loading...

loading...

loading...

Huawei ကတော့ ပူးပေါင်း အဖြေရှာသွားမယ်လို့ဆိုပါတယ်။
Nyein Min Wai

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဆီက ကွန်ရက်ပစ္စည်းတွေ မှာဖို့ပြင်နေတဲ့ နယူးဇီလန်ကုမ္ပဏီတစ်ခုကို အစိုးရမှ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

10563884-3x2-700x467.jpg

Photo: ABC

 

နယူးဇီလန်မှ Spark တယ်လီကွန်းကုမ္ပဏီဟာ 5G မိုဘိုင်းကွန်ရက်အတွက် Huawei ထုတ် ပစ္စည်းတွေ ဝယ်ဖို့စီစဉ်ခဲ့ပေမယ့် နိုင်ငံရဲ့ အစိုးရဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးဗြူရို (GCSB) ရဲ့ ဟန့်တားချက်ကို လက်ခံပြီး ရုပ်သိမ်းလိုက်တာပါ။

"အထွေထွေညွှန်မှူးက ဒီနေ့ပဲ Spark ကနေ စီစဉ်ထားတဲ့ 5G Radio Access Network မှာ Huawei ပစ္စည်းတွေ သုံးဖို့အဆိုပြုလာကို အသိပေးပါတယ်။ တကယ်လို့ဝယ်ဖြစ်ရင် နိုင်ငံရဲ့ လုံခြုံရေး အန္တရာယ် စိတ်ပူစရာတွေ ရှိမယ်လို့လည်း ပြောပါတယ်။" လို့Spark က ထုတ်ပြန်ပါတယ်။ "ဆိုလိုတာက Spark အနေနဲ့ကုမ္ပဏီရဲ့ 5G ကွန်ရက်မှာ Huawei ထုတ်တွေ သုံးဖို့အစီအစဉ်ကို နောက်ဆုတ်ရမှာပါ"

GCSB အထွေထွေ ညွှန်ကြားရေးမှူး အန်ဒရူး ဟမ်ပတန်ကတော့ ဒီဆုံးဖြတ်ချက်ဟာ တယ်လီကွန်းကြားဖြတ်နိုင်စွမ်းနဲ့လုံခြုံရေးအက်ပဥပဒေ (TICSA) အတိုင်း ဆုံးဖြတ်တာလို့ဆိုပါတယ်။

Huawei ဘက်မှ ထုတ်ပြန်ရာမှာ "GCSB က ပြောသလို ဒါဟာ သောင်မတင် ရေမကျ ongoing process တစ်ခုပါ။ ကျွန်တော်တို့ဘက်ကတော့ ဘယ်လို စိုးရိမ်မှုမျိုးကိုမဆို တက်တက်ကြွကြွ ဖြေရှင်းပြီး ရှေ့ဆက် နည်းလမ်းတစ်ခုကို အတူတကွ ရှာဖွေမှာပါ" လို့ဖော်ပြထားပါတယ်။

ကမ္ဘာနဲ့အဝှမ်းက နိုင်ငံတွေဟာ မျိုးဆက်သစ်ကွန်ရက်နည်းပညာ ဖြစ်တဲ့ 5G ကိုသွားဖို့အတွက် 5G ကွန်ရက်အခြေခံအဆောက်ဦးတွေ ဆောက်လုပ်နေကြတာပါ။ နယူးဇီလန်မှာလည်း 5G အခြေခံ မိုဘိုင်း infrastructure တွေကို တည်ဆောက်ဖို့Spark ဟာ Huawei ကို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ US နဲ့ယူကေတို့ဟာ Huawei ထုတ် တယ်လီကွန်းပစ္စည်းတွေ မသုံးဖို့လှုံ့ဆော်နေသလို ဂျပန် ၊ တောင်ကိုရီးယားနဲ့ဂျာမဏီတို့မှာလည်း Huawei ကုမ္ပဏီဟာ စုံစမ်းစစ်ဆေးခံနေရပါတယ်။

image.jpg

Photo: Ctv News

 

မကြာသေးမီက သြစတြေးလျနိုင်ငံမှ အစိုးရအဖွဲ့များဟာ နိုုင်ငံ့ဆက်သွယ်ရေး လုံခြုံမှုစိုးရိမ်ချက်နဲ့Huawei နဲ့ZTE တို့ကို ပိတ်ပင်တားမြစ်ထားပါတယ်။ တစ်ဘက်မှာလည်း ပါပူဝါနယူးဂီနီယာ နိုင်ငံကတော့ နိုင်ငံရဲ့ အင်တာနက် အခြေခံအဆောက်အဦပိုင်းတွေ တည်ဆောက်ဖို့Huawei နဲ့သဘောတူညီချက် ရှိထားတယ်လို့ကြေငြာထားပါတယ်။


loading...

က္က