တရုတ်ရဲ့ ကမ္ဘာကျော် social app ထဲက တစ်ခု ဖြစ်တဲ့ TikTok ကတော့ ၂ နှစ်အတွင်း လစဉ် ပုံမှန်သုံးစွဲသူဦးရေဟာ သန်း ၅၀၀ နဲ့အထက်မှ ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ပြီး ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီး ဖြစ်တဲ့ Facebook ကလည်း TikTok နေရာကို ယူနိုင်မယ့် စက္ကန့်ပိုင်းစာ music video app တစ်ခုကို ဖန်တီးတော့မယ်လို့ဆိုပါတယ်။
Photo: Tech Crunch
Facebook ကတော့ ဒီအတွက် project ကို Lasso ဆိုတဲ့ ကုဒ်နာမည်နဲ့အကောင်အထည်ဖော်နေပြီး TikTok အတိုင်း ဆယ်ကျော်သက် မြီးကောင်ပေါက်လူငယ်တွေ စိတ်လှုပ်ရှားစေမယ့် ခပ်မိုက်မိုက် music video အတိုအထွာပုံစံနဲ့ထုတ်သွားမှာပါ။ ဒီ app ကို full screen ကြည့်နိုင်မှာ ဖြစ်ပြီး standalone product အနေနဲ့သီးသန့်ထွက်လာမယ်လို့ဆိုပါတယ်။
"အခြေခံအားဖြင့်တော့ TikTok (Musical.ly) လိုပါပဲ။ scren အပြည့်နဲ့လာပြီး လူငယ်တွေအတွက် ပေါ့ပေါ့ပါးပါး နဲ့ဖန်တီးမှုပိုင်း အသားပေးတဲ့ ပုံစံနဲ့ထုတ်သွားမှာပါ။ " လို့Facebook ဝန်ထမ်းတွေဆီက သတင်းတွေမှာ ဖော်ပြထားပါတယ်။
TikTok စတိုင် နောက်ခံနာမည်ကျော် တေးသွားတွေနဲ့အတူ ကိုယ့်ရဲ့ အမူအယာကို record ဖမ်းပြီး လူမှုကွန်ရက်မှာ ပြန် share နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းကတော့ Facebook ဟာ Facebook Live မှာ feature အနေနဲ့ထည့်သွင်းလာတဲ့ Lip Sync Live ဆိုတဲ့ feature ကို တစ်ချို့ဈေးကွက်များမှာ စမ်းသပ်ကြည့်ခဲ့ပါတယ်။
Facebook မှ အတုယူထားတဲ့ TikTok ကတော့ ၁၅ စက္ကန့်ရုပ်သံ app အဖြစ် ထွက်ထားတာပါ။ မကြာသေးခင်ကပဲ TikTok ပိုင် ByteDance ကုမ္ပဏီဟာ Musical.ly ကို ဒေါ်လာ ၁ ဘီလျံနဲ့ဝယ်ယူသွားခဲ့ပြီး တဟုန်းထိုးကြီးထွားလာမယ့် ဈေးကွက်ကို အရှိန်တင်နေပါတယ်။
TikTok ဟာ ကမ္ဘာ့သြဇာအကြီးဆုံး music video app စာရင်းထဲ ဝင်ရောက်လာပြီး လက်ရှိ လစဉ် သုံးစွဲနေတဲ့ လူ သန်း ၅၀၀ ထဲမှာ သန်း ၁၅၀ ပဲ တရုတ်ပြည်သူတွေ သုံးနေတာ ဖြစ်လို့တရုတ်ပြင်ပထွက်ပြီး ကမ္ဘာအရပ်ရပ်မှာ ကျော်ကြားလာပြီလို့ဆိုရမှာပါ။
Photo: Mashable
၂၀၁၈ ပထမသုံးလပတ်အတွင်း TikTok ဟာ ကမ္ဘာပေါ်မှာ ဒေါင်းလုပ်ဆွဲမှုအများဆုံး iPhone app အဖြစ် ၄၅.၈ သန်းကျော်ခဲ့ပြီး Facebook ၊ Instagram နဲ့YouTube တို့ကို ကျော်တက်နိုင်ခဲ့ပါတယ်။ Facebook ကတော့ ၂၀၁၆ ကတည်းက လူငယ်များအကြား ရေပန်းစားလာတဲ့ Musical.ly ကို လေ့လာဖို့သုတေသနအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ Facebook ရဲ့ music video app ကတော့ ဘယ်နေ့ထွက်လာမလဲ မသိရသေးပါဘူး။