တစ်ခြားစမတ်ဖုန်းကုမ္ပဏီကြီးတွေလည်း 6G သုတေသနလုပ်နေပါတယ်

5G ဖုန်းတွေ ခေတ်စားလို့ နှစ်ပတ်မလည်သေးခင်မှာ Xiaomi ဟာ ဆဌမမျိုးဆက် ဆက်သွယ်ရေးပိုင်းအကြိုသုတေသနတွေ စတင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

Xiaomi ပူးတွဲတည်ထောင်သူ လေဂျန်ကိုယ်တိုင်က ကုမ္ပစီဟာ 6G မိုဘိုင်းချိတ်ဆက်မှုအတွက် အကြိုသုတေသနတွေ စတင်လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ South China Morning Post သတင်းအရ 6G နဲ့ ပတ်သက်လို့ လေဂျန်ပြောတာဟာ ဒီတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။




Photo: gizchina

ပြီးခဲ့တဲ့ မေလအတွင်း ကျင်းပခဲ့တဲ့ Two Sessions လို့ခေါ်တဲ့ တရုတ်ရဲ့ နှစ်စဉ်ဥပဒေရေးရာတွေ့ဆုံပွဲမှာ လေဂျန်ဟာ နောက် ၅ နှစ်စာအတွက် အဆိုပြုချက် ၄ ခု စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လုပ်သွားဖို့ အဆိုပြုထားတဲ့ အစီအစဉ် ၄ ခုထဲက တစ်ခုကတော့ ပုဂ္ဂလိကကုမ္ပဏီတွေ ပါဝင်ပြီး ဗျူဟာမြောက်အစီအစဉ်တစ်ခုအဖြစ် ဂြိုလ်တုအင်တာနက် လုပ်ဖို့ ဖြစ်ပါတယ်။

Xiaomi အနေနဲ့ ကိုယ်တိုင် ဂြိုလ်တုလွှင့်တင်ဖို့ မရှိပေမယ့် 6G ဟာ အခြေစိုက်စခန်းနဲ့ ဝိုင်ယာလက်စံသစ်နောက်ကွယ်က ဂြိုလ်တုတွေကို ပံ့ပိုးပေးမယ့် ထုတ်ကုန်တွေ လိုမယ်လို့ ပြောခဲ့ပါတယ်။ 6G ဟာ တဖြည်းဖြည်းနဲ့ လူပြောများလာတဲ့ အကြောင်းအရာ ဖြစ်ပေမယ့် အခုထိတော့ စံသတ်မှတ်ချက်တွေ မထားရှိသေးပါဘူး။ တရုတ်တယ်လီကွန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ZTE နဲ့ China Telecom တို့ဟာ 6G ကွန်ရက်သုတေသနအတွက် နည်းလမ်းရှာနေပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာ 6G သုတေသန ပူးတွဲလုပ်ဆောင်ရေးအတွက် ZTE နဲ့ China Telecom တို့ဟာ သဘောတူညီမှုတစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ စမတ်ဖုန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Huawei နဲ့ Samsung တို့ဟာလည်း 6G ကွန်ရက်သုတေသနလုပ်ငန်းများ စတင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က