ကမ္ဘာ့ 5G မူပိုင်ခွင့်အားလုံးရဲ့ ၂၀% ပိုင်ထားတာပါ

Huawei ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး 5G စံနှုန်းမူပိုင်ခွင့်များ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုပါ။

         တရုတ်နိုင်ငံ တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Guiyang မှာ ၄ ရက်ကြာ ပြုလုပ်သွားမယ့် China International Big Data Industry Expo 2019 ပွဲမှာ Huawei Technologies ရဲ့ ဒုဥက္ကဌ လုယောင်မှ Huawei ဟာ 5G နည်းပညာမူပိုင်ခွင့်မှာ အမေရိကန်တစ်နိုင်ငံလုံးက ကုမ္ပဏီအားလုံး ပေါင်းထားတဲ့ မူပိုင်ခွင့်ပမာဏထက် ပိုများတယ်လို့ပြောခဲ့ပါတယ်။



Photo: WBUR

         GizChina မှာ ဖော်ပြချက်အရ Huawei ဟာ 5G စံနှုန်းဆိုင်ရာ မူပိုင်ခွင့်ပေါင်း ၁၆၀၀၀ ကျော် ပိုင်ဆိုင်ထားပြီး ကမ္ဘာ့စုစုပေါင်း 5G မူပိုင်ခွင့်များရဲ့ ၂၀% ရှိတယ်လို့ဆိုပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးက ကုမ္ပဏီအားလုံး တင်ထားတဲ့ 5G မူပိုင်ခွင့်ဟာ ကမ္ဘာ့ 5G core patents တွေရဲ့ ၁၅% အောက်မှာပဲ ရှိတာ ဖြစ်ပါတယ်။

         " ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး 4G ကွန်ရက် ရှိတယ်လို့ယုံကြည်ရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကမ္ဘာ့အကြီးဆုံး 5G ကွန်ရက် ဖြန့်ကျက်နိုင်ဖို့လည်း ယုံကြည်လောက်တဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။" လို့မစ္စတာလုက ပြောပါတယ်။

         Huawei ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ယွမ် ၇၂၀ ဘီလျံ ကျော် ဝင်ခဲ့ပြီး သုတေသနနဲ့ဖွံ့ဖြိုးရေးအပိုင်းမှာ ယွမ် ဘီလျံ ၁၀၀ ကျော် ရင်းနှီးမြှပ်နှံခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ သုတေသနဖွံ ဖြိုးရေးကဏ္ဍ ရင်းနှီးမြှပ်နှံမှုအညွှန်းကိန်းအရ Huawei ဟာ အမေရိကန်အိုင်တီ ကုမ္ပဏီများဖြစ်တဲ့ Apple နဲ့Intel တို့ထက် ငွေပိုသုံးထားပါတယ်။

Photo: SCMP

Huawei ဟာ အရှေ့တောင်အာရှမှာ နှစ်ပေါင်း ၂၀ ကျော် လက်တွဲလုပ်ဆောင်လာခဲ့ပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း Huawei နဲ့မိတ်ဘက် ကုမ္ပဏီ ၁၉၀၀ ကျော် ပူးပေါင်းရာကနေ supplier ကုမ္ပဏီများအတွက် အလုပ်အကိုင်နေရာပေါင်း ၄ သောင်းခွဲကျော် ဖန်တီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ Huawei ရဲ့ အရှေ့တောင်အာရှဥက္ကဌဖြစ်သူ ဂျိမ်းစ်ဝူကတော့ ၂၀၁၉ ဟာ 5G ကွန်ရက်သစ် စတင်ဖြန့်ကျက်တဲ့ နှစ်ဖြစ်လာပြီး အရှေ့တောင်အာရှဒေသတွင်းမှာ 5G ကွန်ရက်သုံးဖို့subscribe လုပ်သူဟာ သန်း ၈၀ အထိ ရောက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

         Huawei ဟာ 5G နည်းပညာပိုင်းမှာလည်း ၂၀၁၈ အတွင်း ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံထားတယ်လို့ဆိုပါတယ်။ Huawei ဟာ ဆယ်နှစ်အတွင်း သုတေသနပိုင်းအတွက် စုစုပေါင်း ဒေါ်လာ ၆၂.၅ ဘီလျံအထိ အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က