သတင်းတစ်ချို့အရ အမေရိကန်အစိုးရဟာ 5G ကွန်ရက်ဈေးကွက်မှာ Huawei ကို ယှဉ်ပြိုင်ဖို့ နည်းလမ်းရှာနေတယ်လို့ ဆိုပါတယ်။

5G ကွန်ရက်ပိုင်းမှာ အင်အားအကြီးဆုံး တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ဟာ တရုတ်အစိုးရကနေ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတစ်ခုအဖြစ် အမေရိကန်အစိုးရရဲ့ စွပ်စွဲမှု ခံထားရပါတယ်။ အမေရိကန်အစိုးရဟာ Huawei ကို ပိတ်ပင်တားမြစ်မှုတွေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။ လက်ရှိမှာလည်း 5G ကွန်ရက်မှာ Huawei ကို ယှဉ်နိုင်မယ့် ပြိုင်ဘက်တစ်ယောက် ဖန်တီးဖို့အတွက် အမေရိကန်အစိုးရဟာ စဉ်းစားနေတယ်လို့ Gizmochina သတင်းက ဆိုပါတယ်။



Photo: Telecom Review Asia

Huawei ဟာ အမေရိကန်ကွန်ရက်ကုမ္ပဏီတွေ ဖြစ်တဲ့ Cisco နဲ့ Huawei တို့နဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ တစ်ချို့သတင်းတွေမှာတော့ အမေရိကန်အစိုးရဟာ Cisco ကို ဖင်လန်မှ Nokia ဒါမှမဟုတ် ဆွီဒင်မှ Ericsson ကို ဝယ်ဖို့ တိုက်တွန်းထားတယ်လို့ ဆိုနေကြပါတယ်။ အခုလို ဝယ်ယူမှုလုပ်ဖို့ အပြင် အမေရိကန်အစိုးရဟာ Nokai နဲ့ Ericsson တို့ပေါ် အခွန်ဖြေလျှော့ပေးဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။

အမေရိကန်အစိုးရဟာ ဘရာဇီးနိုင်ငံရဲ့ 5G ကွန်ရက်ကဏ္ဍမှာ Huawei ထုတ်ကုန်တွေကို မသုံးဖို့လည်း ကြိုးပမ်းနေပါတယ်။ အမေရိကန်အစိုးရဟာ Nokia နဲ့ Ericsson တို့က ထုတ်တဲ့ 5G ပစ္စည်းအစိတ်အပိုင်းတွေကို ဘရာဇီးတယ်လီကွန်းကုမ္ပဏီများ ဝယ်ယူရာမှာ ငွေကြေးကူညီဖို့အရေး အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တော့ဒ်ချပ်မင်းက ဘရာဇီးသတင်းစာ Folha de S.Paulo ကို ပြောပါတယ်။

Huawei ဟာ ဘရာဇီးနိုင်ငံ ဆာပေါ်လိုမြို့မှာ ၂၀၂၂ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးမယ့် ‌နောက်ထပ်စက်ရုံတစ်ခုအတွက် ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။ Huawei ဟာ ဘရာဇီးရဲ့ အဓိက တယ်လီကွန်းအော်ပရေတာ ၄ ခု ဖြစ်တဲ့ Telefonica Brasil SA, TIM Participacoes SA, America Movil’s Claro နဲ့ Oi SA တို့နဲ့ 5G စမ်းသပ်မှု အောင်အောင်မြင်မြင် လုပ်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က