CGU 2018 မှာ ဝင်ပြိုင်နိုင်မှာပါ
Nyein Min Wai

ဆုကြေးငွေ သိန်း ၈၀ အထိ ပေးသွားမယ့် ပြည်တွင်းရဲ့ ပထမဆုံး PUBG eSport ဂိမ်းပြိုင်ပွဲတစ်ရပ်ကို လာမယ့် ဒီဇင်ဘာ ၁ ရက်နဲ့၂ ရက်ကနေ စတင် ကျင်းပသွားမယ်လို့ဆိုပါတယ်။

46506000_1584311858335854_5683891090243977216_n.jpg

Photo: Tech Ace Computer, Gaming PC & Gears

 

Geforce Cup Myanmar နာမည်နဲ့ကျင်းပသွားမယ့် ဒီပြိုင်ပွဲဟာ နိုင်ငံတကာ PUBG eSport Tournament အဆင့်ကို တက်လှမ်းနိုင်မယ့် ပွဲတစ်ပွဲဖြစ်ပြီး NVIDIA GeForce Myanmar နဲ့Colourful Technology တို့မှ ပူးပေါင်းကျင်းပသွားမှာပါ။ အွန်လိုင်း Group ဖြတ်ကျော်အဆင့်ကို ဒီဇင်ဘာ၁-၂ ရက် နဲ့Main Event ကို ဒီဇင်ဘာ ၈-၉ ရက်များမှာ ယှဉ်ပြိုင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။

ပြိုင်ပွဲဝင်များဟာ အသက် ၁၆ နှစ်နဲ့အထက်မှာ ရှိရမှာ ဖြစ်ပြီး https://www.facebook.com/gmalivestreamfota2/ ရဲ့ message box မှာ ကိုယ့်အသင်းရဲ့ clan name ၊ In Game name နဲ့ပလေယာအိုင်ဒီ ၊ အသင်းသားတွေရဲ့ နာမည်အပြည့်အစုံနဲ့register လုပ်ရမှာပါ။

ဆုကြေးအနေနဲ့ပထမဆုရ အသင်းကို ငွေကျပ် ၆ သိန်း ၊ အသင်းသားတစ်ဦးချင်းစီကို Colorful iGame GTX 1060 Vulcan U 6gb (တန်ဖိုး ၅၀၀၀၀၀ ကျပ်ရှိ) တစ်ကဒ်စီ နဲ့Tech Ace ရဲ့ ၁ သိန်းတန် Gift voucher တစ်ခုစီ ချီးမြှင့်သွားမှာပါ။ ဒုတိယနဲ့တတိယဆုရ အသင်းတွေကို ငွေကျပ် ၃ သိန်း ၊ Tech Ace ငါးသောင်းတန် gift voucher နဲ့ငွေကျပ် ၁ သိန်းခွဲ ၊ Tech Ace ၂ သောင်းခွဲတန် Gift Voucher တို့ကို ပေးအပ်သွားမယ်လို့ဆိုပါတယ်။

CGU-APAC-2017-b.jpg

Photo: FunkyKit

 

Geforce Gup Myanmar မှာ ပထမဆုရရှိတဲ့ အသင်းဟာ တရုတ်မှာ ကျင်းပတဲ့ Colourful Gaming Union (CGU)  မှာ စရိတ်ငြိမ်း သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ CGU မှာတော့ ထိုင်း ၊ ဖိလစ်ပိုုင် ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ မလေးရှားနဲ့စကာၤပူတို့မှ နိုင်ငံကိုယ်စားပြု PUBG pros တွေနဲ့တွေ့ဆုံမှာ ဖြစ်ပါတယ်။


က္က