ဒေါ်လာ ၈ သန်းတန် ဂြိုလ်တုပါ
Nyein Min Wai

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားဟာ လာမယ့်နှစ်မှာ နိုင်ငံရဲ့ ပထမဆုံး ဂြိုလ်တုကို တရုတ်ရဲ့ အကူအညီနဲ့အာကာသထဲ လွှင့်တင်တော့မယ်လို့ဆိုပါတယ်။

Sattellite-2.jpg

Photo: afro105fm

အီသီယိုးပီးယား အာကာသသိပ္ပံနဲ့နည်းပညာအင်စတီကျူ့စ် (ESSTI) နဲ့Addis Ababa တက္ကသိုလ်ရဲ့ အဆိုအရ ဒီဂြိုလ်တုကို ၂၀၁၉ စက်တင်ဘာလထဲမှာ တရုတ်နိုင်ငံကနေ လွှင့်တင်ပေးသွားမယ်လို့သိရပါတယ်။ ဂြိုလ်တုလွှင့်တင်မယ့် စီမံကိန်းဟာ ESSTI တည်ထောင်မိန့်ကျတဲ့ ၂၀၁၆ ခုနှစ်ကတည်းက ကြေငြာထားတာပါ။

"တရုတ်နိုင်ငံကနေ ဂြိုလ်တုလွှင့်တင်သွားမှာပါ။ ထိန်းချုပ်အမိန့်ပေးစခန်းကတော့ အီသီယိုးပီးယားမှာပဲ ရှိနေမှာပါ" လို့ESSTI ရဲ့ အထွေထွေ ညွှန်မှူး ဒေါက်တာ ဆော်လမွန် ဘယ်လေ တက်ဆီမာက ဆိုပါတယ်။

အီသီယိုးပီးယားရဲ့ ပထမဆုံး ဂြိုလ်တု ဒီဇိုင်းနဲ့တည်ဆောာက်မှုပိုင်းအတွက် စုစုပေါင်း ဒေါ်လာ ၈ သန်း ကုန်ကျခဲ့ပြီး တရုတ်နိုင်ငံက ဒီပရောဂျက်မှာ ဒေါ်လာ ၆ သန်းနဲ့လေ့ကျင့်သင်ကြားရေးပိုင်းမှာ ပံ့ပိုးခဲ့တယ်လို့ဆိုပါတယ်။ အီသီယိုးပီးယားဟာ အာကာသသွား ဂြိုလ်တုများ တည်ဆောက်ရေးအတွက် တောင်အာဖရိက ၊ အီဂျစ် ၊ နိုင်ဂျီးရီးယား ၊ ဂါနာ ၊ အယ်လ်ဂျီးရီးယား ၊ မော်ရိုကိုနဲ့ကင်ညာစတဲ့ အာဖရိက ၇ နိုင်ငံနဲ့ပူးပေါင်းသွားဖို့လည်း စီစဉ်နေပါတယ်။

ယခုဂြိုလ်တုဟာ အီသီယိုးပီးယားနိုင်ငံရဲ့ ရာသီဥတု တိုင်းထွာစနစ်ပိုင်းကို ပိုပြီး အဆင့်မြှင့်ပေးသွားမှာပါ။ အဓိကအားဖြင့် ရေ ၊ စိုက်ပျိုးရေး ၊ ရာသီဥတုအပြောင်းအလဲ နဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ စုစည်းဖို့အသုံးပြုသွားမယ်လို့ဆိုပါတယ်။

ဂြိုလ်တုတည်ဆောက်ရေးအတွက် အီသီယိုးပီးယားမှ အင်ဂျင်နီယာ ၂၀ ပါဝင်ခဲ့သလို Addis Ababa အာကာသသိပ္ပံတက္ကသိုလ်မှ PhD နဲ့MA ကျောင်းသား ၆၀ လည်း အာကာသသိပ္ပံသုတေသနပိုင်းမှာ ပါဝင်ခဲ့ကြပါတယ်။ အီသီယိုးပီးယားနိုင်ငံဟာ အမေရိကန် ၊ ယူကေ ၊ ပြင်သစ် ၊ အီတလီ ၊ စပိန် ၊ ရုရှား ၊ တောင်ကိုရီးယားနဲ့တောင်အာဖရိက စတဲ့ နိုင်ငံများမှ အာကာသတက္ကသိုလ်များနဲ့၂၀၁၄ ခုနှစ်မှာ တံခါးဖွင့် ပူးပေါင်းမှု စတင်ခဲ့ပါတယ်။

Untitled-design-8-1-796x417 (1).png

Photo: The Next Web

 

ESSTI အနေနဲ့ယခုလို တစ်ခြားနိုင်ငံများနဲ့ပူးပေါင်းပြီး ဂြိုလ်တု တည်ဆောက်ရေးကနေ အီသီယိုးပီးယားနိုင်ငံသား အင်ဂျင်နီယာများရဲ့ စွမ်းရည် မြင့်တက်လာစေဖို့နဲ့နိုင်ငံအတွက် ရာသီဥတုအချက်အလက်တွေ စုဆောင်းရာမှာ ငွေကုန်ကြေးကျသက်သာစေဖို့ရည်မှန်းထားပါတယယ်။

 


ဆက်စပ်အကြောင်းအရာများ


က္က