Visa Card နဲ့ဝယ်သူများအတွက် ၂၅% ထပ်ပြီး discount ရမှာပါ

တစ်ရက်တည်းနဲ့အကြီးအကျယ် ဈေးလျှော့ပေးမယ့် Mega Discount များ ၊ အချိန်တိုအတွင်း အကန့်အသတ်နဲ့အထူးလျှော့ဈေးပေးမယ့် Flash Sale များ နဲ့အတူ လက်ဆောင်ပစ္စည်းမျိုးစုံပါ စီစဉ်ထားတဲ့ 11.11 ဈေးရောင်းပွဲတော်ကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Photo: Shop.com.mm

 

Alibaba ရဲ့ မိသားစုဝင်ဖြစ်လာတဲ့ Shop ကနေ ဦးဆောင်ကျင်းပသွားမယ့် ဒီပွဲဟာ ကမ္ဘာပေါ်မှာာ အကြီဆုံး Sale Day နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပသွားမှာပါ။ တရုတ်နိုင်ငံမှာ Singles' Day လို့ခေါ်တဲ့ ဒီနေ့ကို Alibaba ဟာ အွန်လိုင်း ဈေးပွဲတော်အဖြစ် ၂၀၁၃ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

11.11 ဈေးရောင်းပွဲတော်မှာ လူသုံးကုန် လျှပ်စစ်ပစ္စည်းများ ၊ ဖက်ရှင်ပစ္စည်းများ ၊ ကလေးအသုံးအဆောင်များ ၊ အိမ်သုံးပစ္စည်းများ ၊ နာမည်ကြီး brand များ ၊ အလှအပပစ္စည်းများ နဲ့အားကစားပစ္စည်းများကို အများဆုံး ၈၀% လျှော့ဈေးနဲ့ဝယ်ယူနိုင်ပြီး ဝယ်ယူတဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်သွားမယ်လို့ဆိုပါတယ်။

အထူးအစီအစဉ်အနေနဲ့11.11 ပွဲမှာ Visa Card နဲ့ငွေချေသူများအတွက် ၂၅% လျှော့ဈေး ထပ်မံပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

Alibaba ဟာ ယခုနှစ် မေလဆန်းပိုင်းက Daraz Group ကို ဝယ်ယူခဲ့တာပါ။ Daraz Group ကို Alibaba မှ ဝယ်ယူလိုက်ပြီးနောက် Shop.com.mm ရဲ့ လုပ်ငန်းစဉ်များဟာ Alibaba Group ရဲ့ ဦးဆောင်မှုနဲ့လည်ပတ်သွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက် Singles Day နေ့ဈေးပွဲတော်ဟာ Alibaba ပလက်ဖောင်းအတွက် စံချိန်တင် ရောင်းအားမြင့်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က Singles Day မှာ Alibaba ရဲ့ ရောင်းအားဟာ ဒေါ်လာ ၅.၈ ဘီလျံရှိခဲ့ပြီး ၂၀၁၄ နဲ့၂၀၁၅ မှာ ဒေါ်လာ ၉.၃ ဘီလျံနဲ့ဒေါ်လာ ၁၄.၃ ဘီလျံဖိုး ရှိခဲ့ပါတယ်။

Photo: Duwun Tech

 

ပြီးခဲ့တဲ့နှစ်က Alibaba ရဲ့ Singles Day နေ့၁၂ နာရီအတွင်း ရောင်းအား ဒေါ်လာ ၁၈ ဘီလျံကျော်ခဲ့ပြီး တစ်ရက်တာဈေးပွဲတော် ရောင်းအားဟာ ဒေါ်လာ ၂၅.၄ ဘီလျံအထိ စံချိန်တင် ရရှိခဲ့ပါတယ်။



က္က