mid-range ၊ high-end နဲ့low-end 5G ဖုန်းတွေ မြင်ရတော့မှာပါ
Nyein Min Wai

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ လာမယ့်နှစ်မှာ 5G ဖုန်းပေါင်း ၁၀ မျိုးကျော် ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

တနင်္ဂနွေက တရုတ်နိုင်ငံအရှေ့ပိုင်း ဝူချိန်မှာ ကျင်းပတဲ့ ကမ္ဘာ့အင်တာနက်ကွန်ဖရင့်မှာ Xiaomi ရဲ့ CEO လေဂျန်ရဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Xiaomi အနေနဲ့လာမယ့်နှစ်ထဲမှာ တန်ဖိုးကြီး ၊ အလတ်ဈေးနဲ့ဈေးနည်းတဲ့ 5G ဖုန်းတွေ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Photo: gizchina

" နောက်နှစ်ဆိုရင် 4G မော်ဒယ်တွေ မရောင်းရမှာကို စိတ်ပူနေကြပါတယ်။ ဒီအနေအထားက ရှောင်လို့ရတာ မဟုတ်ပါဘူး။ ဒီတော့ အော်ပရေတာတွေအနေနဲ့လည်း 5G အခြေစိုက်စခန်းတွေ အဟုန်နဲ့တိုးချဲ့ဖို့မျှော်လင့်ပါတယ်။" လို့လေဂျန်က ပြောပါတယ်။

5G ဖုန်းတွေအနေနဲ့Xiaomi ဟာ လက်ရှိမှာ Mi Mix 3 5G နဲ့Mi 9 Pro 5G ဖုန်းတွေကို မိတ်ဆက်ထားသလို concept ဖုန်းတစ်လုံးဖြစ်တဲ့ Mi Mix Alpha 5G ကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။ နောက်ထွက်လာမယ့် 5G ဖုန်းအနေနဲ့Redmi K30 ကို dual-band 5G support ပေးတဲ့ ဖုန်းအဖြစ် မြင်ရမယ်လို့တရားဝင်ပြောကြားထားပါတယ်။

Redmi K30 ဟာ SA (Standalone mode) နဲ့4G ကွန်ရက်ပေါ် အခြေခံထားတဲ့ NSA (Non-Standalone Mode) ကွန်ရက်နှစ်မျိုးစလုံး ပံ့ပိုးပေးသွားမယ့်ဖုန်းဖြစ်သလိူ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး punch hole ကင်မရာ သုံးတဲ့ ဖုန်းဖြစ်မှာပါ။ Xiaomi ဟာ 5G support ပေးနိုင်တဲ့ Snapdragon 7 series processor သုံး စမတ်ဖုန်းတွေလည်း ဖြန့်ချိသွားဖို့စီစဉ်နေပါတယ်။


Photo: gizchina

Xiaomi ဟာ တရုတ်ဈေးကွက်မှာ ပြိုင်ဘက် Huawei Technologies နဲ့အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ စမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းဈေးကွက်မှာ ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာ Xiaomi ရဲ့ ရှယ်ယာတန်ဖိုးကလည်း ဖြည်းဖြည်းချင်း ကျဆင်းလာနေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလဲမှာ ကုမ္ပဏီအနေနဲ့ဒေါ်လာ ၁.၅ ဘီလျံဖိုး ရှယ်ယာတွေ ပြန်ဝယ်မယ်လို့ကြေညာခဲ့ပါတယ်။

၂၀၁၉ ဒုတိယသုံးလပတ်အတွင်း တရုတ်ဈေးကွက်မှာ Xiaomi ဟာ ဈေးကွက်ဝေစု ၁၁.၈% ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ၁၃.၉% ရှိခဲ့တယ်လို့Canalys ရဲ့ ဈေးကွက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


က္က