Facebook ကို တရားစွဲခဲ့တဲ့ ကုမ္ပဏီကနေ တောင်းမှာပါ
Nyein Min Wai

Cambridge Analytica အချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံဟာ Facebook ကုမ္ပဏီအတွက် ထမင်းလုံးတစ္ဆေလို ဆက်တိုက်ခြောက်လှန့်နေပါတယ်။

GettyImages-935591172-1-e1525288654299.jpg

Photo: politico

 

ယူကေပါလီမန်အမတ်တွေဟာ Facebook ကုမ္ပဏီရဲ့ CEO ကို နိုဝင်ဘာလကုန်ပိုင်းမှာ စုံစမ်းမေးမြန်းဖို့ဆင့်ခေါ်ခဲ့ပေမယ့် မတ်ခ်ဇူကာဘတ်ခ်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ သြစတြေးလျ ၊ အာဂျင်တီးနား ၊ အိုင်ယာလန် နဲ့ကနေဒါမှ ဥပဒေပြုအမတ်တွေဟာ ယူကေပါလီမန်ကို လာပြီး သတင်းအမှားနဲ့သတင်းတုများအကြောင်း စုံစမ်းဖို့ဇူကာဘတ်ခ်ကို ဆင့်ခေါ်ခဲ့တာပါ။

မတ်ခ်ဇူကာဘတ်ခ်မှ ဆင့်ခေါ်မှုကို ငြင်းဆန်ပြီးနောက် ဒီဂျစ်တယ်ယဉ်ကျေးမှု ၊ မီဒီယာနဲ့အားကစားရေးရာ ကော်မတီ (DCMS) ရဲ့ သဘာပတိ ဒါမီယန်ကောလင်းက ထူးခြားတဲ့ ဖိအားပေးမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒါကတော့ Facebook ရဲ့ မူနဲ့မကိုက်လို့ဖြုတ်ချခံလိုက်ရတဲ့ Six4Three ကုမ္ပဏီရဲ့ CEO တက်ဒ်ကရာမာကို Facebook ရဲ့ အတွင်းရေး အချက်အလက် မှတ်တမ်းတွေ ပေးဖို့တောင်းခဲ့တာပါ။

Six4Three ဟာ Facebook မှာ ကိုယ့်သူငယ်ချင်းတွေရဲ့ ပုံတွေကို ဘီကီနီဝတ်ထားတဲ့ ပုံတွေအနေနဲ့ရှာလို့ရတဲ့ Pinkini ဆိုတဲ့ app ကို ရေးခဲ့တာကြောင့် Facebook ကနေ ဖယ်ရှားခဲ့လိုက်ရတဲ့ app တစ်ခုလည်း ဖြစ်ပါတယ်။ Facebook ကနေ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုစံနဲ့မကိုက်လို့ Pinkini ကို ဖြုတ်ချလိုက်ပြီးတဲ့ နောက်မှာ Six4Three ဟာ API အသုံးပြုမှုနဲ့Facebook ကို တရားစွဲခဲ့ပါတယ်။

ဒီတရားရင်ဆိုင်မှုကနေ အမြတ်ထွက်တာကတော့ Six4Three ဟာ Facebook ဆီကနေ အရေးပါတဲ့ အတွင်းရေး အထောက်အထားတွေ ရသွားခဲ့တာပါ။ လောလောဆယ်မှာ Six4Three တည်ထောင်သူရဲ့ လက်တော့ထဲမှာ ဒီစာရွက်စာတမ်းတွေရှိနေတယ်လို့ဆိုပါတယ်။

ကရာမာဟာ အလုပ်ကိစ္စနဲ့လန်ဒန်မှာ ရှိနေပြီး သူ့လတ်ပ်တော့ထဲမှာ Cambridge Analytical ဖြစ်ရပ်နဲ့ဆက်စပ်တဲ့ Facebook ရဲ့ ဆုံးဖြတ်ချက် အသေးစိတ်တွေ ၊ အမှုဆောင်တွေနဲ့မတ်ခ်ဇူကာဘတ်ခအကြား အပြန်အလှန်ပေးပို့တဲ့ အီးမေးလ်တွေလည်း ပါဝင်နေပါတယ်။

Facebook CEO ဇူကာဘတ်ခ်ဟာ Cambridge Analytica ကြောင့် နှစ်ဆန်းပိုင်းကစပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ စစ်ဆေးကြားနာမှု တက်ရောက်ခဲ့ရသလို ဥရောပပါလီမန်မှာလည်း အလားတူ သက်သေခံခဲ့ရပါတယ်။ နိုင်ငံ ၅ နိုင်ငံက ပါလီမန်အမတ်တွေ ပါဝင်တဲ့ ယူကေပါလီမန်ဟာ သူတို့ကိုယ်စားပြုတဲ့ နိုင်ငံမှ Facebook သုံးစွဲသူ သန်း ၁၇၀ အတွက် မှန်ကန်တဲ့ အရာတွေ လုပ်ဖို့ဇူကာဘတ်ကို တိုက်တွန်းထားပါတယ်။

[No available link text] 

ယူကေပါလီမန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း Facebook ကို ဒဏ်ကြေး ပေါင် ၅ သိန်း ဒဏ်တပ်ခဲ့ပါတယ်။ Facebook ကလည်း ပြီးခဲ့တဲ့ အပတ်ကပဲ ယူကေဂျာနယ်လစ် ၈၀ ခန့်ကို နှစ်နှစ်တာ လေ့ကျင့်ပေးမယ့် Community News Project အတွက် ပေါင် ၄.၅ သန်း ရန်ပုံငွေစိုက်ထူပေးထားပါတယ်။


က္က