ဥရောပမှာ ဆွစ်ဇာလန်နိုင်ငံဟာ 5G ပထမဆုံးရတဲ့ နိုင်ငံဖြစ်လာခဲ့ပြီး ယူကေကတော့ ဒုတိယမြောက် 5G ကွန်ရက် သုံးနိုင်တဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဇွန်လထဲမှာပဲ အီတလီနိုင်ငံမှ မီလန် ၊ တူရင် ၊ ဘိုလော့နာ ၊ ရောမ နဲ့နေပယ် စတဲ့ မြို့၅ မြို့ဟာ ပဉ္စမမျိုးဆက် 5G ဝန်ဆောင်မှူတွေ ရလာပြီလို့ဆိုပါတယ်။ Telcompaper သတင်းမှာ Vondafone ဟာ လာမယ့်နှစ်မှာ အီတလီနိုင်ငံထဲက ၅၀ မြို့မှာ 5G ကွန်ရက်တွေ ဖြန့်ချိသွားပြီး ၂၀၂၁ ခုနှစ်မှာ မြို့ပေါင်း ၁၀၀ အထိ ဖြန့်ချိသွားဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။
Photo: Shropshire Star
Vodafone ရဲ့ CEO အယ်လ်ဒို ဘစ်ဆီယိုကတော့ အနည်းဆုံး ၄-၅ နှစ်အတွင်း 4G လွှမ်းခြုံသလိုမျိုး 5G ကွန်ရက်လွှမ်းခြုံနိုင်လိမ့်မယ်လို့GSMArena သတင်းက ဆိုပါတယ်။ Vodafone ဟာ အီတလီနိုင်ငံ 5G ကွန်ရက်ဖြန့်ချိမှူမှာ Xiaomi Mi Mix 3 5G ကို စတင်အသုံးပြုနိုင်မှာ ဖြစ်ပြီး လာမယ့် ဇွန် ၁၀ ရက်နေ့မှာ LG V50 ThinQ 5G နဲ့Samsung Galaxy S10 5G တို့ကို အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။
Vodafone ကုမ္ဗဏီအနေနဲ့Nokia နဲ့Huawei တို့ကိုလည်း 5G အခြေခံအဆောက်အဦအတွက် လက်တွဲ အလုပ်လုပ်နေတယ်လို့ဆိုပါတယ်။ အီတလီနေ့စဉ်သတင်းစာ La Stampa ကတော့ အကြီးတန်း အစိုးရ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရောမအာဏာပိုင်တွေဟာ တရုတ်တယ်လီကွန်းအော်ပရေတာအပါအဝင် contracts တွေကို ဖျက်သိမ်းဖို့special powers သုံးသွားဖို့အသင့်ဖြစ်နေပြီလို့ဖော်ပြထားပါတယ်။
Photo: Technocracy News
La Stampa သတင်းမှာပဲ စက်မှူဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုချိန်အထိတော့ Huawei အပေါ် သံသယဝင်နေတဲ့ လုံခြုံရေးအန္တရာယ် ချိုးဖောက်မှူကို သက်သေမတွေ့သေးဘူးလို့ဆိုပါတယ်။ “အမျိုးသားလုံခြုံရေးဟာ ထိပ်တန်း ဦးစားပေးဖြစ်ပါတယ်။တကယ်လို့အရေးကြီးတဲ့ ပြဿနာ ပေါ်လာခဲ့ရင် အခုထိ မတွေ့ရသေးပေမယ့် ဝန်ကြီးဌာနအနေနဲ့စစ်ဆေးတိုင်းတာမှူတွေ လုပ်မလုပ်ကို ဆုံးဖြတ်ပါမယ်။” လို့ဖော်ပြထားပါတယ်။
ဥရောပတစ်နိုင်ငံ ဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံကတော့ Huawei ကို ပိတ်ပင်အရေးယူဖို့အစီအစဉ်မရှိသေးပေမယ့် ယူကေမှ BT နဲ့ပြင်သစ်မှ Orange တယ်လီကွန်းတို့ဟာ သူတို့နိုင်ငံရဲ့ Core Networks တွေမှာ Huawei ထုတ် 5G အစိတ်အပိုင်းတွေ သုံးမှာ မဟုတ်ဘူးလို့ကြေညာထားပါတယ်။