ဖုန်းတွေက ရောင်းအားအကောင်းဆုံး ပစ္စည်းဖြစ်ခဲ့ပါတယ်
Nyein Min Wai

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားတဲ့ Alibaba ရဲ့ 11.11 အွန်လိုင်းဈေးရောင်းပွဲတော် စတင်ပြီး ၁ နာရီအတွင်း ရောင်းအားဟာ ကျပ်သိန်း ၁၅၀၀ (ဒေါ်လာ ၉ သောင်း) ကျော်ဖိုး ရှိခဲ့တယ်လို့ဆိုပါတယ်။

45987618_1987219651343149_1380031867616493568_o.jpg

Photo: Shop.com.mm

 

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ 11.11 The World’s Biggest Sale Day နေ့မှာ Shop.com ဟာ ပရိုမိုးရှင်းကာလကို ရက်တိုးချဲ့ပြီး ကျင်းပခဲ့ပါတယ်။ ဈေးရောင်းပွဲတော် ကာလအတွင်း SHOP app ကို အသုံးပြုသူ ၁ သိန်းခွဲအထိ ရှိခဲ့ပြီး မိုဘိုင်းလ်ဖုန်းတွေဟာ ရောင်းအားအကောင်းဆုံး ပစ္စည်း ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ Samsung ၊  Huawei ၊ Xiaomi ၊ Honor ၊ Ponds ၊ Vaselin ၊ ERKE ၊ Adidas ၊ Nike ၊ Maybelline စတဲ့ နာမည်ကြီး လူသုံးကုန် brand ပေါင်းများစွာကို ၉၀% အထိ mega ပရိုမိုးရှင်းချကာ ရောင်းချခဲ့တာပါ။ 

Visa ကဒ်နဲ့ငွေချေသူများအတွက် အမြင့်ဆုံး ကျပ် ၅၀၀၀၀ အထိ လျှော့ဈေးထပ်ဆောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် အထူးအစီအစဉ်အဖြစ် CB နဲ့AGD ဘဏ်တို့မှ ထုတ်ပေးတဲ့ Visa ကဒ်နဲ့ဝယ်သူများကို ၂၂% လျှော့ဈေး (အများဆုံး ကျပ် ၁ သိန်းအထိ) ဈေးထပ် ချပြီး ရောင်းခဲ့တာပါ။

ပါကစ္စတန်အခြေစိုက် Daraz Group (Shop.com.mm) ကို Alibaba မှ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ဝယ်ယူခဲ့ပါတယ်။ Alibaba ရဲ့ မိသားစုဝင်ဖြစ်လာတဲ့ Shop ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ ဒီပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တာ ဖြစ်ပြီး ပွဲအတွင်း ဝယ်ယူခဲ့တဲ့ ပစ္စည်းတွေကို အိမ်တိုင်ရာရောက် အခမဲ့ စနစ်နဲ့ပို့ပေးခဲ့ပါတယ်။

46289874_1992751484123299_1686286022486261760_n.jpg

Photo: Shop.com.mm

 

Singles' Day လို့ခေါ်တဲ့ 11.11 ဈေးရောင်းပွဲတော်မှာ Alibaba လုပ်ငန်းစုဟာ တစ်မိနစ် ၂၅ စက္ကန့်အတွင်း ဒေါ်လာ ၁ ဘီလျံဖိုး ရောင်းချနိုင်ခဲ့ပြီး တစ်ရက်အတွင်း စုစုပေါင်း ယွမ် ၂၁၃.၅ ဘီလျံ (ဒေါ်လာ ၃၀.၈ ဘီလျံကျော်) ဖိုး ရောင်းချနိုင်ခဲ့တဲ့ စံချိန်သစ် စိုက်ထူခဲ့ပါတယ်။


က္က