အရင်နှစ်ကလည်း ဟိုတယ်လုပ်ငန်းစုတွေ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပါတယ်။

Marriott လုပ်ငန်းစုပိုင် Starwood ဟိုတယ်ရဲ့ database ပေါက်ကြားပြီး လူပေါင်း သန်း၅၀၀ ခန့်ရဲ့ အချက်အလက်များ အခိုးခံလိုက်ရတယ်လို့ဆိုပါတယ်။

6511035242324_4973765035625.jpg

Photo: MyJoyOnline.com

 

ဒီဆိုက်ဘာတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ ဟက်ကာတွေဟာ ၂၀၁၄ ခုနှစ်ကတည်းက Starwood ဟိုတယ်ရဲ့ ဧည့်လက်ခံတဲ့ database ထဲ ဝင်ပြီး အချက်အလက်တွေ ရယူခဲ့တာပါ။ အချက်အလက်ပါသွားတဲ့ ဧည့်သည်တွေထဲက ၃၂၇ သန်းဟာ နာမည် ၊ အီးမေးလ် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ ၊ ပတ်စပို့နံပါတ် ၊ မွေးနေ့နဲ့တစ်ခြား အချက်အလက်တွေပါ အခိုးခံလိုက်ရတာ ဖြစ်ပါတယ်။

တစ်ချို့ဧည့်သည်တွေမှာတော့ credit card နံပါတ်နဲ့သက်တမ်းကုန်မယ့်ရက်တွေပါ ပါဝင်ခဲ့ပေမယ့် ဒီကဒ်တွေထဲ ဝင်နိုင်မယ့် encryption keyပါ အခိုးခံရမရကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီအနေနဲ့စက်တင်ဘာ ၈ ရက်နေ့မှာ internal security tool ရောက်လာပြီးမှ အချက်အလက် ဖောက်ထွင်းခံရတာကို သိခဲ့တာပါ။

အမည်မသိရသေးတဲ့ အဖွဲ့အစည်းတစ်ခုဟာ ဟိုတယ်ရဲ့ ဧည့်လက်ခံတဲ့ အချက်အလက်တွေကို ကူးယူပြီး encrypt ဝှက်ထားခဲ့သလို ဒီအချက်အလက်တွေကို ပြန်ဖျက်ဖို့ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာ ၁၉ ရက်မှာတော့ Marriott ဟာ Starwood ဧည့်လက်ခံ database ထဲမှာ ပါရှိတဲ့ အချက်အလက်တွေကို ပြန်ဖော်ခဲ့ပါတယ်။

Marriott International လုပ်ငန်းစုဟာ ၂၀၁၆ ခုနှစ်ထဲမှာ Starwood ကို ဒေါ်လာ ၁၂.၂ ဘီလျံဝယ်ယူခဲ့ပါတယ်။ ဒီဝယ်ယူမှုကြောင့် Marriott ဟာ ဟိုတယ်လုပ်ငန်းပေါင်း ၅၈၀၀ ကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အကြီးဆုံး hotel chain တစ်ခု ဖြစ်လာခဲ့ပါတယ်။ Starwood ပိုင် ဟိုတယ်တွေထဲမှာ W Hotels ၊ St Regis ၊ Sheraton Hotel နဲ့Resorts များ ၊ Westin Hotel နဲ့Resorts လုပ်ငန်းစုများ ပါဝင်နေပါတယ်။

ဒီတိုက်ခိုက်ခံရမှုကြောင့် Marriott ရဲ့ ရှယ်ယာတန်ဖိုးဟာ ၆% နီးပါး ကျဆင်းသွားခဲ့သလို ဒေါ်လာသန်း ရာနဲ့ချီပြီး တရားစွဲခံရဖို့ရှိပါတယ်။ ကုမ္ပဏီကတော့ ဒီတိုက်ခိုက်မှုဟာ ရေရှည် ကုမ္ပဏီရဲ့ ဘဏ္ဍာရေးပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Marriott ဟာ ဒီဆိုက်ဘာတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးဖို့အာဏာပိုင်များနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

Photo: new indian express

 

ဟက်ကာတွေဟာ ဟိုတယ်တွေဆီ လာတည်းတဲ့ ဧည့်သည်တွေရဲ့ credit card အချက်အလက်တွေလိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေ ခိုးဖို့ပစ်မှတ်ထားလာတာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း InterContinental Hotel လုပ်ငန်းစုနဲ့Hyatt Hotels တို့ဟာလည်း ဆိုက်ဘာတိုက်ခိုက်မှု ကြုံခဲ့ရပါတယ်။ Hyatt ဟာ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကုမ္ပဏီပိုင် ဟိုတယ် ၄၁ ခုမှာ ငွေပေးကဒ်အချက်အလက်များ အခိုးခံလိုက်ရတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က