အထူးလက်ဆောင်များလည်း ပေးခဲ့ပါတယ်။
Nyein Min Wai

နိုင်ငံတကာ ဈေးကွက်မှာ လူကြိုက်များနေတဲ့ နည်းပညာမြင့် Huawei Mate 20 series တွေကို နိုဝင်ဘာ ၁၀ ရက်နေ့က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ရောင်းချခဲ့ရာမှာ ညလုံးပေါက် တန်းစီစောင့်ဆိုင်း ဝယ်ယူတဲ့အထိ စိတ်ဝင်စားမှု ရရှိခဲ့တယ်လို့ဆိုပါတယ်။

002_1280x688.jpeg

Photo: Huawei

 

စကာၤပူ ၊ ရှန်ဟိုင်း တို့မှာ Huawei Mate 20 စီးရီးများ ပထမဆုံးအကြိမ် စတင်ရောင်းချချိန်မှာ အနည်းဆုံး လူ ၁ ထောင်ကျော်ဟာ မနက် ၆ နာရီကတည်းက ဆိုင်ဖွင့်တဲ့ အချိန်အထိ တန်းစီ စောင့်ဆိုင်းခဲ့ကြပြီး မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ ၉ ရက်နေ့ည ၈ နာရီကတည်းက စပြီး ညလုံးပေါက် တန်းစီ စောင့်ဆိုင်းခဲ့တာပါ။

Huawei Mate 20 series သစ်များ ပထမဆုံး အရောင်းပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်နေ့ရန်ကုန်မြို့Junction City မှာ ကျင်းပခဲ့ပြီး ပထမဆုံး ဝယ်ယူသူ ၄၀ ကို တန်ဖိုးကြီး လက်ဆောင်များ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

ပြည်တွင်းဈေးကွက်မှာ Huawei Mate 20 ကို Midnight Blue ၊ Twilight ကာလာများ ၊ Mate 20 Pro ကို ကျောက်စိမ်းကာလာနဲ့အနက် ကာလာများနဲ့ဖြန့်ချိခဲ့တာပါ။ Huawei Mate 20 series ပထမဆုံး အရောင်းပွဲတော်မှာ Huawei Mate 20 ဝယ်သူများကို Huawei Talkband B5 ၊ Huawei NM Card 128GB ၊ Telenor Wifi Broadband တစ်ခု နဲ့10000 mAh PowerBank များ ပေးခဲ့ပြီး Huawei Mate 20 Pro ဝယ်သူများအတွက် ဒီလက်ဆောင်တွေအပြင် Huawei Wireless Charger များ လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလက်ဆောင်တွေအပြင် အစောဆုံး ဝယ်သူ ၄၀ ထဲမှ ပထမဆုံး တန်းစီစောင့်သူ ၅ ဦးကို 4G စနစ် အသုံးပြုနိုင်တဲ့ Huawei Smartwatch နဲ့ကျန်တဲ့ ၃၅ ဦးကို ၁၀ လက်မအရွယ် Huawei Media Pad T3 တက်ဘလက်များ လက်ဆောင်ပေးခဲ့ပါတယ်။

Huawei Mate 20 နဲ့Mate 20 Pro တို့ဟာ မျက်နှာပြင် ၆.၅၃ လက်မနဲ့၆.၃၉ လက်မ စီရှိပြီး Huawei ရဲ့ ကမ္ဘာ့ပထမဆုံး 7nm Process နည်းနဲ့ထုတ်ထားတဲ့ Kirin 980 processor သုံးထားပြီး RAM 6GB/128GB ဗားရှင်းနဲ့ထွက်လာတာ ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာ သုံးလုံးပါရှိပြီး Pro ဗားရှင်းမှာ in-display fingerprint scanner နဲ့အတူ တစ်ခြား ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ Reverse Wireless Charging နည်းပညာ ပါရှိပါတယ်။

010_1280x853.jpg

Photo: Huawei

 

ဈေးနှုန်းအနေနဲ့Huawei Mate 20 ကို ၁၀ သိန်း ၉ သောင်း ၉ ထောင်ကျပ်နဲ့Pro ဗားရှင်းကို မြန်မာငွေ ၁၄ သိန်း ၉ သောင်း ၉ ထောင်ကျပ်နဲ့ရောင်းချခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


က္က