၂၀၂၀ ရွေးကောက်ပွဲအတွင်း သတင်းမှား ဖြန့်မှုတွေအတွက်ပါ ပြင်ဆင်ရမှာပါ

အမုန်းစကားတွေကနေ တစ်ဆင့် အသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုတွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အပေါ် လုံလောက်တဲ့ ဟန့်တားကာကွယ်မှုတွေကို  Facebook မလုပ်ဆောင်နိုင်ခဲ့ဘူးလို့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတစ်ခုက ဖော်ပြထားပါတယ်။



sfwf.jpg

Photo: Mashable

 

ဆန်ဖရန်စစ္စကိုအခြေစိုက် Business for Social Responsibility (BSR) ရဲ့ ရီပို့တစ်ခုမှာ Facebook အနေနဲ့မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ content policy များ အားကောင်းခိုင်မာဖို့၊ မြန်မာအာဏာပိုင်တွေနဲ့အရပ်ဖက် လူ့အဖွဲ့အစည်းတွေအကြား ပိုပြီး ထိတွေ့မှု ရှိဖို နဲ့မြန်မာနိုင်ငံတွင်းက အရပ်ရပ်အခြေအနေ တိုးတက်မှုအပေါ် အချက်အလက်ပိုပြီး ပုံမှန် ထုတ်ပြန်ဖို့လည်း တိုက်တွန်းထားပါတယ်။

"အဲဒီအစီရင်ခံစာကတော့ ဒီ့အရင်နှစ်က ကျွန်တော်တို့ပလက်ဖောင်းကနေတစ်ဆင့် အကြမ်းဖက် သွေးထိုးခွဲခြားမှုတွေလုပ်ဆောင်ဖို့သုံးတဲ့အပေါ် လုံလောက်တဲ့ ကာကွယ်မှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ပြောထားတာပါပဲ။ ဒီအချက်ကို ကျွန်တော်တို့လည်း သဘောတူထားပြီး ဒီအတွက်လည်း ပိုပြီး လုပ်ဆောင်သင့်တယ်လို့ယူပါတယ် " လို့Facebook ရဲ့ ထုတ်ကုန်မူဝါဒရေးရာ မန်နေဂျာဖြစ်တဲ့ အဲလက်ဝါရော့ဖ်ကာက ဆိုပါတယ်။

Facebook ဟာ မြန်မာ့လူမှုကွန်ရက်အသိုင်းအဝိုင်းအကြား သတင်းအမှားပျံ့နှံ့မှုနဲ့အမုန်းစကား ပြန့်ပွားခြင်းမှာ တားဆီးဖို့အလွန်နှောင့်နှေးကြန့်ကြာခဲ့တယ်လို့ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုဆီ ဦးတည်တဲ့ အမုန်းစကားတားဆီးရေးမှာ အဟန့်အတားများထဲမှာ Facebook ရဲ့ content review အတွက် ဘာသာစကား ပြဿနာ ၊ ဇော်ဂျီ-ယူနီကုဒ် font အခက်အခဲ ၊ Facebook ရဲ့ တိုင်စာ reporting tools စိန်ခေါ်မှုများလည်း ပါဝင်နေပါတယ်။

လက်ရှိမှာ Facebook ဟာ လူမှုကွန်ရက်ပေါ်က content တွေကို စောင့်ကြည့်အကဲဖြတ်ဖို့မြန်မာစကားကျွမ်းကျင်သူ ၉၉ ဦးကို ခန့်အပ်ထားသလို အကြမ်းဖက်မှုလိုမျိုး ဆိုးဝါးတဲ့ အကြောင်းအရာတွေဆီ ဦးတည်တဲ့ ပို့စ်တွေကို ဖြန့်ဖြူးမှု လျှော့ချပေးမယ့် AI tools တွေကို တိုးချဲ့အသုံးပြုနေတယ်လို့ဆိုပါတယ်။

ယခုနှစ် တတိယသုံးလပတ်အတွင်း Facebook ဟာ အမုန်းစကားမူကို ချိုးဖောက်တဲ့ contents ပေါင်း ၆၄၀၀၀ ခန့်ကို အရေးယူဖယ်ရှားခဲ့ပြီး ဒီထဲက ၆၃% ဟာ အလိုအလျောက် ဆော့ဖ်ဝဲလ်စနစ်ကနေ ဖယ်ရှားခဲ့တာလို့ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ ဦးရေဟာ အကြမ်းဖျဉ်း သန်း ၂၀ ခန့်ရှိပြီး ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက followers ၁.၃ သန်းကျော် ရှိထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၀ ကို ပိတ်သိမ်းအရေးယူခဲ့ပါတယ်။

နောက်ဆက်တွဲအရေးယူမှုအနေနဲ့အောက်တိုဘာ ၁၅ ရက်နေ့ကလည်း Facebook ဟာ မြန်မာစစ်တပ်နဲ့ဆက်စပ်နေတဲ့ သတင်း ၊ အလှအပရေးရာနဲ့ဖျော်ဖြေရေး pages များ အကောင့်များ ပိတ်သိမ်းကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

Photo: Tech Crunch

 

BSR ရဲ့ အစီရင်ခံစာမှာ Facebook အနေနဲ့၂၀၂၀ မြန်မာ့နိုင်ငံရေး ရွေးကောက်ပွဲမှာ သတင်းမှားများ တက်မလာရေးလိုမျိုး ကိစ္စတွေအတွက် ကြိုတင် ပြင်ဆင်ဖို့လည်း သတိပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က