အူရီဒူးမြန်မာဟာ Nokia နဲ့ပူးပေါင်းပြီး VoLTE မျိုးဆက်သစ်နည်းပညာကို ပထမဆုံးအဖြစ် လက်တွေ့သရုပ်ပြသခဲ့ပါတယ်။
Photo: အူရီဒူးမြန်မာ
စက်တင်ဘာ ၅ ရက်နေ့က VoLTE နည်းပညာသရုပ်ပြပွဲကို မြန်မာပလာဇာရှိ အူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင်မှာ မိတ်ဆက်ပြသခဲ့တာပါ။ VoLTE နည်းပညာကြောင့် video call လိုမျိုး အရည်အသွေး ပိုမို ကောင်းမွန်တဲ့ ဖုန်းခေါ်ဆိုမှုများ လုပ်ဆောင်ရင်း တစ်ချိန်တည်းမှာ ဒေတာသုံးစွဲမှုကိုပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အူရီဒူးဟာ ၂၀၁၈ နှစ်ဆန်းပိုင်းက သာမန် 4G ကွန်ရက်စနစ်ထက် ၃ ဆပိုမို မြန်ဆန်သွက်လက်တဲ့ 4G Pro ကွန်ရက်ကို မန္တလေးမှာ သရုပ်ပြသခဲ့ပါတယ်။ 4G Pro ကွန်ရက်သစ်ဟာ 500 Mbps နှုန်းအထိ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပြီး ဒီကွန်ရက်ကို အပြည့်အဝ သုံးနိုင်ဖို့အတွက် စမတ်ဖုန်း chipset များနဲ့လည်း ချိတ်ဆက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
Ooredoo Group ဟာ Nokia ကုမ္ပဏီနဲ့ပူးပေါင်းပြီး “5G ကွန်ရက်သို့ ပြောင်းလဲတိုးတက်မှု” နာမည်နဲ့မျိုးဆက်သစ်ကွန်ရက်နည်းပညာကို ဖော်ဆောင်ဖို့ဖေဖော်ဝါရီလကုန်ပိုင်းက ကြေငြာထားပါတယ်။ 5G ကွန်ရက်စနစ်ကို Ooredoo Group အနေနဲ့အရှေ့တောင်အာရှဒေသ ၊ အရှေ့အလယ်ပိုင်း ဒေသ နဲ့မြောက်အာဖရိကတို့မှာ 5G ကွန်ရက်ဝန်ဆောင်မှုကို အဆင့်မြှင့်တင်သွားမယ်လို့ဆိုပါတယ်။
Photo: Ooredoo Qatar
လက်ရှိမှာ အူရီဒူးမြန်မာဟာ Ookla မြန်နှုန်းစမ်းသပ်ချက် မှတ်တမ်း Q1-Q2 အရ မြန်မာနိုင်ငံရဲ့ အမြန်ဆုံးကွန်ရက်ဖြစ်တယ်လို့လည်း သိရပါတယ်။