Huawei နဲ့ Samsung တို့လည်း လုပ်ဆောင်နေပါတယ်

တရုတ်စမတ်ဖုန်း ကုမ္ပဏီ Vivo ဟာ ဆဌမမြောက် ကွန်ရက်နည်းပညာကို တက်လှမ်းဖို့ အစီအစဉ်တွေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်‌ဒေါင်ခရိုင်မှာရှိတဲ့ Vivo ရုံးချုပ်မှာ 6G ကွန်ရက်အတွက် သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့တစ်ခု ဖွဲ့စည်း Gizmochina သတင်းမှာ ဖော်ပြထားပါတယ်။ Vivo ရဲ့ ဆက်သွယ်ရေးသုတေသနလေ့လာရေး အကြီးအကဲ ချင်ဖိန်ကတော့ "5G ကို အခုမှ စီးပွားဖြစ် စတင်အသုံးပြုလာတာ ဖြစ်ပေမယ့် Vivo ဟာ မျိုးဆက်သစ်ကွန်ရက်နည်းပညာသစ်ဖြစ်တဲ့ 6G ကို ကြိုတင် တီထွင်ကြံဆဖို့အတွက် အခင်းအကျင်းတွေ စတင်ထားပါတယ်။" လို့ ပြောပါတယ်။



Photo: priyankgada


ချင်ရဲ့ အဆိုအရ 6G နည်းပညာဖော်ထုတ်မှုမှာ ကုမ္ပဏီဟာ ကနဦးအစောပိုင်း အဆင့််မှာပဲ ရှိသေးတယ်လို့ဆိုပါတယ်။ Vivo ဟာ 6G ကွန်ရက်နည်းပညာသစ်အတွက် app အမျိုးမျိုးနဲ့ သရုပ်ပြစမ်းသပ်မှုတွေ လုပ်ဖို့ သုတေသနအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသလို 6G ကွန်ရက်နည်းပညာပိုင်း သုတေသနရလဒ်တွေ ပိုမိုကောင်းမွန်စေဖို့ ပြည်တွင်းပြည်ပတက္ကသိုလ်တွေနဲ့ ပူးပေါင်းလက်တွဲသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကြီးနှစ်ခု ဖြစ်တဲ့ Samsung နဲ့ Huawei တို့ဟာ 6G ကွန်ရက် သုတေသနလုပ်ဆောင်နေပါတယ်။ Huawei ဟာ ကနေဒါနိုင်ငံ အော့တိုဝါမှာ ရှိတဲ့ Huawei Labs မှာ 6G ကွန်ရက်သုတေသနပြုမှု စတင်နေပြီး Samsung ကလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ 6G သုတေသနစင်တာတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။



5G ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ 6G ကွန်ရက်ဟာ လှိုင်းလွှတ်နှုန်း ၁၀ ဆကျော် ပိုမြန်ပြီး download Speed အနေနဲ့ တစ်စက္ကန့်ကို 1TB အထိ ရှိမယ်လို့ ဆိုပါတယ်။ 6G ကွန်ရက်နည်းပညာဟာ Multidimensional ဒီဇိုင်းနည်းပညာများ ၊ အာရုံခံစနစ် ပါဝင်တဲ့ 3D IoT ထုတ်ကုန်ဒီဇိုင်းများ စမတ်မြို့တော်များ ပေါ်ပေါက်ရေး လမ်းဖွင့်ပေးမယ့် နည်းပညာ ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့နှစ် စတုတ္ထသုံးလပတ်အထိ Counterpoint ရဲ့ အချက်အလက်တွေအရ Vivo ဟာ လက်ရှိမှာ ပဉ္စမမြောက် ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်နေပြီး ကုမ္ပဏီရဲ့ ကွန်ရက်သုံးစွဲသူဦးရေဟာ သန်း ၃၀၀ ခန့် ရှိပြီလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က