တတိယအကြိမ်မြောက် e Government Conference ပွဲမှာ ပြောကြားခဲ့တာပါ
Nyein Min Wai

e Government စနစ် ဖွံ့ဖြိုးရေးကို ဆယ်စုနှစ်တစ်ခုကျော်ကြာ စတင်အကောင်အထည် ဖော်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ e Government အညွှန်းကိန်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ကထက် အနည်းငယ် မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။

20181127_083638_1280x720.jpg

Photo: Duwun Tech

 

နိုဝင်ဘာ ၂၇ ရက်နေ့က နေပြည်တော် MICC - 2 မှာ ကျင်းပတဲ့ E-Government Conference & ICT Exhibition ပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ အဖွင့်အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

" မြန်မာနိုင်ငံရဲ့ e Government အညွှန်းကိန်းကို ကြည့်ရင် ၂၀၁၆ ခုနှစ်တုန်းက နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ အဆင့် ၁၆၉ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အဆင့် ၁၅၇ ကို တိုးတက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။" လို့ဒု-သမ္မတက  ဦးမြင့်ဆွေက ပြောပါတယ်။

e Government ဟာ နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုကို တိုင်းတာနိုင်တဲ့ development indicator တစ်ခုလည်း ဖြစ်တယ်လို့ဒု-သမ္မတက ဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့ကုလသမဂ္ဂဟာ ဖွံ့ဖြိုးမှု အညွှန်းကိန်း ၃ ခု ဖြစ်တဲ့ အွန်လိုင်း ဝန်ဆောင်မှုများ အညွှန်းကိန်း ၊ တယ်လီကွန်း ဆက်သွယ်ရေး အညွန်းကိန်းနဲ့လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတွေနဲ့တိုင်းတာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒု-သမ္မတရဲ့ မိန့်ခွန်းအပြီး ဒီဂျစ်တယ်မြန်မာသို့လမ်းစဉ်” ခေါင်းစဉ်နဲ့အရေးကြီးပုဂ္ဂိုလ်များ စကားဝိုင်းမှာတော့ e Government လုပ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် တဖြည်းဖြည်း တိုးတိုး မလာဘဲ လျော့လျော့ပြီးသွားတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယကကြီး ဦးသိန်းဦးက သုံးသပ်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့e Government  လုပ်တာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။  သို့သော်လည်း တဖြည်းဖြည်း တိုးတိုးမလာဘဲနဲ့လျော့လျော့ပြီးသွားတယ်ဆိုတာ အားလုံးလည်း သိပြီးသားပဲ။ e Government အညွှန်းမှာ ၁၂ ဆင့်တော့ တက်လာတယ်လို့ပြောတယ်။ ဒါပေမယ့် Be Careful နော်"

20181127_083623_1280x720.jpg

Photo: Duwun Tech

 

ယခု နေပြည်တော်မှာ ကျင်းပနေတဲ့ e Government ပွဲမှာ မန္တလေးကွန်ပျူူတာတက္ကသိုလ်မှ မျက်နှာပြင်ဖတ်နည်းပညာသုံး အဝတ်လျှော်စက် ၊ ကင်မရာကနေ လူ့ခန္ဓာက်ုယ် လှုပ်ရှားမှု သရုပ်ပြစနစ်များ ၊ ဝန်ကြီးဌာနအသီးသီးမှ e Government ဆိုင်ရာ ပရောဂျက်များ ၊ အိုင်တီကုမ္ပဏီ အသီးသီးမှ အက်ပလီကေးရှင်းများ ၊ cloud service များ ၊ ကွန်ရက်နဲ့IT Solutions များ အပါအဝင် ပြခန်းပေါင်း ၈၀ ကျော် ပါဝင်ပြသခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က