ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအစီအစဉ်ကို အရှိန်မြှင့်ပေးသွားမှာပါ
Nyein Min Wai

ကွန်ရက်ချိတ်ဆက်ရေး ၊ ဆိုက်ဘာလုံခြုံရေးများ ပါဝင်တဲ့ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းဖို့အတွက် Cisco နဲ့Ooredoo တို့နည်းဗျူဟာပိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

Ooredoo-CISCO MOU.JPG

Photo: Ooredoo

 

Cisco နဲ့Ooredoo တို့ဟာ ကွန်ရက်ချိတ်ဆက်မှုပိုင်း ၊ နည်းပညာပိုင်း ပေါင်းစည်းဆောင်ရွက်မှု ၊ ဆိုက်ဘာလုံခြုံရေးနဲ့လူ့စွမ်းအား အရင်းအမြစ်ပိုင်းTraining ကဏ္ဍများမှာ ပူးပေါင်းသွားဖို့သဘောတူညီထားတာပါ။ ဒီပူးပေါင်းမှုဟာ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း အစီအစဉ်ကို မြှင့်တင်ပေးမယ့် အစီအစဉ်တစ်ခု ဖြစ်တယ်လို့လည်း Cisco အရှေ့တောင်အာရှ ဥက္ကဌ မစ္စတာ Naveen Menon က ဆိုပါတယ်။

"မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ပြောင်းလဲဖော်ဆောင်မှုရဲ့ ထိပ်တန်းက ရှိနေပါတယ်။ နည်းပညာကို အသုံးပြုပြီး   ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းနှင့် ပူပေါင်းဆောင်ရွက်နိုင်စွမ်းတွေက စီးပွားရေးပုံစံသစ်တွေကို ဖန်တီးပေးနိုင်မှာ ဖြစ်လို့ မြန်မာနိုင်ငံတစ်ဝှမ်း စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်စေမှာပါ။ "လို့ပြောပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုကနေ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍရှိ ဒေသတွင်း ကျွမ်းကျင်လုပ်သားအင်အားစုများမှာ မွေးထုတ်ပေးနိုင်မယ်လို့ဆိုပါတယ်။


က္က