အသက် ၁၀ နှစ်နဲ့ထိုင်းမှာ ချန်ပီယံဖြစ်လာခဲ့တာပါ
Nyein Min Wai

တရုတ်နိုင်ငံ ရှန်ကျန်းမှာ ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဒရုန်းမောင်းနှင်ပြိုင်ပွဲမှာ အသက် ၁၁ နှစ်အရွယ် ထိုင်းနိုင်ငံသူဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဒရုန်းမောင်း ချန်ပီယံဆု ရရှိခဲ့ပါတယ်။

60e23327faf3b64de60ccb5642265309.jpeg

Photo: bangkokpost

 

အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ ဝမ်ရာယာ ဝမ်နာပေါင်ဟာ ထိုင်းနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်အဖြစ် ဝင်ပြိုင်ခဲ့တာ ဖြစ်ပြီး VR headset ဝတ်စုံတွေ ဝတ်ဆင်ကာ ဒရုန်းတွေကို မောင်းနှင်ရတာပါ။ နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပတဲ့ ဒီပွဲမှာ level ပေါင်းစုံ ပြိုင်ရတာ ဖြစ်ပြီး အတားအဆီးတွေ ဂိတ်တံခါးတွေကို ကျော်လွှားပြီး မောင်းနှင်ရတာ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်း ဒရုန်းတွေရဲ့ အမြန်နှုန်းကို အရောင်ပါတဲ့ အလင်းတွေနဲ့ဖော်ပြပေးတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ထိုင်းမှ ဝမ်ရာယာ ဝမ်နာပေါင်ဟာ ပြိုင်ဘက်အမျိုးသမီး ဒရုန်းယာဉ်မောင်း ၁၂ ဦးကို ကျော်ဖြတ်ပြီး အသက်အငယ်ဆုံး ဒရုန်းချန်ပီယံဖြစ်လာခဲ့တာပါ။ ဆုကြေးကတော့ ဒေါ်လာ ၈ ထောင် (ထိုင်းဘတ် ၂၆၃၀၀၀ ) ရရှိခဲ့တာ ဖြစ်ပါတယ်။

သူမကို ဆုပေးတဲ့ အပေါ် ချန်ပီယံရှစ်မှ ဂျူရီဥက္ကဌ ဘရူနို ဒီလာက အခုလို မှတ်ချက်ချပါတယ်။ "ပြိုင်ပွဲတစ်လျှောက်မှာ အမှားကင်းကင်းနဲ့တောက်လျှောက် မောင်းနှင်ခဲ့တာပါ။ သူမက မြန်ဖို့တင်မဟုတ်ဘဲ မှန်မှန်ကန်ကန်ကို ပျံသန်းနိုင်ခဲ့ပါတယ်။ " လို့ဆိုပါတယ်။

ဝမ်ရာယာဟာ ကျောင်းအားချိန်တိုင်း ဒရုန်းမောင်းနှင်မှုကို အစဉ်တစ်စိုက်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့လေကြောင်း အားကစားပြိုင်ပွဲအဖြစ် လေကြောင်း ဖက်ထရေးှရှင်း FAI က ကြီးမှူးတဲ့ ပြိုင်ပွဲမှာ ပထမဆုံး ကမ္ဘာ့ချန်ပီယံက သြစတြေးလျမှ အသက် ၁၅ နှစ်အရွယ် ရူဒီဘရောင်းနင်းဖြစ်ပြီး အရွယ်စုံ ပြိုင်ဘက် ၁၀၀ ကျော်ကို အနိုင်ယူခဲ့တာပါ။

နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ တရုတ်နိုင်ငံ ရှန်ကျန့်မှာ ကျင်းပတဲ့ ပွဲမှာတော့ ဝမ်ရာယာဟာ အသက်အငယ်ဆုံး ဒရုန်းချန်ပီယံ ဖြစ်လာခဲ့တာပါ။

Screen-Shot-2018-11-06-at-12.40.56.jpg

Photo: The Thaiger

 

 Milk လို့လည်း လူသိများတဲ့ ဝမ်ရာယာဟာ ပြီးခဲ့တဲ့နှစ် မေလကလည်း ဘန်ကောက်မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံ ဒရုန်း ဂရင်းဖလား ၂၀၁၇ ပွဲမှာ အသက် ၁၀ နှစ်ထဲနဲ့ချန်ပီယံဖြစ်ခဲ့ပါတယ်။ ထိုအချိန်က သူမဟာ ပြိုင်ပွဲရဲ့ အငယ်ဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး ပြိုင်ပွဲဝင် ဖြစ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


က္က