အစောပိုင်း စမ်းသပ်ချက်တွေအရ ၇၆% တိကျမှန်ကန်ပါတယ်။
Nyein Min Wai

EU အဖွဲ့ဝင် နိုင်ငံ ၃ ခုဟာ AI နည်းပညာနဲ့တီထွင်ထားတဲ့ အလိုအလျောက် မုသားသိစနစ်ကို နိုင်ငံ့ဝင်ပေါက်တွေမှာ စမ်းသပ်အသုံးပြု သွားတော့မယ်လို့ဆိုပါတယ်။

http_%2F%2Fcdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F170906095143-uk-border.jpg

Photo: CNN

 

iBorderCtrl လို့ခေါ်တဲ့ ဒီနည်းပညာကို ဟန်ဂေရီ ၊ လတ်ဗီးယားနဲ့ဂရိတို့ရဲ့ နယ်စပ် ၄ နေရာမှာ ၆ လကြာ စမ်းသပ်သွားမှာ ဖြစ်ပြီး နိုင်ငံဖြတ်ကျော်မှုကို ပိုပြီး မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ခရီးသည်များအနေနဲ့နိုင်ငံဝင်ခွင့်ကို အွန်လိုင်းကနေ လျှောက်လွှာဖြည့်ပြီး passport လိုမျိုး အထောက်အထားတစ်ချို့ကိုလည်း upload တင်နိုင်မှာပါ။

"နယ်ခြားကနေ ဝင်လာသူတွေကို စစ်ဆေးရာမှာ တိကျပြီး ထိရောက်မှု ပိုရှိလာစေဖို့အတွက် ကျွန်တော်တို့အနေနဲ့နည်းပညာတွေ သုံးလိုက်တာ ဖြစ်ပါတယ်။ " လို့ဒီပရောဂျက်ကို ဦးဆောင်တဲ့ ဂျော့ချ် ဘော့တူဒါကီးစ်က ဆိုပါတယ်။

iBorderCtrl စနစ်ဟာ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ယောက်လိုမျိုး မေးခွန်းများ မေးမြန်းသွားမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ AI နည်းပညာနဲ့ခရီးသည်ရဲ့ မျက်နှာပြင်ကို ဖတ်ရှုသွားမှာပါ။ ဒီနည်းပညာမှာ အသေးစားအမူအယာ micro-gestures ပေါင်း ၃၈ ခုကို ခွဲခြားဖတ်ရှုနိုင်ပါတယ်။

iBorderCtrl ဟာ ခရီးသည်ရဲ့ အိတ်ထဲမှာ ဘာတွေပါသလဲဆိုတာ မေးပြီး အထဲက ပါတဲ့ ပစ္စည်းဟုတ်မဟုတ်ကို webcam နဲ့ကြည့်မှာပါ။ မေးခွန်းအမေးအဖြေလုပ်နေချိန်မှာလည်း ခရီးသည်ဟာ ရှေ့မှာ ရှိတဲ့ webcam ကို ကြည့်နေရာမှာ ဖြစ်ပြီး သူ့ရဲ့ မျက်နှာအမူအယာတွေကနေ AI မှ စစ်ဆေးကြည့်နေမယ်လို့ဆိုပါတယ်။ ထပ်တလဲလဲစမ်းကြည့်ချက်များအရတော့  ၇၆% အောင်မြင်မှု ရထားပါတယ်။

virtual agent အဖြစ် လုပ်ဆောင်နိုင်တဲ့ iBorderCtrl ဟာ ခရီးသည်ရဲ့ လူမျိုး ၊ ဘာသာ ၊ ပြောစကားပေါ် လိုက်ပြီး လိုသလို customize ပြန်လုပ်နိုင်မှာပါ။ လူဝင်မှုကြီးကြပ်ရေးမှာ စစ်ဆေးပြီးစီးတဲ့ ခရီးသည်တွေကို QR code တစ်ခုစီ ပေးထားပြီး အဲဒီ code မရတဲ့ ခရီးသည်ကို တာဝန်ရှိပုဂ္ဂိုလ်များကနေ ထပ်မံစစ်ဆေးမယ်လို့ဆိုပါတယ်။ လောလောဆယ်မှာတော့ iBorderCtrl ဟာ နယ်စပ်ကို အတင်းဖြတ်မယ့် သူတွေကိုတော့ မတားဆီးနိုင်သေးပါဘူး။

ဒီအတွက် iBorderCtrl နည်းပညာကို နယ်စပ်အာဏာပိုင်များမှ လူအင်အားနဲ့ပါ ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး စနစ်ပိုင်း လုံခြုံမှုကို ၈၅% အထိ ရှိလာအောင် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

EU အနေနဲ့ပြင်ပမှ အကြမ်းဖက်ရာဇဝတ်မှုတွေ မဝင်ရောက်စေဖို့အတွက် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်စပို့ဌာနတွေ ပူးပေါင်းပြီး ခရီးသည်တွေရဲ့ DNA ၊ လက်ဗွေ ၊ ဓါတ်ပုံနဲ့အသံအချက်အလက်တွေပါ upload တင်နိုင်မယ့် ဗဟိုထိန်းချုပ်မှုစနစ်တစ်ခုကို အဆိုပြုထားပါတယ်။

5bdb044edda4c8655c8b45fe.jpg

Photo: RT

 

နယ်စပ်ဝင်ပေါက်မှာ AI မုသားဖော်စနစ်သုံးမယ့် iBorderCtrl ပရောဂျက်အတွက် EU မှ ရန်ပုံငွေ ယူရို ၄.၅ သန်း အသုံးပြုသွားမှာ ဖြစ်ပြီး ဒီနည်းပညာမျိုးကို ယူကေ ၊ စပိန် ၊ ပိုလန် ၊ ဂျာမနီနဲ့ဆိုက်ပရက်စ်တို့မှာလည်း အသုံးပြုသွားဖို့စီစဉ်နေပါတယ်။


က္က