ဒေါ်လာ သိန်းနဲ့ချီတန်တဲ့ ခရီးစဉ်ပါ
Nyein Min Wai

Tesla ကားကုမ္ပဏီနဲ့SpaceX အာကာသကုမ္ပဏီ တည်ထောင်ထားတဲ့ အီလွန်မတ်စ်ကတော့ သူဟာ အင်္ဂါဂြိုလ်ပေါ် ပြောင်းရွှေ့နေထိုင်ဖို့၇၀% အခွင့်အရေး ရှိတယ်လို့ယုံကြည်နေပါတယ်။

Screen_20Shot_202016-09-27_20at_203.39.36_20PM.0.png

Photo: VoX

 

အသက် ၄၇ နှစ်အရွယ် မတ်စ်ဟာ Axios  နဲ့မေးမြန်းခန်းတစ်ခုမှာ အခုလို ဖြေကြားခဲ့တာပါ။ဂြိုလ်နီကြီးလို့လူသိများတဲ့ အင်္ဂါဂြိုလ်ပေါ်က လေထုဟာ ပါးလွှာလွန်းလို့လူတွေ အသက်ရှင်ဖို့မဖြစ်နိုင်သလောက် ခက်ခဲနေပါတယ်။ ဒါကြောင့် အင်္ဂါဂြိုလ်ကို သွားချင်တာဟာ စတန့်ထွင်တာလားလို့မေးကြပါတယ်။

"သွားဖို့က ခက်ခဲပါတယ်။ သေဖို့က များပါတယ်။ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ပြီဆိုရင်တော့ နေဖို့စခန်းကို မနားတမ်းဆောက်နေရမှာပါ။ အဲဒီကနေ ကမ္ဘာကို ပြန်လာနိုင်မယ်လို့ကျွန်တော်တို့ထင်ထားပေမယ့် မသေချာပါဘူး။ ဒါဆိုရင်လူချမ်းသာတွေ အပျော်ထွက်ဖို့ဆိုတာ ဖြစ်ပါ့မလား" လို့သူက ဆိုပါတယ်။

မတ်စ်ဟာ အာကာသခရီးထွက်တာကို ဧဝရတ်တောင်တက်သူတွေနဲ့နှိုင်းယှဉ်ပြပါတယ်။ တောင်တက်တာဟာ ပျော်စရာ ဇိမ်ခံစရာမဟုတ်ပေမယ့် စွန့်စားခန်းတစ်ခုလို စိန်ခေါ်မှုတစ်ရပ်လို ကြိုက်သူတွေရှိလာမယ်လို့ဆိုပါတယ်။ စရိတ်စကအနေနဲ့လည်း အင်္ဂါဂြိုလ်သွားဖို့ဟာ ဒေါ်လာ သိန်းဂဏန်းကုန်မှာ ဖြစ်လို့ဧဝရတ်တောင်တက် ခရီးထက် ၄ ဆ ကနေ ၅ ဆထိ ပိုပြီး ကုန်ကျမှာပါ။

အီလွန်မတ်စ်ပိုင် SpaceX ကုမ္ပဏီဟာ ကမ္ဘာနဲ့အာကာသ အပြန်အလှန် လွန်းထိုး သွားလာမယ့် Big Falcon Rocket ယာဉ်တည်ဆောက်ထားပါတယ်။ ဒီယာဉ်အတွက် ပထမဆုံး စာရင်းပေးထားတဲ့ ခရီးသည်ကတော့ ဂျပန်မှ အွန်လိုင်းဖက်ရှင်သူဌေး ယူဆာကာ မာအီဇာဝါဖြစ်ပြီး ၂၀၂၃ မှာ လကမ္ဘာကို BFR နဲ့သွားမှာပါ။

 

သေဘေးနီးတဲ့ အင်္ဂါဂြိုလ်ခရီးစဉ်မှာတော့ မတ်စ်ဟာ သွားဖြစ်ဖို့ရာခိုင်နှုန်းများနေပေမယ့် နောက် ၇ နှစ်လောက်နေမှ အင်္ဂါဂြိုလ်ခရီးစဉ်က အကောင်အထည်ပေါ်ဖို့ရှိပါတယ်။


က္က