ရှယ်ယာရှင်တွေရဲ့ ၆၀% ဖိအားပေးရင်တော့ ဆင်းပေးရမှာပါ
Nyein Min Wai

ပြဿနာတွေနဲ့လုံးချာလည် လိုက်နေပေမယ့် ဇူကာဘတ်ခ်အနေနဲ့Facebook ဘုတ်အဖွဲ့ရဲ့ chairman ရာထူးကနေ ဆင်းပေးသွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

105082444-GettyImages-144728773.jpg

Photo: CNBC

 

CNN နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ဇူကာဘတ်ခ်မှ အခုလို ပြောကြားခဲ့တာပါ။ Human Code ဆိုတဲ့ အစီအစဉ်မှာ ယိမ်းယိုင်လာနေတဲ့ Facebook ရဲ့ အခြေအနေနဲ့ဇူကာဘတ်ရဲ့ အနာဂါတ်အကြောင်းကို မေးခွန်းထုတ်ခဲ့ချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

"အဲဒါ အစီအစဉ်မှ မဟုတ်တာ။ လောလောဆယ် ရာထူးက နှုတ်ထွက်ဖို့ဆိုတာ အဓိပ္ပါယ်ရှိတဲ့ ကိစ္စလို့ကျွန်တော် မထင်ပါဘူး"လို့သူကပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ဇူကာဘတ်ခ်ဟာ သတင်းစာရှင်းလင်းပွဲမှာ အခုလိုမျိုး ဖြေခဲ့ပါတယ်။

၂၀၁၈ နှစ်ဆန်းပိုင်းကစပြီး Facebook ရဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ဇူကာဘတ်ခ်ကို ရာထူးက ဆင်းပေးဖို့တောင်းဆိုမှုတွေလုပ်ပြီး ဖိအားပေးခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်  ဇူကာဘတ်ခ်ဟာ Facebook မှာ CEO ရာထူးအပြင် ဘုတ်အဖွဲ့ဥက္ကဌ chairman အဖြစ်လည်း တာဝန်ယူထားသူပါ။ အစုရှယ်ယာအနေနဲ့သူဟာ Facebook ရဲ့ ၁၆% ပဲ ပိုင်ဆိုင်တာ ဖြစ်လို့ကုမ္ပဏီဘုတ်အဖွဲ့ရဲ့ ၆၀% က ငြင်းရင်တော့ ရာထူးက ဆင်းရဖို့ရှိပါတယ်။

လက်ရှိအခြေအနေအရ Facebook ကုမ္ပဏီဟာ လောလောဆယ် ရှယ်ယာတန်ဖိုး ၃% ကျဆင်းနေပြီး ၂၀၁၇ ဧပြီလအလွန် အနိမ့်ဆုံး အခြေအနေကို ရောက်ခဲ့တာပါ။ လူမှုကွန်ရက်သုံးသူများရဲ့ အချက်အလက်များ ပေါက်ကြားမှု ၊ အမေရိကန်ရွေးကောက်ပွဲကာလအတွင်း ရုရှားရဲ့ ကြားဖြတ်နှောင့်ယှက်မှုများအတွက် အကျဘက်ကို ဦးတည်လာနေတာ ဖြစ်ပါတယ်။

သူနဲ့အတူ Facebook ရဲ့ COO အဖြစ် တာဝန်ယူထားတဲ့ ရှာလီဆန်းဒ်ဘာ့ဂ်ကိုလည်း ရာထူးမှာ ဆက်ရှိမရှိ မေးခွန်းထုတ်နေကြပြီး ဇူကာဘတ်ခ်ကတော့ သူမကို ချီးကျူးပြီး နောင်နှစ်ပေါင်းများစွာ ကြာအောင် အလုပ်အတူ လုပ်ချင်တယ်လို့ကာကွယ်ပြောဆိုခဲ့ပါတယ်။

1__-9mJh8ChoejbPcNrBvTcg.jpeg

Photo: Hacker Noon

 

ဇူူကာဘတ်ခ်ဟာ မကြာခင်မှာ ယူကေနဲ့ကနေဒါပါလီမန်အမတ်များရှေ့မှာ စစ်ဆေးကြားနာဖို့ဆင့်ခေါ်ခံထားရပါတယ်။


က္က