ဒီဇင်ဘာ ၅ ရက်နေ့ကြားနာမှာပါ
Nyein Min Wai

တရုတ်မှာ search engine တစ်ခု ဖြန့်ချိမယ့် Dragonfly ပရောဂျက်အပါအဝင် နိုင်ငံရေးဘက်လိုက်မှုပေါ် Google ကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ကုမ္ပဏီရဲ့ CEO ဆွန်ဒါပီချိုင်းကို စစ်ဆေးကြားနာတော့မှာပါ။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F846972%2F85df8d94-78bc-46bd-9540-f0e1199595e9.jpg

Photo: Mashable

 

ဒီဇင်ဘာ ၅ ရက်နေ့တရားရေးကော်မတီမှာ ကြားနာရမှာ ဖြစ်ပြီး ဆွန်ဒါပီချိုင်းအနေနဲ့လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရတော့မှာ ဖြစ်ပါတယ်။ ကွန်ဂရက်ဟာ Google ပေါ်မှာ ရှာဖွေတဲ့ search result မှာ ဒီမိုကရက်တွေကို ဦးစားပေး ဖော်ပြပြီး သမ္မတထရမ့်လို ရီပတ်ဘလစ်ကန်တွေရဲ့ ကောင်းသတင်းကို ဖုံးဖိထားတယ်ဆိုတဲ့အပေါ် မေးခွန်းထုတ်မှာပါ။

နောက်ထပ် ဆွန်ဒါပီချိုင်းကို မေးမယ့်အကြောင်းအရာကတော့ တရုတ်ဈေးကွက်မှာ Dragonfly နာမည်နဲ့search enging သစ် ဖွင့်မယ့်အကြောင်း ဖြစ်ပါတယ်။ Google ဟာ အင်တာနက်ဆင်ဆာ တင်းကြပ်လွန်းတဲ့ တရုတ်နိုင်ငံအတွက် သီးသန့်ပြုပြင်ထားတဲ့ search engine တစ်မျိုးကို မိတ်ဆက်သွားမယ်လို့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထောင်နဲ့ချီတဲ့ Google ဝန်ထမ်းတွေရဲ့ ကန့်ကွက်မှုလည်း ရှိထားတာပါ။

နိုင်ငံရေး ဘက်လိုက်မှုနဲ့ပတ်သက်ပြီး သမ္မတထရမ့်မှ Google ကို ပထမဆုံး စွပ်စွဲမှု ပြုလုပ်ခဲ့ပါတယ်။ သမာသမတ် မကျတဲ့ သတင်းတွေကို ဦးစားပေး ဖော်ပြပြီး ဘက်လိုက်ကြောင်း Google ရဲ့ search engine စနစ်ကို သမ္မတ ဒေါ်နယ်ထရမ့် စွပ်စွဲခဲ့မှုကြောင့် အခုလို ကြားနာမှု ဖြစ်ပေါ်လာတာပါ။

သမ္မတထရမ့်မှ Google search ရလဒ်တွေမှာ Trump News လို့ရှာလိုက်ရင် ၉၆% က တမင်ရည်ရွယ်ကြံစည်ပြီး မကောင်းတဲ့ သတင်းတွေပဲ ဦးစားပေး ဖော်ပြထားတာ တွေ့ရတယ်လို့သမ္မတအိမ်တော် ဘဲဥပုံရုံးခန်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Russian-Trump-Supporter-Hacks-Google-Analytics.jpg

Photo: hatfish

 

ဒီမိုကရက်တစ်တွေဘက်ကတော့ သမ္မတအနေနဲ့Google ပေါ် ပိတ်ပင်မှုတွေ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်မယ်လို့တုန့်ပြန်မှုတွေရှိပါတယ်။ ထရမ့်ဟာ Google အပြင် Facebook နဲ့Twitterတို့အပေါ်လည်း စွပ်စွဲပြစ်တင်ထားပါတယ်။


က္က