mining လုပ်ထားတာတွေကို အစိုးရက သိမ်းသွားပါတယ်။

တရုတ်နိုင်ငံမှ ကျောင်းအုပ်ဆရာတစ်ဦးဟာ ကျောင်းရဲ့ လျှပ်စစ်မီးကို crypto currency mining လုပ်မှုကြောင့် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။



slide0001004bitcoincryptocurrencies-580x358.jpg

Photo: theinquirer

 

ဟူနန်က ကျောင်းတစ်ကျောင်းမှာ နေ့ရော ညပါ ဆူညံနေတယ်ဆိုတဲ့ တိုင်ကြားချက်ကနေ တစ်ဆင့် cryptocurrency mining ခိုးလုပ်နေတာကို တွေ့ရှိခဲ့တာပါ။ ကျောင်းအုပ်ဆရာဖြစ်တဲ့ လိုင်ဟွာဟာ ၂၀၁၇ ခုနှစ်က ကျောင်းထဲမှာ ethereum ထုတ်တဲ့ mining machine ၈ လုံး သုံးပြီး crypto mining လုပ်ခဲ့တာ ဖြစ်ပါတယ်။ crypto mining လုပ်ငန်းစဉ်ဟာ လျှပ်စစ်ဓါတ်အားကို အကြီးအကျယ် သုံးစွဲတဲ့ process ဖြစ်ပါတယ်။

crypto mining ဟာ အလွန်ရှုပ်ထွေးတဲ့ ကွန်ပျူတာ process တစ်ခုကနေ ပုစ္ဆာတွေ ၊ ပြဿနာတွေ ရှင်းရတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးက ကွန်ပျူတာ နက်ဝါ့ခ်တွေကနေ စောင့်ကြည့်နိုင်တဲ့ စနစ်တစ်ခုပါ။ ပုစ္ဆာတစ်ဆင့်ချင်းစီအလိုက် သတ်မှတ်ထားတဲ့ Bitcoin / ethereum စတဲ့ coin တွေကို ဆုအဖြစ် ရတာပါ။ mining လုပ်သူများဟာ crypto coin ထုတ်ရာမှာ လျှပ်စစ်စွမ်းအင်အများအပြား သုံးရတာ ဖြစ်လို့high-powered machines များ သုံးရပါတယ်။

ဒေသတွင်း ရဲတပ်ဖွဲ့ရဲ့ အဆိုအရ တစ်နှစ်ခန့်အတွင်းမှာ ဒီကျောင်းဟာ ethereum ထုတ်ဖို့အတွက် ယွမ် ၁၄၇၀၀ (ဒေါ်လာ ၂၁၂၀) အထိ လေလွင့်စေခဲ့တာပါ။ လိုင်ဟွာဟာ ethereum ကို ပြီးခဲ့တဲ့ နှစ် ဇွန်လက အိမ်မှာ စပြီး ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ethereum စက်တစ်လုံးကို ယွမ် ၁ သောင်း ခန့်ပေးဝယ်ခဲ့တာ ဖြစ်ပြီး  နေ့တိုင်း တစ်နာရီကို ၂၁ ကီလိုဝပ်နှုန်း ဆွဲတာ ဖြစ်လို့မီတာခသက်သာအောင် ကျောင်းမှာ ပြောင်းပြီး ထုတ်ခဲ့တာပါ။

နောက်ပိုင်းမှာ ကျောင်းကွန်ပျူတာခန်းထဲက နောက်ထပ် ကွန်ပျူတာ ၇ လုံးမှာပါ mining လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းဝန်ထမ်း တစ်ဦးမှ လိုင်ဟွာကို ပုံမှန်မဟုတ်တဲ့ လျှပ်စစ်သုံးစွဲမှု မြင့်တက်ခြင်းအပေါ် အကြောင်းကြားခဲ့ပေမယ့် သူကတော့ အဲကွန်းတွေ အလွန်အကျွံ သုံးတာကြောင့်လို့ပုံချခဲ့ပါတယ်။

Photo: Owojela's Blog

 

၂၀၁၈ ဇန်နဝါရီမှာ ဒုကျောင်းအုပ်ပါ လိုင်ဟွာရဲ့ အကူအညီနဲ့နောက်ထပ် စက်တစ်လုံးဝယ်ပြီး ကျောင်းမှာ ethereum mining လုပ်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ ဒီဆရာနှစ်ဦးရဲ့ cryptocurrency တွေကို သိမ်းဆည်းခဲ့ပေမယ့် ပမာဏကိုတော့ မကြေငြာခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က