖော်ပြထားပါတယ်။ 5G antenna ပါလာတာကြောင့် ဆယ်လူလာလက်ခံမှုနဲ့ပေးပို့မှု မြန်နှုန်းကို အများကြီး မြှင့်ပေးနိုင်တော့မှာပါ။ Digitimes သတင်းအရ ပုံမှန် metals တွေထက် 5G speeds မှာ ၂ ဆ ပိုမြန်မယ်လို့ဆိုပါတယ်။



Photo: gizchina


တစ်ခုရှိတာက 5G cellular ရတဲ့ MacBook သစ်မှာ သုံးမယ့် ceramic material ဟာ ပုံမှန် antenna အစိတ်အပိုင်းတွေထက် ဈေးနှုန်း ၆ ဆ ပိုများလာဖို့ရှိပါတယ်။ MacBook သစ်ရဲ့ 5G transceiver ဟာ ပြိုင်ဘက် Notebooks စီးရီးတွေထက် ဒေတာ ပေးပို့ရယူမှုမှာ ပိုပြီး တိကျသလို superior high-speed နှုန်းနဲ့ပေးပို့နိုင်မယ်လို့ဆိုပါတယ်။

Apple ဟာ Qualcomm နဲ့လိုင်စင်ကိစ္စပြန်အဆင်ပြေသွားပြီးနောက် လာမယ့် ၂၀၂၀ မှာ 5G iPhone တွေ ကို Qualcomm chips သုံးပြီး မိတ်ဆက်သွားမယ်လို့သတင်းများ ထွက်နေပါတယ်။ Apple ကိုယ်တိုင်ကလည်း ကုမ္ပဏီထုတ် ကိုယ်ပိုင် cellular modems တွေ ထုတ်လုပို့ပြင်နေတယ်လို့သတင်းတွေမှာ ဖောြ်ပထားပါတယ်။


Photo: The Apple Post

မကြာသေးခင်ကပဲ ကုမ္ပဏီရဲ့ မိတ်ဘက် Intel ရဲ့ စမတ်ဖုန်း modem စီးပွားရေး လုပ်ငန်းတွေကို ဝယ်ယူဖို့ပြင်နေတယ်လို့Apple မှ ကြေညာခဲ့ပါတယ်။ Intel ဟာ modem စီးပွားရေးကြောင့် နှစ်စဉ် ဒေါ်လာ ၁ ဘီလျံခန့်အရှုံးပေါ်နေပြီး တကယ်လို့ဒီလုပ်ငန်းကို ရောင်းချမယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ ဝန်ထမ်းများ ၊ နည်းပညာမူပိုင်ခွင့်များနဲ့modem ဒီဇိုင်းများပါ ရောင်းချသွားမှာပါ။

လက်ပ်တော့နဲ့Notebook ဈေးကွက်မှာ ထိပ်သီးတွေ ဖြစ်တဲ့ Lenovo ၊ HP နဲ့Dell တို့ဟာ ၂၀၁၉ ဒုတိယနှစ်လယ်ပိုင်းမှာ ပထမဆုံး 5G models လက်ပ်တော့တွေ မိတ်ဆက်ဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က