loading...

loading...

loading...

၂၀၂၁ ခုနှစ်ဆန်းပိုင်းမှာ မြင်ရဖို့ ရှိပါတယ်
Nyein Min Wai

လာမယ့် ၂၀၂၁ နှစ်ဆန်းပိုင်းကစပြီး Dell နဲ့ HP တို့ဟာ 5G လက်ပ်တော့တွေ ထုတ်လာဖို့ရှိပါတယ်။


ထိုင်ဝမ် chip maker တစ်ခု ဖြစ်တဲ့ MediaTek ဟာ Intel နဲ့ အဓိက မိတ်ဘက်အဖြစ် ပူးပေါင်းကြောင်း ကြေညာလိုက်ပါတယ်။ MediaTek ဟာ Intel စနစ်သုံး လက်ပ်တော့တွေမှာ 5G Support ပေးဖို့ ပူးပေါင်းလိုက်တာ ဖြစ်တယ်လို့ GSMArena သတင်းက ဖော်ပြထားပါတယ်။ MediaTek ရဲ့ 5G modem တီထွင်ဖွံ့ဖြိုးမှု စတင်ဆဲ ဖြစ်ပြီး ထုတ်လုပ်ဖို့အတွက် အခုလို မိတ်ဘက်တွေနဲ့ ပူးပေါင်းလိုက်တာပါ။

Photo: ET Telecom


Intel နဲ့ ပူးပေါင်းမှုကနေ MediaTek ဟာ 5G Solutions တွေကို ဈေးကွက်ဝင် လက်ပ်တော့တွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ "PC ကွန်ပျူတာတွေအတွက် 5G modem ထုတ်လုပ်မှုမှာ Intel နဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် အိမ်နဲ့ မိုဘိုင်းလ်ပလက်ဖောင်းတွေမှာ 5G သုံးနိုင်တော့မှာပါ။" လို့ MediaTek ဥက္ကဌ ဂျိုးချန်က ပြောပါတယ်။

Intel နဲ့ ပူးပေါင်းမှုကနေ ကွန်ပျူတာသုံးစွဲသူတွေဟာ သူတို့ရဲ့ PC တွေပေါ်မှာ ပိုမို မြန်ဆန်သွက်လက်တဲ့ အင်တာနက် Browsing လုပ်ဆောင်ချက်တွေ ဂိမ်း ထုတ်လွှင့်တင်ဆက်မှုတွေ လုပ်ဆောင်နိုင်ပြီး စိတ်မကူးခဲ့ဖူးတဲ့ နည်းလမ်းတွေနဲ့ 5G ပိုင်းမှာ ဆန်းသစ်မှု လုပ်ဆောင်သွားမယ်လို့ လည်း ချန်က မျှော်လင့်ထားပါတယ်။

MediaTek ရဲ့ PC အတွက် 5G modem သစ်ဟာ ယခုနှစ် မေလပိုင်းက မိတ်ဆက်ခဲ့တဲ့ Helio M70 5G Modem ပေါ် အခြေခံသွားမယ်လို့ ဆိုပါတယ်။ MediaTek 5G modem သုံး လက်ပ်တော့ကွန်ပျူတာထုတ်လုပ်တဲ့ OEM တွေဟာ Dell နဲ့ HP တို့ ဖြစ်ပြီး လာမယ့် ၂၀၂၁ နှစ်ဆန်းပိုင်းမှာ Windows စနစ်သုံး ဒီလက်ပ်တော့တွေမှာ MediaTek ရဲ့ 5G solutions တွေ မြင်ရဖို့ ရှိပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံး 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ Laptop ကို ယခုနှစ် ထိုင်ဝမ်မှာ ကျင်းပတဲ့ Computex 2019 မှာ Lenovo က မိတ်ဆက်ပြသသွားပါတယ်။ Project Limitless လို့ နာမည်ပေးထားတဲ့ ဒီလက်ပ်တော့ဟာ ကမ္ဘာကျော် chipmaker ဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 8cx SoC သုံးထားပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ဈေးကွက်တင် ရောင်းချသွားဖို့ ရှိပါတယ်။

Photo: venturebeat


MediaTek ဟာ စမတ်ဖုန်းတွေအတွက် ကုမ္ပဏီရဲ့ ပထမဆုံး 5G modem တစ်ခါတည်းပါတဲ့ SoC သစ် Dimensity 1000 system-on-a-chip (SoC) သစ်ကို မိတ်ဆက်ထားပါတယ်။ Dimensity 1000 SoC ဟာ 90Hz refresh rate နဲ့ QHD+ resolution ပံ့ပိုးပေးထားပါတယ်။Dimensity 1000 SoC ကို ၂၀၁၉ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းက စပြီး ပရီမီယံတန်းဝင် စမတ်ဖုန်းတွေမှာ အသုံးပြုလာဖို့ ရှိပါတယ်။


loading...

က္က