ဒေါ်လာ ၁၇.၇ သန်း ကာမိသွားတယ်လို့ဆိုပါတယ်။
Nyein Min Wai

စတော့ဈေးကွက်ယိုင်တော့မယ့် အနေအထားကို ကြိုတွက်ဆနိုင်တာကြောင့် Facebook အပါအဝင် ကုမ္ပဏီ ၃ ခုမှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေရောင်းပြီး ဒေါ်လာ ၁၈ သန်း နီးပါး ကာမိသွားတဲ့ ဘီလျံနာကြီးတစ်ယောက် ရှိပါတယ်။

NINTCHDBPICT000450553342.jpg

Photo: The Sun

 

ရင်းနှီးမြှပ်နှံမှု နယ်ပယ်မှာ ဂုရုကြီးတစ်ယောက်အနေနဲ့နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် ဂျော့ချ် ဆိုးရော့စ်ဟာ Facebook ၊ Netflix နဲ့Goldman Sachs တို့မှာ ထည့်ထားတဲ့ စတော့ရှယ်ယာတွေကို ရောင်းချခဲ့တာပါ။

၁၉၇၀ ကတည်းက သူ တည်ထောင်ထားတဲ့ Soros Fund Management (SFM) အဖွဲ့အစည်းဟာ ဒီကုမ္ပဏီ ၃ ခုရဲ့ ရှယ်ယာဈေး ထိုးကျလာနေတာကို တွေ့ရပြီးနောက် ဆိုးရော့စ်မိသားစုပိုင် SFM အနေနဲ့Facebook ရှယ်ယာအကုန် ရောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဆိုးရော့စ်မိသားစုဟာ Facebook မှာ ရှယ်ယာပေါင်း ၁၅၉၂၀၀ ပိုင်ဆိုင်ထားတာ ဖြစ်ပြီး အောက်တိုဘာ ၁ ရက် တတိယသုံးလပတ်အကုန်မှာ ဒီရှယ်ယာအကုန် ရောင်းချခဲ့တာပါ။ Facebook ဟာ ဇူလိုင် ၂၅ ရက်နေ့အထိ ရှယ်ယာတစ်စုကို ၂၁၇.၅ ဒေါ်လာဈေးနဲ့ရောင်းချနိုင်ခဲ့ပေမယ့် နောက်ရက်ကစပြီး ၁၉% ထိ ထိုးကျခဲ့ပါတယ်။ လက်ရှိမှာ Facebook ရှယ်ယာဈေးဟာ တစ်စုကို ၁၃၄.၈၂ ဒေါ်လာထိ ကျဆင်းနေပါတယ်။

SFM အနေနဲ့အခုလို ရှယ်ယာဈေးအကျကို ကြိုတင်တွက်ချက်ပြီး ရောင်းချနိုင်ခဲ့တာကြောင့် ဒေါ်လာ ၁၇.၇ သန်း ပြန်ဖာမိသွားတယ်လို့ဆိုပါတယ်။ SFM ဟာ Netflix မှာ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာရဲ့ ၈၉ % ဖြစ်တဲ့ အစုရှယ်ယာ ၁၀၆၄၀၀ ကို ရောင်းချခဲ့တာကြောင့် လက်ရှိ NetFlix မှာ အစုရှယ်ယာ ၁၃၈၀၀ ပဲ ပိုင်ဆိုင်တော့မှာပါ။ Netflix နဲ့Goldman Sach ဘဏ်တို့ဟာ လက်ရှိမှာ ၂၉% နဲ့၁၅% အထိ ရှယ်ယာတွေ ကျဆင်းနေပါတယ်။

Facebook ဟာ အချက်အလက်များ ပေါက်ကြားမှုများ ၊ ရွေးကောက်ပွဲ ဂယက်များကြောင့် ၂၀၁၈ နှစ်ဆန်းပိုင်းကစပြီး ရှယ်ယာဈေး ထိုးကျနေခဲ့တာပါ။ ဒီအဖြစ်တွေကြောင့် ဂျော့ချ်ဆိုးရော့စ်အပါအဝင် Facebook မှာ ရင်းနှီးမြှပ်နှံသူတွေမှ အကြီးအကျယ်ဝေဖန်ခဲ့ပါတယ်။ Facebook ဟာ ဆိုးရော့စ်ရဲ့ ကုမ္ပဏီပေါ် ဝေဖန်မှုတွေ လျော့ကျစေဖို့အတွက် PR firm တစ်ခု ငှားပြီး ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။

000_13X5IP-640x400.jpg

Photo: The Times of Israel

 

ကုမ္ပဏီပိုင် ရှယ်ယာဈေးထိုးကျပြီးနောက် ရင်းနှီးမြှပ်နှံသူများဟာ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်နဲ့ရှာလီဆန်းဒဘာ့ဂ်တို့ကို ရာထူးက ဆင်းပေးဖို့ဖိအားပေးနေကြပါတယ်။


က္က